Long Tongue လျှာခေတ်

တကို မလိုအပ်ပဲ စသတ်တာ မမှန်၊ မှား၊ လျှာရှည်တာ။

ဟုတ်ကဲ့ပါ ။ မှတ်ထားပါ့မယ် ဆရာ

စာမေးပွဲမှာတော့ အမှန်အတိုင်း မရေးနဲ့။ ရုံးတွေမှာလည်း အမှန်အတိုင်း မရေးနဲ့။ ဘဏ်မှာလည်း အမှန်အတိုင်း မရေးနဲ့။ ကျောင်းသူကျောင်းသားတွေကိုလည်း အမှန်အတိုင်း မသင်နဲ့။ လွှတ်တော်ဥပဒေပြုရာမှာလည်း အမှန်အတိုင်း မရေးနဲ့။

စာရေးတာ လျှာရှည်ရေးရင်တော့ စာမေးပွဲ အောင်မယ်။ ရာထူး တက်မယ်။ စာပေဆုရမယ်။

ဆိုရှယ်မီဒီယာမှာတော့ လိုတာတွေထည့်မရေးတဲ့ခေတ်။ ပ နဲ့ ဖ မှာ ရရစ်မပါစေနဲ့။ တွေ မှာ ဝဆွဲမပါနဲ့။ မှာ ရေးတာ ဟထိုးမထည့်ရတဲ့။ လိုက်ခ် များများရမယ်။

မလိုတဲ့ အောက်မြစ်ထည့်ရေး။ မြန်မာစာမှာမရှိတဲ့ P ထည့်ရေး။ ဖူးလ်စတော့ ထည့်ရေးတဲ့။ လူအထင်ကြီးခံရမယ်။

ရချင်တာကို ကချင်တယ်လို့ရေး။ ပန်တျာကျောင်းဆင်းမှန်းသိလို့ ပွဲငှားသူများတယ်။

ဆရာဝန်ဆီအဲလိုတွေရေးတော့ မဖတ်တတ်။ မြန်မာစာ အတော်ညံ့တဲ့ဆရာဝန်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး