ကန်ဘောင်ရိုးမှာ

ခရီးစဉ်အတွင်းမှာ တွေ့ရင် မေးကြတယ်။ အပြန်အလှန်မေးကြတာပါ။ မေးခွန်းတွေကတော့ မတူ။ နိုင်ငံရေးနဲ့ သုတတွေ။

တွေ့ချိန်လေးက တကယ့်ကို မှိုသက်။ သံခိပ်နည်းနဲ့တောင်မှမရ။

ခေါင်းစဉ်သာမက မေးတဲ့သူတွေ ရေချိန်မတူကြတော့ ဘာကို ဘယ်လောက်ထိ ပြောရမလဲက သိဖို့ခက်ခဲတယ်။

မိန့်ခွန်းဆိုတာတွေက ပြောခဲ့တဲ့နှစ်တွေများလို့ မပြောချင်။ စတိတ်မင့် ခေါ် ကြေညာချက်တွေရေးခဲ့တာလည်း အဲလိုပဲမို့ မရေးချင်။ ကျွန်တော်က အခန်းဆက်ရေးနည်းကို သိပ်မကြိုက်ပါ။

အဲတော့ အခုခရီးမှာ ကျပန်း၊ ကျပမ်း၊ ကျဖမ်း၊ ကျဘမ်း စကားပြောပွဲ ဝင်နွှဲရသလိုပဲ။

ဘုတလင် ညောင်ကန်က ကန်ဘောင်ရိုးမှာ အေးဆေးတယ်။ မန်ကျည်းပင်ကြီးက ဒိုင်လူကြီး။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး