အိန္ဒိယ ရဲ့ တရုပ်အပေါ် တန်ပြန်ဆောင်ရွက်မှုသစ်

အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်မှာ တည်ဆောက်မဲ့ ဒေါ်လာ ၃၉၀ မီလီယန်တန် ဂင်္ဂါမြစ်ကူးတံတားသဘောတူညီချက်ကို ဖျက်သိမ်းလိုက်တယ်။ မဟာရာစထာပြည်နယ်မှာ သဘောတူပြီးဖြစ်တဲ့ တရူပ် မဟာတံတိုင်းမော်တော် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ပယ်ဖျက်လိုက်တယ်။

တရုပ်ကနေလာတဲ့ မိုဘိုင်းဖုန်းအစိတ်အပိုင် တင်သွင်းမှုကိုလည်း ကန့်သတ်လိုက်တယ်။ အိန္ဒိယယရဲ့ ဆိုလာဆဲလ် ၈၀% ဟာ တရုပ်ကနေလာတယ်။ အဲဒါအပေါ် အခွန်ကောက်ခံမှု တိုးစရာအကြောင်းရှိတယ်။

၂၀၁၉ ခုနှစ်က တရုပ်ဆီကနေ ဒေါ်လာ ၆၅့၅ ဘီလီယန် တင်သွင်းခဲ့တယ်။ အိန္ဒိယရဲ့ စုစုပေါင်းနိုင်ငံခြားတင်သွင်းမှုရဲ့ ၁၄% ရှိတယ်။ တရုပ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၄့၃ ဘီလီယန်ရှိတယ်။

ပြီးခဲ့တဲ့လကလည်း TikTok နဲ့ WeChat အပါအဝင် တရုပ်အက်ပ် ၅၉ ခုကို ပိတ်ပင်ထားခဲ့သေးတယ်။ နောက်ထပ် ၄၇ ခု ကိုပါ ပိတ်စရာအလားအလာရှိတယ်။

https://asia.nikkei.com/Politics/International-relations/India-freezes-out-Chinese-companies-from-government-bidding

ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး