ဖျက် နှင် ဖြတ်

ကျမက သုံးလနဲ့ကိုယ်ဝန်ပျက်သွားပါတယ် စားဆေးနှစ်လစားပြီး မစားတော့ပါဘူး အခုဆေးဖျက် (ဖြတ်) တာ ငါးလရှိပါပြီ ကလေးယူမယ့်အချိန်မှ ကျမလည်ပင်းက သိုက်ရွှိုက်ရောင်နေလို့ ဆေးစားနေတာရက် ၂၀လောက်ရှိပါပြီ ကလေး မရနိုင်ဘူးလို့ ပြောကြတယ် ပြနေတဲ့ဆရာဝန်ကိုမမေးရဲလို့ပါရှင် အခုကျမအသက်က ၃၈နှစ်ရှိပါပြီ ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ်

လည်ပင်းကြီးဟော်မုန်း အနည်း အများ မသိ။ သိုင်းရွိုက်ရောင်တာက တမျိုး။ ရောဂါအမည် ဆေးစာ နဲ့ သိပါသလား။

ဖျက် မဟုတ်။ ဖြတ်လို့ရေးရ။ ဖျက်ဆိုတာ ဖျက်ဆီးတာ။ ဖြတ်ဆိုတာ လုပ်လက်စကို မလုပ်ပဲရပ်လိုက်တာ။

ဖြတ်
မူးယစ်ဆေးဖြတ်ပါ
ပြတ်အောင် ဖြတ်ပါ
ဖြတ်ကူးတို့
ဖြတ်ချိုင်
ဖြတ်စားလျှပ်စား
ဖြတ်စာချသည်
ဖြတ်တမ်းစာ
ဖြတ်ထုံး
ဖြတ်ထိုးဉာဏ်
ဖြတ်မျဉ်း
ဖြတ်ခြင်းခတ်သည်
ဖြတ်လမ်း
ဖြတ်လှီး
ဖြတ်လှဲသည်
ဖြတ်သန်းသည်
ဖြတ်ခြွေသည်
ဖြတ်နှုန်း
အရက်ဖြတ်ပါ
ဆေးလိပ်ဖြတ်ပါ

ဖျက်
ကိုယ်ဝန်မဖျက်သင့်
ပျက်အောင် ဖျက်ပါ
ဖျက်မှုန်း
ဖျက်ဖြုန်း
ဖျက်လိုဖျက်ဆီးမလုပ်ရ
ဖျက်သိမ်းလိုက်သည်
ဖျက်သင်္ဘော
အာဏာသိမ်းသူများသည် နိုင်ငံကိုဖျက်ဆီးသူများဖြစ်ကြ၏
အဆောက်အဦကို ဖြိုဖျက်သည်

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး