Posts

Showing posts from June, 2018

အများနဲ့ တယောက်

Image
အများနဲ့ တယောက်ထဲ အများလွန်တယ်လို့ထင်ပါတယ်။ ၃ဝ-၃-၁၉၉၇ နေ့က ဒေါက်တာသန်းထွန်းရေးတဲ့စာဖြစ်ပါတယ်။ ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်းစာအုပ်ကို စာရေးသူ ဝင်းမောင် (သမိုင်း) က မုံရွာမှာ ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တာပါ။ ကျေးဇူး။ ကျွန်တော်လည်း ဒေါက်တာသန်းထွန်းကို အားကျပြီး အတုခိုးရေးပါရစေ။ အများနဲ့ တယောက့့် ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၈

Triple negative breast cancer ရင်သားကင်ဆာတမျိုး

Image
ဆရာရှင့် triple negative breast cancer ကော ဘယ်လိုပျောက်အောင် ကုသနိုင်ပါသလဲရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်ရှင့် ကွန်မင့်ကနေမေးတာဖြစ်တယ်။ အသက်-ရာသီ-အိမ်ထောင်ရေး စတာတွေ မသိရပါ။ ရင်သားကင်ဆာ အမျိုးမျိုးရှိတယ်။ ER, PR နဲ့ HER2 negative အမျိုးအစားကင်ဆာတွေကို ဟော်မုန်းဆေး ပေးလို့မရပါ။ HER2 ကိုဘလော့လုပ်တဲ့ဆေး Trastuzumab လည်းပေးမရပါ။ Non-HER2 targeted therapy နည်းနဲ့ကုသလို့ ရပါတယ်။ Triple-negative breast cancer (TNBC) အမျိုးအစားရင်သားကင်ဆာမှာ Estrogen, Progesterone, or HER2 တွေရဲ့ Receptors မပါလို့ဖြစ်ပါတယ်။ Healthy breast cells ရောဂါမရှိတဲ့ ရင်သားဆဲလ်တွေမှာ အဲတာတွေပါနေတယ်။ အမျိုးအစားရင်သားကင်ဆာမှာ နို့ပြွန်လေးတွေထဲမှာဖြစ်ပြီး Invasive နည်းနည်းဆိုးတယ်။ ရင်သားကင်ဆာအားလုံးရဲ့ ၁ဝ% ကနေ ၂ဝ% ရှိတယ်။ Estrogen နဲ့ Progesterone receptors ပါတာက ရင်သားကင်ဆာ ၃ ယောက်မှာ ၂ ယောက်ရှိတယ်။ ၂ဝ ကနေ ၃ဝ% မှာ HER2 receptors တွေများတယ်။ Estrogen receptor (ER) နဲ့ Progesterone receptor (PR) ကင်ဆာတွေကို hormone therapies ဟော်မုန်းဆေးနဲ့ ကုသရမယ်။ HER2 များတဲ့ကင်ဆာကို anti-HER2 drugs ဖြစ်တဲ့ trastuzuma

အဇာတသတ်

Image
ညောင်ကန်သားတယောက်က ရေးတင်တာ တွေ့တယ်။ အင်္ဂုလိမာလ၊ စိဉ္ဇမာန၊ နာဠာဂီရိ၊ အဇာတသတ်တဲ့။ မုံရွာနယ်ဘက်မှာ ပြောစမှတ်စကားတခုရှိတယ်။ သခွတ္တနယ်မှမပြီးသေဘူး။ အာလ္လကပ္ပကလာပြန်ပြီတဲ့။ စာလုံးအဆင့်တွေ အရေးရခက်တာကို ပြောတာ။ အရင်ခေတ်ကပါ။ အခုခေတ်မှာတော့ အဆင့်မပါတဲ့စာလုံးကိုပဲ သတ်ပုံကျမ်းမှာတောင် မှန်အောင်မရေးကြတော့ပါ။ အဇာတသတ် အဖသတ်၏ မြန်မာစာကို ဘယ်သူသတ်သနည်း။ မြခြူသံ - တေးရေး - မောင်ကြေးမုံ https://www.youtube.com/watch?v=7bMzOCCva48 ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၈

Cholesterol ကိုလက်စထော

Image
ဆရာရှင့် သမီးမေမေက medical checkup လုပ်တာ သွေးထဲမှာ အဆီများနေတယ်လို့ သိရပါတယ်။ ဗဟုသုတ အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်လေးများ ဖတ်ထားချင်လို့ ဘယ်ခေါင်းစဉ်အောက်မှ ရှာဖတ်ရမလဲ သိချင်လို့ပါဆရာ။ ကနေ့မေးလာသူတွေထဲမှာ ဖြစ်တဲ့သူရဲ့အသက်ကို ထည့်မပြောသူ အလွန်ကိုများတယ်။ ယောက်ျား-မိန်းမ၊ ကလေးရောဂါ အကုန်ပဲ။ ဘာလို့လည်းမသိပါ။ ကျွန်တော်က သူများသွားပြောမယ့်လူလည်းမဟုတ်ပါ။ ကိုလက်စထောများနေရင် နှလုံးအတက်ခ်ရစေနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်နာတာ ရစေနိုင်တယ်။ အဆီစားများရင် အဲတာကို သွေးလွှတ်ကြောနံရံမှာလာစုနေလို့ အဲလိုရောဂါတွေဖြစ်စေနိုင်တယ်။ ကိုယ်အလေးချိန်များရင် ပိုဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ပိုဖြစ်တယ်။ မျိုးရိုးအရပါလာတာကိုတော့ ရှောင်မရပါ။ များသူတွေဟာ အရွယ်ရောက်ချိန် ကတည်းက စဖြစ်တယ်။ ယောက်ျားတွေမှာ HDL အမျိုးသမီးတွေထက်နည်းတယ်။ အမျိုးသမီးတွေမှာ အသက်ရလာရင် LDL တက်လာတယ်။ အမျိုးသမီးအသက်မကြီးသူတွေမှာ ရွယ်တူယောက်ျားတွေထက် LDL နည်းတယ်။ ဒါပေမယ့် ၅၅ ကော်ျရင် ရွယ်တူယောက်ျားတွေထက် များလာတယ်။ ပြည့်ဝဆီနည်းတဲ့အစားအသောက်နဲ့ ကိုလက်စထောနည်းတဲ့အစားအသောက် + ကိုယ်လက်လှုတ်ရှားမှု + ကိုယ်အလေးချိန် လိုအပ်ရင်လျော့ချတာ

Salt Aesthetic ဆား၏ ရသ

Image
ဥပုသ်နဲ့ အရုဏ်ဆွမ်း သတ်ပုံနှစ်ခုကို ပြင်ပေးလိုက်မိတယ်။ ကုသိုလ်ရမလားလို့။ ဝမ်းကိုက်ဆိုတဲ့ ရောဂါအမည်ပါလို့ ကဗျာတပုဒ် ဖတ်ကြည့်တယ်။ တစ်သွားလို့ ရပ်လိုက်ရတယ်။ ရသဆိုတာ မရလိုက်ပါ။ ဖွယ်ဖွယ်ရာရာမရှိလည်း ဖြစ်သလိုစားတဲ့အကျင့်ကရထားတော့ တော်သေးတယ်။ အသားမပါပါ၊ ဆားပါရင်ပြီးရော။ အရသာရှိတယ်။ ဆားတပွင့် (တစ်ပွင့် မဟုတ်) ကဖျက်တဲ့ ဟင်းလျာဆိုတာလည်းရှိတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၈

Counterfeit နဂိုရှိတဲ့တိုင်းပြည်

Image
ကွန်မင့်တခုရတယ်။ နောက်အနှစ်တရာလောက်ဆိုရင် နေပြည်တော်မှာရှိတဲ့ ဗုဒ္ဓဂယာက အစစ်ဖြစ်ပြီး အိန္ဒိယမှာရှိတာက အတုဆိုပြီးလုပ်မှာ မယုံရင်စောင့်သာကြည်ပေတော့တဲ့။ - ထုံးဖြူစေတီ၊ ရွေရည်စိမ်ထီး၊ ဆည်းလည်းသံညံ၊ ကျောင်းကန်ဇရပ်၊ သည်အရပ်မှာ မရှိ။ အနှစ်နှစ်ဆယ်ကျော် နေခဲ့တဲ့အရပ်မှာလည်း နတ္ထိ။ - နေရတဲ့ဆီ စေတီမတည်လို၊ နကိုယ်ရှိမှ နကိုင်းထွက်၏။ နကိုယ်ရှိတဲ့တိုင်းပြည် တည်ဆောက်ရလိုပါ၏။ မြင့်မိုရ် နှင့် နဂို https://doctortintswe.blogspot.com/2016/06/the-original.html ဒေါက်တာတင့်ဆွေ

Rangoon University Students’ Union building ယူနီယံဟောင်းတနေရာ

Image
လေးနှစ်တိတိကရေးတဲ့စာ ၇-၇-၂ဝဝ၉ ဆဲဗင်း-ဇူလိုင်နေ့ နယူးဒေလီက ဆန္ဒပြပွဲပုံကိုတင်စဉ်က ကွန်မင့်တွေရတယ်။ ဘာအတွက့့် တဲ့။ ဘာကြောင့်ပါလဲတဲ့။ မေးခွန်းတွေက ဘာကြောင့် ဆဲဗင်းဂျူလိုင်မှာ ဆန္ဒပြရသလဲကို မေးကြတာပါလား။ မဟုတ်ပါစေနဲ့။ နောက်တယောက်ကတော့ Encyclopedia မှာရှာကြည့်လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုက်နမိုက်နဲ့ ခွဲတယ်။ ကျောင်းသား ၁၅ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရကြတယ်လို့တော့ တွေ့ရတယ်။ ဟုတ်လားဆရာတဲ့။ ၁၉၆၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းအပြီး ၆ ရက်အကြာမှာ ကျောင်းသားအခွင့်အရေးတွေ တောင်းဆိုနေခဲ့ကြတဲ့ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး၊ ရန်ကုန်တက္ကသိုလ် အတွင်းရှိတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦကို သူဌေးကြီးဦးညိုရဲ့ လှူဒါန်းမှုနဲ့ ၁၉၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရှေ့တန်းကပါဝင်ခဲ့တယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စတဲ့ ကျောင်းသားခေါင်းဆောင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တယ်။ ၁၉၆၂ စစ်အာဏာသိမ်းရာမှာ ဗိုလ်ချုပ်နေဝင်းရဲ့ ဒုတိယလူဖြစ်ခဲ့သူ ဗိုလ်ချ

Hypoglycemia သကြားဓါတ်နည်းခြင်း

Image
မင်္ဂလာပါဆရာ ကျွန်တော်က အသက် ၂၅ နှစ်ပါ။ Hypoglycemia ရောဂါအကြောင်းလေးသိချင်လို့ပါ။ ဆရာအချိန်ရင်ရှင်းပြပေးစေလိုပါတယ်။ သွေးထဲမှာ ဂလူးကို့စ် ခေါ် သကြားဓါတ်နည်းတာကိုခေါ်တယ်။ အရေပေါ်အခြေအနေတခုဖြစ်တယ်။ ဆီးချိုရှိနေသူနဲ့ မရှိသူ မတူပါ။ ဆီးချိုကိုကုသနေစဉ် ရုတ်တရက် သကြားနည်းလွန်းတတ်တာကို အထူးသတိထားရတယ်။ သွေးထဲမှာ သကြားဓါတ် 70 milligrams per deciliter (mg/dL) or 3.9 millimoles per liter (mmol/L) ထက်နည်းရင် အရေးပေါ်ဆေးကုသမှုခံယူရမယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင် ဒါတွေဖြစ်လာမယ်။ • An irregular heart rhythm နှလုံးခုန်မမှန်၊ • Fatigue အားကုန်၊ • Pale skin ဖြူဖတ်ဖြူရော်ဖြစ်၊ • Shakiness ခြေတုန်လက်တုန်၊ • Anxiety စိုးရိမ်စိတ်ဝင်၊ • Sweating ချွေးပြန်၊ • Hunger ဆာလောင်၊ • Irritability စိတ်တို၊ • Tingling sensation around the mouth ပါးစပ်ဝန်းကျင်ထုံကျင်၊ • Crying out during sleep အိမ်နေစဉ်ထအော်ချင်။ ပိုဆိုရင် ဒါတွေဖြစ်မယ်။ • Confusion, abnormal behavior or both, such as the inability to complete routine tasks စိတ်ရှုတ်ထွေး၊ ထုပ်နေကျအလုပ်ကိုပြီးအောင်မလုပ်နိုင်၊ အမူအယာမူမမှန်၊ • Visual disturba

ရေ နဲ့ ရည်

Image
၁။ အရေခွံ၊ အရည်ခွံ ဘယ်ဟာအမှန်ပါလဲဆရာ။ (အရေခွံ မှန်) ၂။ ဆရာရှင့် တခုခုစားချင်လို့ ကျတဲ့ဟာ သွားရည် သရေ သရည် ဘယ်ဟာအမှန်လဲရှင့်။ (သွားရည် မှန်) ရေ ကြက်သရေ မရေမရာမလုပ်နဲ့ သားရေနယ်လုပ်ငန်း အသားအရေ အသရေဖျက် အရေပြားရောဂါ ရေကင်းသံ ရေကစား ရေကာတာ ရေကျက်အေး ရေကျိုငါးပိ ရေခန်းခြောက် ရေခပ်ပါ ရေခအုံးပင် ရေခဲခြစ် ရေချမ်းစင် ရေချိုးပါ ရေငတ်ပြေ ရေငန် ရေချို ရေငုပ်သင်္ဘော ရေစင်းစင်းသေ ရေစိမ်း ရေစီးကမ်းပြို ရေစုန်ရေဆန် ရေဆွတ် ရေညှိ ရေတံခွန် ရေတံလျှောက် ရေတွက်သည် ရေတွင်းရေကန် ရေတာရှည်မြို့ ရေတိမ်နစ်သည် ရေတိမ်ရောဂါ ရေတကောင်း ရေဒီယို ရေနံ့သာရွာ ရေနံကြီး (ရေနံချေး) ရေနံချောင်းမြို့ ရေပုံး ရေပက်ဖျန်း ရေပန်းစား ရေပူးစမ်း ရေဖတ်တိုက် ရေဖျန်း ရေဖျဉ်းနာ ရေကြက်ငှက် ရေကြည့်တော်အသင်း ရေကြည်မြို့ ရေဗလုံငှက် ရေဘဝဲ ရေမျက်နှာပြင် ရေမျိုချပါ ရေမှုတ် ရေမှုန် ရေယက် ရေယဉ်ကြော ရေယုန်နာ ရေပြင်ညီ ရေပြန် (ဆီး၊ ကျင်ငယ်) ရေမြှုပ် ရေရွတ်ဆဲရေးသည် ရေရွတ်နေသည် ရေလုံပြုတ် ရေလက်ကြား ရေလည်ပြီလား ရေလာမြောင်းပေး ရေလဲဝတ် ရေဝတီနက္ခတ် ရေဝပ်နေသည် ရေသပ္ပာယ်ပါ ရေသဖန်းပင်

သေသတ်

Image
သေသပ် ဟုတ်ဘူးလားဆရာ။ အသေသတ်ဆိုရင်တော့ တသတ်ပေါ့ မြန်မာစာတော်တော်ခက်တယ်ဗျာ။ သေ လုပ်ကြံသေသပ် အရက်သေစာ သေကာတုတ်ချောက် (သေလျှင်ဧကတ်မလွဲ) သေခမ်းရှင်ခမ်း သေချာ သေချာဂန သေတမ်းစာ သေတုပ္ပလ (ကြောဖြူ ကြာပုဏ္ဍရိတ်) သေန = သေနင်္က (စစ်၏အစိတ်အပိုင်း- စစ်ဆင်စစ်ခင်း) သေနကအမတ် သေနင်္ဂဗျူဟာ သေနစ် (သေနက်) သေနတ် သေခြင်းဆိုး သေရည် = သေစာ (မူးယစ်စေတတ်သောအရည် - ယစ်မျိုး) သေရည်သေရက် သေလုမြောပါး သေလူဘနန်း သေဝပ် သေသတ်စွာ (ယခင်ထုတ်သတ်ပုံအရ) သေကောင်းပေါင်းလဲ သေကောင်ပေါင်းလဲ သေကျေ သေသေဝပ်ဝပ် သေသေသတ်သတ် (ယခင်ထုတ်သတ်ပုံအရ) သေသေသပ်သပ် (နောက်ထုတ်သတ်ပုံအရ) သေသောက်ကြူး သပ် စုပ်သပ် ဆီလိမ်းဖီးယပ် လက်သပ်မွေး လာဘ်သပ်ပကာရ သုံးသပ်ဆင်ခြင် သပ္ပါယ် သပ်ထိုး သပ်နုတ် သပ်လျှိုသပ်ပင်း သပ်သပ်ယပ်ယပ် သပ်နှက်သပ်ရိုက် ကျောသပ် ခေါင်းကိုသပ် ရွှေရင်စမ်းသပ် နှီးသပ် သတ် ကတ်ကတ်သတ်သတ် ဆီသတ် တသတ် ဓမ္မသတ် နပန်းသတ် နယ်ပယ်သတ်မှတ် ပရိသတ် ပသတ် မီးသတ် မြင်းဇက်သတ် လက်စသတ် လက်ဝှေ့သတ် သံသတ်ပင် သတ္တဝါ သတ္တုတွင်း သတ္တဌာန သတ္တဘာဂနတ် သတ္တမ သတ္တရည် သတ္တရဘန် သတ္တဝါ သတ္တိ သတ္တုချ သတ္တုဓာတ် သတ္တဗေဒ သတ္ထန္တရကပ် သ

ဓမ္မစကြာသုတ်

Image
ဇူလိုင်လ (၂၇) ရက်နေ့ဟာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်ပါတယ်။ ဘုရားလောင်းတောထွက်ပြီးနောက် ခြောက်နှစ်ကြာမှာ သဗ္ဗညုတ ဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတာ ကဆုန်လပြည့်နေ့ဖြစ်တယ်။ နောက်မှာ ဗာရာဏသီမြို့တော်အနီးမှာရှိတဲ့ မိဂဒါဝုန်တောကိုကြွတယ်။ အဲဒီမှာ ပဉ္စဝဂ္ဂီငါးဦးတို့ နေထိုင်ကြတယ်။ တရားဦး ဟောတဲ့နေ့က ဝါဆိုလပြည့်နေ့။ တရားဟောတဲ့အချိန်ကာလက နေဝင်လုဝင်ဆဲ၊ လထွက်ကာစဖြစ်တယ်။ တရားတော်ကို ဓမ္မစက္က ပဝတ္တန သုတ္တ လို့ခေါ်တယ်။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့မှာ အနတ္တလက္ခဏသုတ္တကို ဟောကြားတော်မူတယ်။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်လာ ဓမ္မစကြာသုတ် သတ်ပုံမှန်စာသား ၁၃။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် အစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း၎င်း ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမ

ငြိမ်း နှင့် ညိန်း

ဆရာ။ ဂီတနက်သန် ကိုစောညိန်း၊ မန္တလေးက ကဗျာဆရာ စံညိမ်းဦး (သူ့ရှေ့မှာ ငြိမ်း လို့မှားရေးဖူး။ သူ မကြိုက်။ ပြင်ခိုင်း။ ယခုခေတ် နာမည်များ ငြိမ်း လို့ ရေးကြ။ ညိန်း၊ ညိမ်း၊ ငြိမ်း။ ရှင်းပြပေးပါဦး ဆရာ။ ငြိမ်း ငြှိမ်း၍ငြိမ်းသည် ငြိမ်းချမ်းရေး ငြိမ်းအေး ပြေငြိမ်း ရန်ငြိမ်း မီးငြိမ်း ငြိမ်းချမ်းသာယာ ဦးငြိမ်း ဒေါ်ငြိမ်း ညိန်း နဲ့ ညိမ်း လို့ သတ်ပုံကျမ်းတွေမှာ မတွေ့ပါ။ လူအမည်ကိုတော့ ကြိုက်သလိုပေါင်းလေ့ရှိကြတယ်။ သူတို့အမည်ကို သတ်ပုံပြင်တာ မကြိုက်ကြပါ။ မအေးနဲ့ မဧ။ ဦးဘို နဲ့ ဦးဗိုလ်။ ဥူးမျင့်သိဏ်း။ သူတို့သဘောသာဖြစ်ပါတယ်။ အနုပညာရှင်နာမည်တွေကိုလည်း ဦး-ဒေါ် စတာမျိုး အသက်ရွယ်ကြီးပါစေ မထည့်အပ်ပါ။ ဂီတနက်သန် ကိုစောညိန်း ၏ တေးများ https://www.youtube.com/watch?v=Dl3BUTqj5qs&list=PLNWS_sXLWyO7Gy5NOA4zhn-76zs6nhBSU&index=2&t=0s ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၈

ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်ခြင်း

Image
ကလေးကဗျာ ကြည့်စရာတင်တော့ အတော်များများက စိတ်ဝင်စားကြတာတွေ့ရတယ်။ သတ်ပုံကိုပါ သတိထားသူလည်း ရှိတယ်။ ကောင်းတယ်။ မေးကြသေးတယ်။ ဘားနဲ့ ဖား။ တကောင်နဲ့ တလုံး။ အဲဒီကဗျာတွေက လွတ်လပ်ရေးမရခင်ကတည်းက ရေးထားတာတွေဖြစ်တယ်။ ဘားလို့ ရေးထားတယ်။ လွတ်လပ်ရေးရပြီး ဖဆပလခေတ်မှာ စားဖါးဆိုတဲ့အသုံး ရှိလာတယ်။ တကောင်ကို တစ်ကောင်လုပ်တာက ၁၉၈၁ နောက်မှာ။ စစ်အစိုးရခေတ်မှာ အဘ။ သတ်ပုံစာလေးတွေရေးတာ တရာကျော်ပြီထင်တယ်။ အကိုးအကားတွေကို ပုံနဲ့ပြပါတယ်။ ကျွန်တော်က မှန်တယ် မှားတယ်လို့ ဒိုင်လူကြီး မလုပ်ပါ။ အဟောင်းတွေကက အကုန်မှန်၊ အသစ်တွေမှားလို့လည်း ကောက်ချက်မချပါ။ စာနဲ့ စကား ပြောင်းလဲတာတွေက ခေတ်တိုင်းမှာ ရှိပါတယ်။ ပြောင်းတယ်ဆိုတာ ပိုပြီးလွယ်ကူရှင်းလင်းအောင် ပါဠိတွေ၊ သက္ကတတွေ၊ ထပ်ဆင့်တွေနည်းလာတာက သင့်မြတ်တယ်။ မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ စတာတွေကို မသုံးကြတော့ပါ။ စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ကွန်မျူနစ်၊ စသည်။ ထပ်ဆင့်တိုင်းကို လိုက်ပြောင်းတာတော့ မသင့်ပါ။ မန္တလေး၊ မိတ္ထိလာ၊ သလ္လာဝတီ၊ မုတ္တမ

သတ်ပုံသံခိပ်ကျမ်း

Image
ကျေးဇူးရှင် ပဌမလယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူတဲ့ သတ်ပုံသံခိပ်ကျမ်း တ-သတ် အတ်ကာရန် ၁၂ ပုဒ် ၁။ သုံးပုံပိဋကတ်၊ ကျမ်းရိုးတတ်၊ စွဲမှတ် တ-သတ်ရေး။ ၂။ တရားဆုံးဖြတ်၊ ဓမ္မသတ်၊ ဖြောင့်မတ် တ-သတ်ရေး။ ၃။ အမြင့်အမြတ်၊ နုထွတ်ထွတ်၊ ချောမွတ် တ-သတ်ရေး။ ၄။ မျက်ရှင်ကျောက်မြတ်၊ နဝရတ်၊ ရာပြတ် တ-သတ်ရေး။ ၅။ ပွင့်ညှာပွင့်ဝတ်၊ ပင်လုံးညွှတ်၊ လှမ်းဆွတ် တ-သတ်ရေး။ ၆။ ဘန်တီဘန်တွတ်၊ ဆိုရေရွတ်၊ လွမ်းဆွတ် တ-သတ်ရေး။ ၇။ စကြာရဟတ်၊ လေးကျွန်းပတ်၊ မိုးနတ် တ-သတ်ရေး။ ၈။ မင်းစေချေဝတ်၊ ငွေတမတ်၊ ရိုက်ခတ် တ-သတ်ရေး။ ၉။ တညီတညွတ်၊ ခုံသမတ်၊ လျောက်ပတ် တ-သတ်ရေး။ ၁ဝ။ ကြက်တိုက်အန်ခတ်၊ ခါးစည်းပတ်၊ ယွင်းချွတ် တ-သတ်ရေး။ ၁၁။ စက်နှယ်ပိုင်းဖြတ်၊ လောကဝတ်၊ မလွတ် တ-သတ်ရေး။ ၁၂။ လုံခြုံသေသတ်၊ အဆိပ်ခတ်၊ ပညတ် တ-သတ်ရေး။ ငွေတစ်မတ် မဟုတ်။ တစ်ညီတစ်ညွတ် မဟုတ်။ ဒေါက်တာတင့်ဆွေ Photo from Lu Myo Aung ပသတ် အပ်ကာရန် ၁၃ ပုဒ် အမိန့်အရ သတ်ပုံမှားရေးနေတာကို ခဏခဏရေးပါတယ်။ ထပ်ချည်းတလဲ လွဲရေးနေကြတယ်။ ငွေတကျပ်လို့ရေးတာ အမှန်။ တရုပ်လို့ရေးတာ အမှန်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနဲ့ ပဋိဝေဓသာသနာဆိုတဲ့ သာသနာတော်သုံးရပ်ရှိတယ်။ လယ်တီဆရ

အမိန့်နဲ့

Image
စိတ်နဲ့ လူတယောက်ကို သေအောင် လုပ်နိုင်တယ်ဆိုတာ ယုံသလား။ တအုပ် သုံးကျပ်။ အမိန့်နဲ့ မြန်မာစာကို ထစ်အ (တစ်အ) အောင်လုပ်နိုင်တယ်ဆိုတာ ယုံသလား။ အမိန့် သုံးသပ်။ ဒေါက်တာတင့်ဆွေ

ဟုတ်ပါပြီ

Image
ဆရာ တချို့ပြောဆို ရေးသားပါတယ်။ ဟုတ်ပါပြီဆိုတဲ့ စကား၊ စာသားပါ အသုံးပြုပုံ ပြုသင့်တဲ့အနေအထား ဆရာ ရှင်းပြပေးစေချ့င်ပါတယ်။ လူတိုင်းမှာ စကားပြောတဲ့အကျင့်ကိုယ်စီရှိကြတယ်။ ဘယ်စကားဝိုင်းမှာမဆို ပြောနေကျအသုံးကိုပဲ ထည့်ပြောတတ်ကြတယ်။ ဟုတ်ပါပြီလည်း အပါအဝင်ဖြစ်တယ်။ ဟုတ်ပါပြီဆိုတာက တဘက်လူပြောတာကို သဘောတူတဲ့သဘော။ အကျင့်ပါလို့သာ ဟုတ်ပါပြီထည့်ပြောပေမဲ့ သဘောမတူတာကို ဆက်ပြောတာမျိုးလည်းရှိတယ်။ ပစ္စည်းကြော်ငြာသူတွေကလည်း အဲလိုပြောကြတယ်။ ဘယ်သူက ဘာမှမပြောတာကို ဟုတ်ပါပြီ၊ ကောင်းပါပြီလို့ အော်တယ်ရောင်းတယ်။ အင်တာဗျူးတွေကို သေချာနားထောင်ရင် ဖြေတဲ့သူရဲ့အရည်အချင်း သိနိုင်တယ်။ အတွေ့အကြုံများတဲ့သူတွေ အင်တာဗျူးဖြေနည်း လေ့လာထားသူတွေကတော့ သင့်မှန်တဲ့ ကနဦးစကားပြောကြတယ်။ အင်္ဂလိပ်ဘာသာနဲ့လွင့်တဲ့ တီဗွီတွေကို လေ့လာကြည့်ပါ။ မေးတာကို ဘယ်လိုစကားလုံးနဲ့ စပြောသလဲ။ ဝဲလ် လို့ပြောရင် သိပ်တိကျတဲ့အဖြေပေးမှာ မဟုတ်ပါ။ မေးခွန်းကိုပြန်ပြောမနေပဲ၊ စကားခံမနေပဲ တန်းဖြေသူမျိုးက တိကျတာပြောလိမ့်မယ်။ စာရေးတဲ့အခါလည်း အကျင့်ကိုယ်စီရှိကြတယ်။ ဝတ္ထုတွေတချို့မှာ သဘောမကျတာတွေ တွေ့တယ်။ တကယ့်လူ့လောကမှာ မပြောမဆိုတာမျိုးကို ဇာတ်လိုက်တွေက ပြောကြတယ်။

ကလေးကဗျာ ကြည့်စရာ

Image
မိုဃ်းပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ သာတော့ခါ သာပါလိမ့် နတ်ဒေဝါ သူဖန်ဆင်း ဘိုး ရွှေလမင်း။ (မောင်ဘ) (ရွှေသွေးဂျာနယ်မှ) မိုဃ်းပေါ်မှာ ကြယ်တစ်လုံး မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ကလေးကဗျာ ကြည့်စရာ လူကလေးတဲ့ ချော့စရာ မိတ္ထိလာ ကန်တော်အောက်က ဘား ကောက်ခဲ့ပါ ဘားပါလျှင် တကောင်ပေးပါ မျက်လုံးငယ် ကြောင်တောင်တောင်နှင့် ဘား ကောင်ကသေး။ (မောင်ဘ) (ရွှေသွေးဂျာနယ်မှ) ဘားပါလျှင် တစ်ကောင်ပေးပါ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

နောက်တခေါက်

Image
နောက်တခေါက် ပြန်လျှောက်နိုင်ပါသေးတယ်ခင်ဗျာ။ တခေါက်တော့ လျှောက်ပြီးပြီ။ တစ်ခေါက် မလျှောက်ပါရှင့်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈ ပုံ Ka Don ကျေးဇူး။

ခုံတော်မောင်ကျဘမ်း

Image
တရံရောအခါ ပုဂံမြို့ခုံတော် (မောင်ကျဘမ်း) ထံသို့ တရားတထုံးရောက်လာသည်မှာ သက္ကရာဇ် ရှစ်ရာ့ငါးဆယ့်လေးခုနှစ်တွင် ဟံသာဝတီပြည်ကြီးရှင် ဘုရင်ဓမ္မစေတီမင်း အနိစ္စရောက်၍ သားတော် ဗညားရံ မင်းပြုတော်မူသည်။ ထိုအကြောင်းကို အင်းဝပြည်ကြီးရှင် ဘုရင်ဒုတိယမင်းခေါင် ကြားတော်မူလျှင် တလိုင်းကျေးစပ်သို့ချီ၍ စုံစမ်းစေဟု တောင်ငူမြို့စား မင်းကြီးညိုကို စေလွှတ်တော်မူ၏။ တောင်ငူမြို့စားသည် တလိုင်းတို့ကျေး ကပ်ကြီးချောင်းဖျားကို လုပ်ကြံမည်ဟူ၍ ဆင်လေးဆယ် မြင်းသုံးရာ စစ်သည်သူရဲတသောင်းနှင့် ချီတက်လုပ်ကြံသည်တွင် ကျောက်ဖျားမြို့စား သိုတိုင်ဘွားနှင့် ခံနှင့်၍ စစ်သည်တော်ချင်း အထွေးထွေးရှိ၍နေစဉ့့် မှတ်ချက် တစ်ရံရောအခါ မဟုတ်။ တရားတစ်ထုံး မဟုတ်။ စစ်သည်သူရဲတစ်သောင်း မဟုတ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

တီးတိုး

Image
လွန်ခဲ့တဲ့ ၂ နှစ်က ကွန်မင့်တခုရပါတယ်။ ဦးနေဝင်းလက်ထက် တီးတိုးလာတုန်းက သတင်းစာမှာ သဝဏ်လွှာရေးတော့ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်လို့ ရေးတဲ့အခါ ပညာရှင်တွေက လှောင်ကြလို့ မြန်မာစာအဖွဲ့ဆိုတာကြီးဖွဲ့ပြီး ၁၉၈၃ မှ တစ်ခု တစ်ကောင်၊ တစ်ယောက်ဆိုပြီး အမှားတွေကို အမှန်လုပ်ခိုင်းခဲ့တာလို့ သိရတယ်ဗျာ။ အခုတော့ အမှားကို အမှန်ထင်နေကြတယ်။ ကွန်မင့်ထဲက တီးတိုးဆိုတာ မာရှယ်တီးတိုးဖြစ်ပါတယ်။ အရင် ယူဂိုဆလားဗီးယားခေါင်းဆောင်။ အဲလိုသတ်ပုံတလွဲရေးတာကို လှောင်တဲ့ပညာရှင်မျိုး ရှိသေးလားတော့ မသိပါ။ မလှောင်သူတွေသာ နေရာရတယ်။ တီးတိုးတော့ ပြောနေကြပြီ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

ဦးဘဂျမ်း ကာတွန်းသတ်ပုံ

Image
မရှိဘူး ဦးလေးရဲ့။ ရေဒီယိုက သတင်းတွေနားထောင်ပြီးရင် ဘာအကျိုးမှမရှိဘူး။ သတင်းစာကတော့ ဘတ်ပြီးလို့ ပြန်ရောင်းရင် တပိဿာ သုံးကျပ်ခွဲ လေးကျပ် ရနိုင်သေးတယ်။ တပိဿာသည် တစ်ပိဿာ မဟုတ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

Herpes Simplex ရိုးရိုး ရေယုံ

Image
၁။ မင်္ဂလာပါဆရာ။ ကျွန်မအမျိုးသား အသက် ၃၃ နှစ်ပါ။ လည်ပင်းမှာ ရေယုံပေါက်နေလို့ပါ။ ဘာဆေးလိမ်းရမလည်းရှင့်။ နောက် ရေယုံဖြစ်ရခြင်းအကြောင်းအရင်းလေးလည်း သိချင်ပါတယ်။ အိမ်မှာ ၆ လသမီးလေးရှိတော့ ကလေးကို ကူးမှာ စိုးလို့ပါ။ ဖြေကြားပေးပါရှင့်။ ကျေး ဇူး တင်ပါတယ်ဆရာ။ ၂။ ဆရာ ကျနော် herpes လို့ပြောလိုက်တာ ရုံးကလူတွေကြောက်ကုန်ကြတယ်။ ကျနော်လိုက်ရမယ့် ခရီးစဉ်လည်း ဖျက်ခိုင်းလိုက်တယ်။ ရုံးကနေလည်း ခွင့်ယူချင်ယူလို့ ပြောတယ်။ Herpes နဲ့ Shingles ဘာကွာလဲဆရာ။ သူတို့က ကျနော်ပြောလိုက်တဲ့ ဝေါဟာရကို သူတို့ဆီက application နဲ့ ဘာသာပြန်ပြီး နားလည်လိုက်ကြပုံရတယ်။ Herpes က sexual contact ကနေ ကူးတာလို့ သူတို့ နားလည်ပုံရတယ်။ ကျနော် အဲဒီလိုတွေ မလုပ်ဖူးပါဆရာ။ ၃။ အသက် ၄၁ (မ) ရေယုန် ဖြစ်နေတာကတော့ ၁ပတ်လောက်ရှိပါပြီ ဘယ်ဆေးခန်းမှမပြထားပါဘူး ခုတော့ နည်းနည်း သက်သာနေပါပြီ မျက်နှာမှာ အမာရွတ်မကျန်ပဲလုံးဝပျောက်သွားအောင်ဘာဆေးလိမ်းရမလဲသိချင်လို့ပါ လိုအပ်ရင် တခြားသူများကိုလည်း ညွှန်းပေးလို့ရအောင်လို့ပါ။ ၄။ ဆရာရှင့် သမီးအသက်က ၃၀ပါ။ လည်ပင်းမှာရေယုန်ပေါက်ပြီး ပါးစောင်နဲ့လည်ပင်းလည်းနာနေပါတယ်။ အစာမျိုရခက်ပါတယ်။ လည်ပင်းကအနာတော့ လိမ်းဆေးလိမ်

သခင်ကိုယ်တော်မှိုင်း မြန်မာစာသတ်ပုံ

Image
အတွေးအမြင် ၂၀၁၇ ဒီဇင်ဘာ မောင်မောင်အေး စစ်ကိုင်း ဆောင်းပါးပါဆရာ။ တစ်တွေချည်းတွေ့လို့ မူရင်းကိုယ်တော်မှိုင်း ရေး တ လား တစ်လားဆရာ မြန်မာစာဖျက်ဆီး သဘောထားလွဲသူတွေက လူကြီးတွေပါ ပါနေတာ မဖြစ်သင့်ပါ ဆရာနှင့်သဘောတူ မြန်မာစာဖျက်ဆီးတာ မကြိုက်ပါခင်ဗျာ။ ကျနော် အမှားပါ တောင်းပန်ပါသည် typing error ဟု သဘောထားပေးပါခင်ဗျာ။ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ မူရင်းစာတွေမှာ တစ်မဟုတ်ပါ။ မေးတဲ့သူပို့ပေးတဲ့ ဆောင်းပါးဓါတ်ပုံကို မထည့်တော့ပါ။ သခင်ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄) ဟာ ဘုရင့်လက်ထက်ကနေ လွတ်လပ်ရေးရပြီးသည်အထိ အလွန်ထင်ရှားတဲ့ ပညာရှင်တဦး ဖြစ်တယ်။ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဌိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးဂဏ္ဌိအပါအဝင် အဖိုးတန်စာတွေ အများကြီးရေးသားခဲ့တယ်။ သူရိယသတင်းစာတိုက်မှာ မြန်မာစာဘက်ဆိုင်ရာအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ့ သတ်ပုံကို ဖတ်ကြစေချင်ပါတယ်။ နာမည်အကြီးဆုံးဖြစ်တဲ့ ဘွိုင်းကောက်ဋီကာကို သက်သေပြပါမယ်။ • တကာတဦးက • တညီတညာတည်း • ပိတ်ပြီးတရက် • တရက်အတွက် • ဒဏ်ငွေတကျပ်မျှ ခေတ်ပေါ် အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကတော့ သတ်ပုံအရာမှာ သခင်ကိုယ်တော်မှိုင်းထက်

Naphthalene ပရုပ်လုံး

Image
ပရုပ်လုံးကို ဘာနှင့်ပြုလုပ်ပါသလဲ။ ကြားဖူးတာက ကလေးအသုံးဆောင် အဝတ်စားထည့်ရင် သွေးကင်ဆာ ဖြစ်တက်တယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပါသလားဆရာ။ ဖြစ်တက်ကို ဖြစ်တတ်လို့ပြင်ရမယ်။ Naphthalene ကို ကျောက်မီးသွေး၊ ရေနံတို့ကနေထုတ်လုပ်တယ်။ ပလပ်စတစ်၊ ရေဆင်ဓါတ်ပေါင်း၊ လောင်စာဆီနဲ့ ဆိုးဆေးထုတ်လုပ်ရာမှာသုံးတယ်။ ဓါတုဗေဒလို ပရုပ်လုံးဟာ C10H8 အော်ဂဲနစ်ကွန်ပေါင်းဖြစ်တယ်။ ဒီဓါတ်ကနေ ကင်ဆာကိုဖြစ်စေနိုင်တယ်။ အရေပြား၊ အဆုတ်၊ ဆီးအိမ်၊ အသဲနဲ့ အစာအိမ်ကင်ဆာတွေဖြစ်တယ်။ အဲဒီ PAHs (Paradichlorobenzene) ကွန်ပေါင်းတွေဟာ နှလုံးသွေးကြောရောဂါနဲ့လည်း ဆက်စပ်နေတယ်။ ဘေးထွက်ဆိုးကျိုးများ ပျို့အန်၊ ဗိုက်နာ၊ တက်၊ သတိလစ်ဖြစ်နိုင်တယ်။ ပရုပ်လုံးကြာကြာထည့်ထားတဲ့ အနွေးထည်ဝတ်လို့ ကလေးတွေ အဆိပ်သင့်တာဖြစ်ဖူးတယ်။ များများထိတွေ့ရင် အားနည်း၊ ခေါင်းကိုက်၊ စိတ်မကြည်လင်၊ လက်တုန်၊ ပျို့အန်ဖြစ်တယ်။ အစားပျက်၊ ဂဏာမငြိမ်၊ ဖြူဖတ်ဖြူရော်ဖြစ်၊ ဆီးထဲသွေးပါ၊ အသားဝါတာတွေတယ်။ G6PD ရှိတဲ့သူတွေ မတည့်ပါ။ IQ နိမ့်တာလည်း ဖြစ်စေနိုင်တယ်။ PAHs (Paradichlorobenzene) ကွန်ပေါင်းတွေကိုသာပြောတာဖြစ်ပြီး အိမ်သုံး ပရုပ်လုံးကို သတိနဲ့သုံးလို့ရပါတယ်။ အဆိပ်သင့်တာကိုသာ သတ

ဇာတိမင်းရွာ

Image
 ကျွန်တော်ငယ်ငယ်က သည်ရေတွင်းမှာ ရေချိုးပါတယ်။ ရေကိုမောင်းလက်နဲ့ငင်ယူရတယ်။ ၃ တောင်တူးရင် ရေထွက်တယ်။ သည်နေရာတည်တည့်မှာ လျို့ဝှက်သည်းဖိုစရာအလုပ်တခု ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့ကျောဘက်က သစ်ပင်တွေ အုန်းပင်တွေရှိတဲ့နေရာလေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ ခန့်က ကျွန်တော့ကို မွေးဖွားခဲ့ပါတယ်။ ကျွန်တော့ဇာတိ မင်းရွာကအမျိုးတွေ ဒေါက်တာတင့်ဆွေ ၁ဝ-၅-၂ဝ၁၈

ကလောင်သွားနှင့် ဓါးသွား

Image
ဆိုစကားတခုရှိတယ်။ ကလောင်သွားက ဓါးသွားထက်ပိုထက်၏။ ကလောင်သွားဆိုတာ စာရေးတာ ကဗျာရေးတာကို တင်စားတာ။ ဓါးသွားဆိုတာ ထိုးခုတ်သတ်ပုတ်တာ။ နောက်ဒါးတမျိုးက ကျွန်တော်အပါအဝင် ဆရာဝန်တွေကိုင်တာ။ ခွဲစိတ်ဒါး မကိုင်ရတာကြာလှပြီ။ စကာ့ပယ်လ် ခေါ် အဲလိုဒါးက တကယ်ကို ထက်တယ်။ မုတ်ဆိတ်ရိတ်ဒါးလိုပဲ။ တကယ်လည်း မုတ်ဆိတ်ရိတ်ဒါးသုံးပြီး ခွဲစိတ်ရာမျိုးရှိတယ်။ အနုစိတ်ခွဲတာ မျက်စိခွဲတာမျိုး။ ဒါး ပြဒါး ပြဒါးရှင် ပြဒါးလုံး ပြဒါးဆိပ်သင့်သည် ဓါး ခွဲစိတ်ဓါး ဓါးခုတ်ကောင် ဓါးစာခံ ဓါးမဦးချမြေ ဓါးမနောက်ပိတ်ခွေး ဓါးပြသူခိုး ဓါးရှည် ဓါးလက်နက် ဓါးလွတ်ကိုင် ဓါးလွယ်ခုတ် ဓါးသွား ဓါးသိုင်း ဓါးဆောက် (ဓါးရိုး) ဓါးဆောက်ကမ်းလုပ်သည် (အရမ်းပတမ်းလုပ်သည်) ဓါးမြှောင် ဓါးနှောင့် သင်ဓုန်းဓါး သူခိုး ဓါးရိုးကမ်း (စူလဓနုဂ္ဂဟဇာတ်) ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းပြောခဲ့တဲ့ ဒါး ဒါးချင်၊ လှံ လှံချင်း သမိုင်းဝင်မိန့်ခွန်း သတင်းစာကို ပြန်သတိရစေတယ်။ ဒါးရေးရေး ဓါးရေးရေး ထက်မှကောင်းတယ်။ ကျွန်တော် လူနာပေါင်းများစွာကို ခွဲစိတ်ဒါးနဲ့သာ ခွဲပေးခဲ့ပါတယ်။ စာလေးတွေ ရေးတယ်။ ကီးဘုတ်နဲ့သာ ရိုက်ပါတယ်။ မထက်ပါ၊ အပြားလိုက်ကြီး။ ဒေါက်တာတင့်ဆွေ ၂

ပံ့သုကူပစ္စည်း

Image
သမိုင်းအချက်အလက်လေးတွေ ရေးတင်တိုင်း အငြင်းပွားစရာတွေ့တာချည်းပဲ။ သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားဆိုတာ ဘယ်သူတွေကနေ ဘယ်တုန်းကရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲကလဲ။ ဘယ်ရုပ်ရှင်ထဲကလဲ။ နိုင်ငံတိုင်းနဲ့ ခေတ်တိုင်းမှာ ပေါ်လစီသမိုင်းတွေရှိတယ်။ ဆေးပညာတောင်မှ ရှိတယ်။ နာဇီခေတ်မှာ ဂျာမန်မျိုးဗီဇ သုတေသနတွေ ထွက်ခဲ့တယ်။ မျက်စိအောက်တင် မျက်ဝါးထင်ထင်မြင်သိထားတာကို လက်မခံ ကက်ကက်လန်ငြင်းဆန်တာ မကြာခဏကြုံရတယ်။ မြန်မာစာသတ်ပုံကို ပုံနှိပ်စာအုပ်ပါဓါတ်ပုံရိုက်ပြလည်း အလကားပါကွာသမားတွေက မနည်းပါ။ ကျွန်တော်ရေးတာတွေကို တန်ဆောင်မုန်းလပြည့်ညမှာ စွန့်လှူထားတဲ့ ပံသုကူ (ပံ့သကူ) ပစ္စည်းလို့သာ အောက်မေ့စေချင်ပါတယ်။ ကိုယ်အသုံးမလိုရင် ကောက်မယူပဲ အသာထားခဲ့ပါ။ နောက်လူရှိတယ်။ တံတွေးတော့ ထွေးမထားခဲ့ပါနဲ့။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ ဘယ်မှာနေနေ အသိပညာကုံလုံကြွယ်ဝကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

မြင်းခွာတချက်ပေါက်လျှင် သတ်ပုံ

Image
ကိုဗဟိန်း ခေါ် ရဲဘော်ဗဟိန်းကို နိုင်ငံရေးလိုက်စားတဲ့ ကျောင်းသားတွေက လေးစားကြတယ်။ အမှတ်တရ အခမ်းအနားတွေ ကျင်းပကြတယ်။ ဒါပေမဲ့ ခေါင်းစီးမှာ ပေါ်လစီသတ်ပုံဖြစ်နေတာ တွေ့ရတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုပညာရေးနှင့် ၀ါဒဖြန့်ချိရေးဌာနက ထုတ်ဝေတဲ့ ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ ထဲမှာ တတွေကို မလိုအပ်ပဲ တစ်လုပ်မထားပါ။ မြင်းခွာတချက်လို့သာ ရေးပါတယ်။ ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင်နှစ်ဦးရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်းဖြစ်သည်။ (၂၊ ၃၊ ၁၉၉၄) လင့်တွေကို ဖေ့စ်ဘွတ်မှာ တင်မရပါ။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂ဝ၁၈

ဝေးပြီမွှေးရေ

Image
ရေး - မြတ်လေး ဆို - မောင်မောင်ကြီး ကျောချင်းကပ်၍ တရွေ့ရွေ့ခွါ တကမ္ဘာဆီ၊ ဝေးပြီ မွှေးရယ်။ ဖုန်းချစ်ရနည်းတယ်၊ ခုမှ လူ့ဘဝ ရေလည်၊ ပြုသမျှတွေ့မယ်၊ အဖြေပေါ်တယ်၊ တယုတယချစ်ကြိုးသွယ်၊ သမုဒယ အဖြစ်ဆိုးတယ်၊ ရေနစ်သူဝါးကူထိုးသည့်နှယ်၊ အမုန်းခံလူစား အပယ်ခံဘဝနဲ့ကွယ်၊ အဆွေးခြယ် ဆေးချက်မပြယ် အဝေးနယ် ပြေးထွက်ကာရယ် သည်နောင်တ ရင်ဝယ်ဆောင်လို့သယ် တွေးမိတိုင်း မျက်ရည်လည် (ပန်းကြွေသောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်အသဲဘယ့်နှယ်ရှိမယ် မွှေ့း့ ရယ် လေတိုက်သောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်ဘဝ ဘယ့်နှယ်ရှိပါ့မယ်) ၂ အသဲကြွေခြင်း လေလွင့်ခြင်းတွေရယ် မွှေးကိုချစ်မိသောဘဝ ရလာဒ်တွေပါကွယ်၊ မွှေးရယ့့် မွှေးရယ့့်။ မှတ်ချက် မြတ်လေးဟာ တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ထင်ပေါ် အောင်မြင်ခဲ့သူတယောက်ဖြစ်တယ်။ တေးဂီတနဲ့ ရုပ်ရှင်မှာ အောင်မြင်တယ်။ သူ့သီချင်းတွေကို ခုခေတ်လူရွယ်တွေကတော့ ကြားဖူးကြမယ်မထင်ပါ။ ခံစားတတ်ကြမယ်လည်း မမျှော်လင့်ပါ။ လူရွယ်တွေရဲ့ မိဘဆရာတွေကတော့ မြတ်လေးအနုပညာသက် ရှိခဲ့ကြသူတွေသာ ဖြစ်ပါတယ်။ သီချင်းစာသားသတ်ပုံကိုလည်း ခေတ်လူရွယ် လူငယ်တွေသာမက လူကြီးတွေပါ သတိပြုကြစေချင်ပါတယ်။ တရွေ့ရွေ့ခွါ တကမ္ဘာဆီလို့သာ

တွေးမိပါစ

Image
ဆရာဇော်ဂျီရဲ့ တွေးမိပါစကဗျာကို ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်။ ကျွန်တော်ဟာ ဗေဒါလိုဘဝ လျှောက်ခဲ့ရပါလားလို့ တွေးမိလာတယ်။ အတုခိုး ရေးကြည့်တယ်။ ကန်တော့ပါဆရာ။ ပြန်တရာ ခံစရာအရေး၊ စုန်ဆန်လမ်းဘေးက ဘဲတရာအရေး၊ အတိုက်ခံ အမွှေ့ခံအရေး၊ ဒီမိုကရေစီအရေးထဲက ဒီဆိုင်ဝဲအရေး။ အခုတော့ဗျာ လမ်းမပေါ်မှာ တစ်ရာလို့ရေးသူတွေကိုသာ မမွှေးတဲ့ဗေဒါ လမ်းဘေးမှာ ငေး။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂ဝ၁၈

မဟာစည်ဆရာတော် သတ်ပုံစစ်ခြင်း

Image
ဝိပဿနာရှုနည်းကျမ်း၊ ဒုတိယတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားရေးသားစီရင်တော်မူသည် စာမျက်နှာ ၁ဝ၃ = တစုံတယောက်က ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည် စာမျက်နှာ ၉၅ = တစ်စုံတစ်ခုသော မူရင်းမြန်မာစာ၊ မူရင်းကဗျာ၊ မူရင်းဘာသာပြန်တွေကို တမျိုးတမည်လုပ်တာသာမက ဝိပဿနာစာအုပ်မှာပါ ဝိဝါဒကွဲစရာတွေက အလွန့်အလွန်အရုပ်ဆိုးပါတယ်။ စာအုပ်တိုက်တွေ၊ အယ်ဒီတာတွေမှာ တာဝန်ရှိကြပါတယ်။ ဝိပဿနာရှုမှတ်တာ တစ်မနေပါစေနဲ့။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

King Lear မင်းသုဝဏ် သတ်ပုံစစ်ခြင်း

Image
ကင့် = ဪ၊ ဒါနဲ့ သည်လူငယ်က အရှင့်သားမဟုတ်ပါလား။ ဂလော်စတာ = အင်း၊ သူ့ကို ကျွေးမွေးသုတ်သင်ဖို့က ကျုပ်ရဲ့တာဝန်ဖြစ်ခဲ့ပါတယ်ဗျာ။ သူ့ကို သားလို့ပြောရတဲ့အတွက် မျက်နှာပူခဲ့ရပေါင်းများပါပြီ။ အခုတော့ အရေထူသွားပါပြီလေ။ ကင့် = မြို့စားမင်း ဘာဆိုလိုပါသလဲ။ ကျုပ်မယူ တတ်ဘူး။ ဂလော်စတာ = မြို့စားမင်းကသာ မယူတတ်တာ။ သူ့အမေကတော့ ယူတတ်တယ်ဗျိုး။ သန္ဓေယူတာလေ။ ယူတယ်ဆိုရင်ပဲ သူ့ဗိုက်ကြီးဟာ လုံးလုံးလာပြီး သဉ္စာမှာ ကြင်ရာနဲ့ မစက်ခင်က၊ ပုခက်တင်မင်္ဂလာကိုပေးဖို့ ဟောဒီကောင်ကို မွေးပါလေရောဗျို့။ အပြစ်နံ့များ ထွက်ပါသလားဗျ။ ကင့် = အပြစ်ဆိုရင်လည်း မဖြေစေလိုပါဘူး မြို့စားမင်း။ အပြစ်ကမွေးတဲ့သားက လူချောကလေးပဲဟာကိုး။ သို့သော်လည်း ကျုပ်မှာ တရားဝင်သားတယောက်ရှိပါသေးတယ်။ သူ့ထက် တနှစ်လောက်ကြီးပါလိမ့်မယ်။ တရားဝင်သားမို့လို့ အချစ်တော့မပိုပါဘူးလေ။ ဟောဒီသူငယ်ဟာ အခေါ်မလွှတ်ခင် လူတောထဲကို ဇွတ်တိုးဝင်လာတဲ့ လူဆိုးကလေးပဲဗျ။ ဒါပေမယ့် သူ့အမေက တယ်ချောတယ်လှပဲ။ ကလေးရအောင်အားထုတ်ရတာကလည်း ပျော်စရာအကောင်းသားဗျို့။ ဒါ့ကြောင့်လည်း ဟောဒီဗိုင်းတာမသားကို သားအဖြစ်နဲ့ အသိအမှတ်ပြုရပါတယ်။ ခုခေတ်မှာ မင်းသုဝဏ်စာကို သတ်ပုံပြင် ထုတ်ဝေရောင်းစားကြသတဲ့။ တော

ကျီးကန်းတောင်းမှောက်

Image
ဆရာခင်ဗျား ကျီးကန်းတောင်းမှောက် နဲ့ ကျီးကန်းတောင်မှောက် ဘယ်ဟာက အမှန်ဖြစ်ပါသလဲဆရာ နောက်ဆက်တွဲ အဓိပ္ပါယ်ကိုလည်း သိချင်ပါတယ်ခင်ဗျား။ ကျီးကန်းတောင်းမှောက်က အမှန်။ အမှားနှစ်မျိုး တွေ့တယ်။ ကျီးကန်းတောင်မှောက်ရေးတာ မှားတယ်။ ကျီးကန်းက တောင်းကိုမှောက်တယ်ထင်တာ မှားတယ်။ တောရပ်တွေမှာ ကျီးကန်းကို တောင်း သို့မဟုတ် ခြင်းတောင်းနဲ့ မှောက်ဖမ်းလေ့ရှိတယ်။ ကျီးကန်းတွေဟာ အလိုလို အစာရှာရင်း ဟိုဟိုသည်သည်ကြည့်တယ်။ အဖမ်းခံထားရရင် ပိုဆိုးတယ်။ မျက်လုံးဂဏာမငြိမ်ပဲ ဟိုကြည့်သည်ကြည့် လုပ်တယ်။ ကျီးကန်းတောင်းမှောက်ဆိုတာ ဆောက်တည်ရာမရဖြစ်နေတာကို တင်စားပြီး သုံးပါတယ်။ မြန်မာပြည်မကကျီးကန်းတွေနဲ့ အိန္ဒိယမှာတွေတဲ့ကျီးကန်းတွေ မတူတာသတိထားမိတယ်။ အဲဒီမှာ ဘယ်တိရစ္ဆာန်တွေ ငှက်တွေကိုမှ သတ်ခွင့်မရှိလို့ အကောင်တွေက လူတွေနဲ့ယဉ်ပါးကြတယ်။ ကျီးကန်းတွေ၊ ခိုတွေ၊ ဒေါင်းတွေ လူအနားထိ လာကြတယ်။ ယူအက်စ်မှာလည်း အဲလိုပဲ။ အိမ်တံခါးပေါက်နားအထိ အစာလာရှာကြတယ်။ မြန်မာပြည်မှာတော့ လူတွေပါ ကျီးကန်းတောင်းမှောက်၊ ကျီးလန့်စာစား နေကြရတာကြာတယ်။ ကျီးကြည့် ကြောင်ကြည့် နေကြရတယ်။ ကျီးလို အာနေသူကလည်း အခုထိများတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

မည်သူ တယူသန်သနည်း

Image
ဆရာဒေါက်တာတင့်ဆွေ ထောက်ပြနေခဲ့တဲ့ တ ရေးထုံးတွေက အရင်ကအသုံးပြုခဲ့တဲ့ ရေးထုံးအမှန်တွေပါ။ ဒီ တ နဲ့ တစ် အပေါ်မှာ အစဉ်တစိုက် ထောက်ပြပြောဆိုနေခဲ့တဲ့ ဆရာရဲ့ စေတနာကိုလည်း အသိအမှတ်ပြုမိပါတယ်။ ဒါပေမဲ့လည်း ကျနော်ကတော့ တစ် ဘက်ကပဲ ရပ်တည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာပညာရှင်တွေ စုစည်းတည်းဖြတ် ပြုစုထားတဲ့ မြန်မာစာအဘိဓာန် တို့၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတို့၊ ခွဲထားတို့အရ ဘယ်နေရာမှ တ ရမယ်၊ ဘယ်နေရာမှာ တစ် ရမယ်ဆိုတာ အတိအလင်း ရှင်းလင်းပြုစုထားပြီး ဖြစ်လို့ပါ။ ကျနော်တို့လို လူငယ်တစ်ယောက်အမြင်နဲ့ကတော့ တ သည်ဖြစ်စေ၊ တစ်သည်ဖြစ်စေ အားလုံးက တညီတညွတ်တည်း အသုံးပြုကြတာကိုပဲ ဖြစ်စေချင်ပါတယ်။ သက်ဆိုင်ရာပညာရှင်တွေက ပြုစုတည်းဖြတ်ထားပြီး ဖြစ်ခဲ့ရင် အဲဒါကိုပဲ အားလုံးက အသုံးပြုစေချင်ပါတယ်။ သက်ကြီး ဝါကြီး ဆရာတွေအနေနဲ့လည်း ဒီ ဘုံပြဌာန်းစာအုပ်ပါ ရေးထုံးတွေကိုပဲ ညွှန်ပြပြီးတော့ မြန်မာစာ ညီညွတ်ရေးကို ရှေးရှုစေချင်ပါတယ်။ မြန်မာစာ မှန်ကန်ရေးမှာ ဆရာဒေါက်တာတင့်ဆွေကို ကျနော် အတိုက်အခံ မငြင်းလိုပါဘူး။ ဆရာ ပြောဆိုထောက်ပြခဲ့တာတွေက မမှားခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာစာညီညွတ်ရေးအတွက်လည်း ဆရာကို ရှေးရှုလုပ်ဆောင်စေချင်ပါတယ်။ အရင်က ရေးထံ

ဆရာကို ကာမပြန်ကြပါ

Image
သူငယ်ချင်းက ကွန်မင့်မှာ ရေးလာတယ်။ သူက ဆယ်တန်းမှာ အိုဘီ ခေါ် စိတ်ကြိုက်မြန်မာစာယူလို့ ကျွန်တော့်ထက် မြန်မာစာတော်တယ်။ တပြည်သူ မရွှေထား နိုးတဝက် အိပ်မက် တမျိုးမူတဲ့ ပဲခူးသူ တလုံးနှစ်လုံး စာစီကုံး တကျော့နှစ်ကျော့ တေးကိုသီ တကျွန်းစံ၏ အပြန်လမ်း တခုလပ်နှင့် အပျိုစင် တဆံခြည်မျှ မေ့မရလေဘူး အချစ်ဦး တပတ်သျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ ချစ်စရာတပွေ့တပိုက် ဤဖေ့ကြိုက်မို့ပင် တဖက်သတ်အချစ်ဟာ ဆိုးပါသည် ဆေးတံတိုတညိုလောက် ရော့သောက်တော့ပေး တရံရောအခါက ငှက်ငယ်လေးပမာ မိဘတလည် ရန်သူမည်၏ တအူတုံဆင်း မောင်နှစ်မအရင်းပမာ သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့်ကစာ၊ ရေပွက်ပမာ တသက်လျာတည်း တယောက်တလက်တအားသည်။ ကျေးဇူး သူငယ်ချင်း။ ပို့စ်ထဲ ထပ်ဖြည့်လိုက်မယ်။ ကျွန်တော်တို့က ဆရာတူတပည့်တွေ။ ဆရာကို ကာမပြန်ကြပါ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၈

စန့်သွားမယ်

Image
၁၉၅၈ ခုထုတ် လူထုသတင်းစာပါ ကာတွန်းဖြစ်ပါတယ်။ စန့်နေအုန်းမယ်ဆိုတာ အရပ်စကား ဖြစ်ပါတယ်။ သေမယ်လို့ပြောတာ။ ဂန့်သွားမယ်ဆိုတာလည်း အတူတူပဲ။ ကြွသွားမယ်လည်း အတူတူပဲ။ အခုခေတ်ဗန်းစကား မသိသေးပါ။ အခုခေတ်မှာ အရပ်ဝတ်နဲ့တော့ ခြောက်လုံးပြူး ခါးထိုးတာ မရှိလောက်ပါ။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂ဝ၁၈ ပုံ Aungmyint Oo ကျေးဇူး