မဟာရာဇဝင်ကြီး

မင်္ဂလာပါဆရာ ကျွန်တော် မြန်မာစာဌာန ဒုတိယနှစ်ကျောင်းသားပါခင်ဗျ။ သိချင်တာလေး တခုလောက် မေးပါရစေဆရာ။ ပုဂံရာဇဝင်နဲ့ ပတ်သက်ပြီး တချို့စာအုပ်မှာ အနော်ရထာမင်းက သထုံပြည်ကို တိုက်ပြီး သိမ်းယူခဲ့တယ်လို့ ရေးထားတာ ဖတ်ရပါတယ်ဆရာ။ အချို့စာအုပ်တွေမှာတော့ သထုံကို ရန်သူ ခမာတွေက တိုက်နေတဲ့အချိန် အနော်ရထာမင်းက သထုံပြည်ဘက်ကနေ  စစ်ကူပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ ဖတ်ရပါတယ်ဆရာ။ အဲ့ဒီ အကြောင်းအရာ နှစ်ခုထဲက ဘယ်ရာဇဝင်က အမှန်ဖြစ်ပါသလဲ ခင်ဗျ။

ပုဂံရာဇဝင် တုတ်ထမ်းပြောဆိုတာ အခုထိ မှန်သေးတယ်။ ရာဇဝင် သမိုင်းစာအုပ်တွေက အမျိုးမျိုး။ အနော်ရထာနဲ့ သထုံအကြောင်း ဦးကုလားရေးတဲ့ မဟာရာဇဝင်ကြီး (ဦးဖေမောင်တင် တည်းပြဋ် ၁၉၆၀ ထုတ်) မှာတော့ ပိဋကတ်တော် တောင်းတာ မပေးလို့ စိတ်ဆိုးပြီး သွားတိုက်တယ်လို့ ရေးတယ်။

သမိုင်းကို စုံလင်အောင် ဖတ်ရတယ်။ သမိုင်းမှာ အထောက်အထားခိုင်မာမှုတွေ လိုက်ရှာနေကြရတယ်။ နောက်ထုတ်က ပိုပြီး အမှန်နဲ့ နီးစပ်လာတယ်။ အဲတာမှာလည်း ဘယ်ပုဂ္ဂိုလ်ကရေးသားပြုစုသလဲတော့ ကြည့်ရမယ်။ တချို့ သမိုင်းဆရာတွေက လိုသလိုရေးတာလည်း ခုခေတ်မှာရှိတယ်။

ကျွန်တော်က အမှန် အမှား ဆုံးဖြတ်နိုင်သူ မဟုတ်ပါ။ ဆေးပညာမှာ သစ်လေ မှန်လေ။ နောက်ပြန်ထုတ်စာအုပ်တွေ မှားတာကတော့ မြန်မာစာ။ အဲဒါတော့ မှားမှန်း သိတယ်။ (မေးခွန်းပါသတ်ပုံတချို့ကို ပြင်လိုက်တယ်။ ဆောရီး။ ကျောင်းမှာတော့ အမှန်အတိုင်း မရေးလေနဲ့။)

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး