စိတ် နဲ့ ဆိတ် သတ်ပုံ မှားနေ

မဲစာရင်းကာတွန်းအောက်မှာ ကွန်မင့်တခုက သွားကိုမကြည့်တာ ဆိတ်ကိုဝင်မစားတာ တဲ့။ စိတ် နဲ့ ဆိတ် သတ်ပုံ မှားနေတယ်။ ဆိတ်ကအခင်းထဲ ဝင်မစားတဲ့သဘောဖြစ်နေတယ်။ မ နေရာအထား လွဲသေးတယ်။ စိတ်မဝင်စားဘူး၊ စိတ်ကိုမဝင်စားလို့ ရေးသင့်တယ်။

စိတ်
စိတ္တဇ
စိတ်ကူးစိတ်သန်း
စိတ်ခွန်အား
စိတ်ချမ်းသာ
စိတ်ချုပ်တည်းပါ
စိတ်ဆင်းရဲ
စိတ်ဆတ်
စိတ်တိုင်းကျ
စိတ်ဓာတ်
စိတ်မပါ
စိတ်မဝင်စား
စိတ်မကျေပွဲ
စိတ်မနှံ့သူ
စိတ်ဖြာ
စိတ်လိုက်မာန်ပါ
စိတ်ဝမ်းနှလုံး
စိတ်သန္တာန်
စိတ်အားထက်သန်
စိတ်ဥပါဒ်
စိတ်ကျေ နပ်
စိတ်ရောဂါ
အစိတ်သား (လေးပုံတပုံ)

ဆိတ်
ဆိတ်ချို (သံနုတ်)
ဆိတ်နံပင်
ဆိတ်ဖွား
ဆိတ်ဖဲ့
ဆိတ်ငြိမ်
ဆိတ်သိုး မွေးမြူရေး
ဆိတ်သုဉ်း
ဆိတ်ချေးပင်
ဆိတ်နို့ပင်
ဆိတ်နို့မုန့်
လက်ဖြင့်ဆိတ်

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး