အစိမ်းလိုက်ဝါးစားခိုင်းခံထားရတာကြာပြီ

လက်ရှိအစိုးရအပေါ်အမြင်မေးလို့ တိုတိုလေးဖြေတယ်။ ပါတီချစ်မှာလား တိုင်းပြည်ချစ်မှာလားရေးတဲ့ ကွန်မင့်ကို ဖျက်လိုက်တယ်။ တိုင်းပြည်ကိုမေးရင် တိုင်းပြည်နဲ့ဆိုင်တာ ပါမယ်။

တိုင်းပြည်လို့ပြောရတာ အားပါသလိုလို။ လူမျိုးဆိုလည်း မြန်သလိုလို မာသလိုလို။ ဘာသာတရား ပြောရတာလည်း မြင့်မြတ်သလိုလို။

အဲဒီစကားလုံးတွေနဲ့ ဆွဲဆောင်ရတာ နောက်မှာ လူအလွန်ပါတယ်။ အဲဒီစကားလုံးတွေနဲ့ တဘက်သား ရှုံ့ချရတာလည်း လိုက်ခ် များတတ်တယ်။

စကားလုံးတွေကို အစိမ်းလိုက်ဝါးစားခိုင်းခံထားရတာကြာပြီ။ ရွေးကောက်ပွဲတခုလည်း နီးလာပြီကိုး။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်