High Vitamin B12 ဗီတာမင် ဘီ-၁၂ များခြင်း

ဒေါက်တာရှင့် B12 ဓာတ် 9000 ရှိပြီး အဆမတန်များတဲ့သူတွေက နောက်ဆက်တွဲ ဘယ်လိုရောဂါပြသနာများ ဖြစ်နိုင်ပါသလဲရှင် အခုလောလောဆယ်တော့ အကြောတွေဆိုင်းတဲ့ဝေဒနာမျိုး ခံစားနေရပါတယ်ရှင့် သူတပါးတွဲထူပေးမှ ထနိုင်တဲ့အပြင် လမ်းလဲ ကောင်းကောင်းမလျှောက်နိုင်ပါဘူးရှင်

ဖြစ်တဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။

ဗီတာမင် ဘီ-၁၂ များခြင်းဆိုတာ လတ်တလော ဗီတာမင် ဘီ-၁၂ ဆေးထိုးလို့ သောက်လို့ဖြစ်နိုင်တယ်။ တချို့ အသဲရောဂါရှိသူတွေမှာလည်း ဘီ-၁၂ များနိုင်တယ်။ တချို့ကျောက်ကပ်ရောဂါရှိသူတွေမှာလည်း ဘီ-၁၂ များနိုင်တယ်။

B12 190 and 700 - 950 picograms per milliliter (pg/mL) normal ပုံမှန်
Below 200 pg/mL low နည်း
1500 (very high) အလွန်များ

ဘီ-၁၂ များရင်
Dizziness ခေါင်းမူး။
Headache ခေါင်းကိုက်
Anxiety စိုးရိမ်
Nausea ပျို့
Vomiting အန်ဖြစ်နိုင်တယ်။

ဖြစ်စေတဲ့အကြောင်းခံနဲ့ ပူးတွဲရောဂါရှိရင် ကုသရမယ်။ ပုံထဲက အစားအစာတွေ မတည့်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး