ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း

ဝါ ရဲ့ အကြောင်းသိချင်ပါတယ်။ သို့မဟုတ်နဲ့ ဝါ ဟာ တူပါသလား ဆရာ။

မေးတာ မရှင်းပါ။ ဝါဂွမ်းလား တခြားဝါလား။

သို့မဟုတ် နေရာမှာ သုံးနေပါတယ် ဆရာ။ အောင်ဆန်း သို့မဟုတ် အရိုင်း ကို အောင်ဆန်း ဝါ အရိုင်း လိုမျိုးပါ ဆရာ။

ဝါ = ပါဠိ
အထူးကြံခြင်းအနက်ကို ဟောသော နိပါတ်ပုဒ်။ တနည်းကား သို့မဟုတ်။ အချို့သဖြင့်။

ဝါကပ်
ဝါချည်
ဝါဂွမ်း
ဝါစာကမာ
ဝါစာသိလိဋ္ဌ
ဝါဆိုလ
ဝါဏိဇ္ဇဗေဒ
ဝါကြိတ်ကိရိယာ
ဝါပန်
ဝါဖတ်
ဝါဖန်
ဝါဖန့်ဖန့်
ဝါကြန့်ကြန့်
ဝါကြွားသူ
ဝါယမစိုက်
ဝါရင့်သူ
ဝါရမိတ္တုရက်
ဝါသနာထုံ
ဝါခေါင်လ
အသက်ကြီးဝါကြီး

စာပုလွေ ရင်မှာပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း
ပျိုလေးကို သံချိုနှော ပြောခဲ့ပါဦး။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၂၀

Comments