ဆေးရုံတင်ခြင်း

ခုနစ်တန်းဖြေပြီးတော့ ဝါးလုံးထောက်ခုန်တာ တော်လို့ ဘယ်ဘက်လက် ကျိုးမလိုဖြစ်လို့ မုံရွာဆေးရုံမှာ ကျောက်ပတ်တီးစည်းရတယ်။ ကုလားဆရာဝန်ကြီးကို ပိုက်ဆံ ၁၆ ကျပ် ဆေးရုံရုံးခန်းမှာပဲ ပေးရတယ်။

ဆေးကျောင်း တတိယနှစ်ကတည်းက ဆေးရုံမှာစာသင်ရတယ်။ ဆေးရုံတက်ဖူးတာတော့ ပြည်ပမှာ။ ခရီးသွားရင်း ဆီးကျောက်လိုလို ဗိုက်အတင်းနာလို့ ဂဝါဟာတီဆေးရုံမှာ တခါ။ တရက်မကြာ။ ခရီးသွားရင်း ဒိန်းမတ်နိုင်ငံမှာ တခါ။ အိုပီဒီမှာသာ။

နယူးဒေလီမှာကျတော့ ၃-၄ ခါ။ ဘယ်ဘက်ခြေသလုံး အရိုးတချောင်းကျိုးလို့ သတ္ထုချောင်းထည့်ရတာနဲ့ ပြန်ထုတ်ရတာ။ ကားအက်ဆီးဒင့်ကြောင့် နံရိုးစစ်ဖို့ တခါ။ ညာဘက်လက်ကောက်ဝတ်ကျိုးတော့ ခွဲခန်းထဲမှာ ခွဲခန်းထဲမှာ ကျောက်ပတ်တီး စည်းရတယ်။

ယူအက်စ်ရောက်ပြန်တော့ မျက်စိရေတိမ်အတွက် မေ့ဆေးနဲ့ ဘယ် ညာ ၂ ခါ၊ လေဆာနဲ့ ၁ ခါ။ ခွဲပြီးအိမ်ပြန်လို့ရတယ်။ အူမကြီးကင်ဆာ စစ်တာလည်း မေ့ဆေးနဲ့၊ ဆေးရုံတော့ မတက်ရပါ။

ကျွန်တော့်မှာ သွေးတိုး မရှိ။ ဆီးချို မရှိ။ ကိုလက်စထောများတာ မရှိ။ သွေးကြောကျဉ်းတာမရှိ။ အကျိုးတော့ပေးတယ်။

ပုံ = ၂၂-၅-၂ဝ၁၈ ရက်နေ့က မန္တလေးဆေးရုံကြီး ခေါင်မိုးပေါ်မှာ

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး