ရှိခိုး အလေးပြု လက်ခုပ်တီး

တမိနစ်ကို အပတ်တသောင်းကို ကာတွန်းဆရာ မောင်စိန်က ဆွဲတယ်။ ဖေ့စ်ဘွတ်ထက် နှစ်တွေ အများကြီးစောတယ်။

ကျွန်တော်က အရုပ်တွေပို့တာ အတော်ကို မကြိုက်ပါ။ အင်တာနက်လမ်းမကြီးပေါ်က ကောက်ယူလာတာတွေ။ ရှိခိုးနေတဲ့ပုံ၊ ကျေးဇူးတင်နေတဲ့ပုံ၊ အလေးပြုနေတဲ့ပုံ၊ အသဲနှလုံးထုတ်ပြနေတဲ့ပုံ၊ ရယ်နေပုံ၊ ပြုံးနေပုံ၊ သဘောကျနေပုံ။

ဆုတောင်းစာတွေကလည်း အသင့်လုပ်ထားပြီးသားတွေ။ တရားစာတွေလည်း အသင့်လုပ်ထားပြီးသားတွေ။ သတ်ပုံမှန်တာက ရှားသေး။ လက်နဲ့ စာတလုံးနှစ်လုံး မရေးအားရင် အရုပ်တွေ မပို့ပါရန်။ တမိနစ် အပတ်တသောင်း အမျိုးအစားတွေ။ ဘက်ထရီကုန်တော့ ရပ်ရော။ ကျွန်တော်က အဲလိုဟာတွေကို ဟုတ်တယ်မထင်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး