ကြော်ငြာကောင်းက ဆေးရောင်းရ၏

မပြုံးခဲ့သူတွေက ပြုံးရယ်ပြကြမည်
အကောင်းမပြောခဲ့ဘူးသူတွေက အကောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောလာကြမည်
စားခဲ့ဝါးခဲ့သူတွေက လှူဒါန်းပေးကမ်းစွန့်ကြဲလာကြမည်
မိုက်ဇရှိသူတွေက မိုက်ပြကြမည်
မပြောဘဲ လူမသိအောင်လုပ်ကြမည်
သည်းခြေကြိုက် စလိုဂင်တွေ ဖတ်ရမည်
ဒီဇိုင်းအမိုက်စားတွေ မြင်ရမည်
အဝတ်အစားအပျံစားတွေ တွေ့ရမည်
ကြော်ငြာကောင်းလျှင် ဆေးရောင်းကောင်း၏
တချို့နေရာတွေမှာသာ ဖြစ်နိုင်၏

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး