မစွံတာတွေ မကိုးကားသင့်
ဘယ်လို ပြန်ပြောသင့်လဲ ဆိုတာ အကြံပေးပါဦးရှင့် ဘယ်စာအုပ်နဲ့တိုက်စစ်မှ အမှန်ဖြစ်မလဲဆိုတာ
စသတ်စရာမလိုတဲ့ တ အသုံး ၃၅၆ လုံးပို့ကို ရည်ညွှန်းရေးတင်ထားတာကို မေးတဲ့သူကပို့လို့ သိရတယ်။ အဲဒါကို ကျွန်တော်ရေးထားတာ။ ထပ်တိုးထားသေးတယ်။ စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံး။
ဖုန်းအက်ပ်တွေ မစွံပါ။ ဆောရီး ကန်တော့။ ဒေါင်းလုဒ်သတ်ပုံတွေ မစွံပါ။ ဆောရီး ကန်တော့။ ကျွန်တော် အကိုးအကားပြုတဲ့ သတ်ပုံကျမ်းတွေက များတယ်။
၁။ ကဝိလက္ခဏသတ်ပုံ (၁၂၄၃) (၁၈၈၁) ရွှေတောင်ရာဇကျော်
၂။ ရှင်ဥက္ကံသမာလာ ဝဏ္ဏဗောဓနသတ်အင်း (၁၁၄၅) (၁၇၈၃) (၁၉၆၁)
၃။ ဦးသာမြတ်၏ မြန်မာစာရေးထုံးကျမ်း (၁၉၅၃)
၎။ ဦးချစ်စံ၏ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄)
ဖုန်းအက်ပ်တွေ မစွံပါ။ ဆောရီး ကန်တော့။ ဒေါင်းလုဒ်သတ်ပုံတွေ မစွံပါ။ ဆောရီး ကန်တော့။
စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် https://doctortintswe.blogspot.com/2020/07/blog-post_81.html
ပညာရပ်တခုကို အမှန်နဲ့ အမှား၊ မူရင်းနဲ့ လိုသလိုပြင်တာ ခွဲခြားရမယ်။ ပညာကို ပညာနဲ့သာ ဆန်းစစ်ရပါမယ်။
ဒေါက်တာတင့်ဆွေ
၁၆-၇-၂၀၂၀

Comments
Post a Comment