ဂွတ် ကွယ်စ်ရှင်

အလွန်ကောင်းတဲ့မေးခွန်းဖြစ်တယ်လို့ မဖြေခင် ပြောလေ့ရှိတယ်။ ဒပ်ဗလင်မှာ တီဗွီအင်တာဗျူးဖြေနည်း နာရီတိုသင်တန်း တက်ဖူးတယ်။ ပိုက်ဆံတွေအများကြီးပေးမှသာ သင်ပေးတာ။ ကျွန်တော်က အဖြေကောင်းသူတော့ မဟုတ်ပါ။ တိုတိုဖြေတာ အကျင့်ပါနေတယ်။

ကိုယ့်တိုင်းပြည်ရောက်နေချိန်မှာ မေးတာတွေ ဖြေရတယ်။ တီဗွီကမေးတာတော့ မရှိပါ။ ဖြေရတာထက် ကိုယ်ကမေးလို့ သိရတာက ပိုလို့အမြတ်ထွက်တယ်။

ရေမရနိုင်တဲ့နေရာမှာ ဆည်ဆောက်တဲ့အကြောင်း။ မြေကြီးက ငွေတွေသီးကြတဲ့အကြောင်း၊ နာမည်ခံပေးတာနဲ့ ခရိုနီစက် တည်နိုင်ကြောင်းအပြင် လောဘ ဒေါသ မောဟအကြောင်းကို တရားပွဲမဟုတ်တဲ့နေရာတွေကနေ နာယူမှတ်သားရတယ်။

ဂွတ် အန်ဆာစ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး