ခရမ်းကဆော့သီး

အိမ်ပြင် အပင်ရိပ်မှာ တဆိတ်နားနေချင်လို့တဲ့ အပြင်လေရှူချင်လို့တဲ့ အရိပ်သည်လည်းကောင်း လေသည်လည်းကောင်း ကျန်းမာစေပါ၏။

၁။ တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့ သဘာဝကို ကျမတို့ နှစ်သက်တယ် ဆရာ။

အဲဒီမှာထိုင်ပြီး ကြက်သွန်ဖြူအခွံနွှာတာတဲ့။

၂။ ကြက်သွန်ဖြူခွါတာ ဆရာ့အတွက် ငံပြာရည်ကြော် ကြော်ဖို့ ဖြစ်မှာပါ ။

ကျွန်တော်တို့က ငံပြာရည်ကြော်လို့ မခေါ်ပါ။ ဖျော်တာ ချက်တာလို့သာ ခေါ်တယ်။

ကနေ့ည ခရမ်းကဆော့သီးထောင်းတယ်။ တနေ့က တခြားမြို့တခုကနေလာသူက နေယူလာတာ။ အသီးရော အပင်ပါ။ ညနေက ခရမ်းကဆော့သီးကို လှော်ပြီး ငပိ ကြက်သွန်ဖြူနဲ့ ထောင်းတယ်။ အစပ်ကတော့ ကလေးမြို့ကနေပို့ထားတဲ့ ချင်းငရုတ်သီးခြောက်မှုန့်။

စားကောင်းပေမဲ့ ထောင်းပေးသူက အငန်ရှောင်သူဖြစ်လို့ မစားပါ။ ဆောရီး။ ပဲဟင်းထဲကို အိမ်အပင်က ခရမ်းသီးတလုံး ရောထည့်တာကိုတော့ နှစ်ယောက်လုံးစားကြတယ်။

ကစော့သီးလို့ ရေးကြတာများတယ်။ ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက ကဆော့သီးသံနဲ့ပြောဆိုကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး