Taste types အရသာအမျိုးမျိုး
ဖန်တာကြတော့ အင်္ဂလိပ်လိုဘယ်လိုခေါ်ပါသလဲ ဆရာ။
အင်္ဂလိပ်လိုရော ဆေးစာမှာပါ အရသာမှာ ဖန်တာမရှိပါ။ စပ်တာမရှိပါ။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မခေါ်တတ်ကြတာလား။ မဟုတ်ပါ။ အရသာကို လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အဖုကလေးတွေကြောင့်သိရတယ်။ အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့နဲ့ အရသာထဲမှာ အရသာက အားအနည်းဆုံးဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ ဆေးဝါးသောက်တာ၊ ဗီတာမင်ချို့ယွင်းတာ၊ ဦးခေါင်းကိုထိခိုက်မိတာ၊ ဦးနှောက်အကျိတ်၊ ဓါတ်ကင်ခံရတာတွေကနေ အရသာနည်းတာ၊ မရတာဖြစ်စေနိုင်တယ်။ ကွမ်းစားတဲ့လူက ချဉ်တာမကြိုက်ကြပဲ၊ တော်တော့စပ်တာကို မမှုပါ။
အငန်နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းမတွေက ယောက်ျားတွေထက် အရသာသိတာ ပိုများတယ်။ တယောက်တည်မှာလည်း အသက်အရ အရသာခံတာပြောင်းတယ်။ သိပ်ငယ်စဉ်မှာ အရသာသိစေတဲ့ အဖုလေးတွက လျှာတခုထဲကနေမဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲရှိလို့ ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။
အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တောင်အမေရိကက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာကို အမေရိက၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘောဖြစ်မယ်။ Chili (Chilli) ငရုတ်သီးထဲမှာပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကိုဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလိုဖြစ်တာဟာ ပူလို့ရတဲ့ နာကျင်မှုနဲ့အတူတူဖြစ်တယ်။ ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ အရသာခံတဲ့အဖုကလေးတွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာနဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူးအဖုတွေမရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကိုသိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။
ကြွက်တွေကိုစမ်းသပ်တော့ စပ်တဲ့အပူဆိုတာ Temperature hot အပူချိန်အပူနဲ့ မျိုးဗီဇတူတယ်လို့ သိရတယ်။ ကြက်တူရွေးကို ငရုတ်သီးကျွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီးထိတဲ့နေရာ မှန်သမျှကို ပူစေတယ်။ အပူလောင်တယ်လို့ အင်္ဂလိပ်လိုသုံးတယ်။ ငရုတ်သီးအမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင်သုတေသနအရ သိရတယ်။ ရွှေလံဘိုငရုတ်က ဂုတ်မှာချွေးထွက်တယ်။
ငရုတ်သီး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ ပူစပ်အစာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ VR1 receptors အာရုံခံတွေနဲ့ သွားပေါင်းမယ်။ အာရုံခံ (နူရုန်) ဟာ ပြောင်းလဲသွားပြီး အာရုံခံသတင်းကို ပို့ပေးတယ်။ ရှေးလူကြီးတွေက ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြဘူးတဲ့။
Saltiness အငန်
ဆိုဒီယမ်ကလိုရိုက်ရဲ့အရသာဖြစ်တယ်။ တခြားဓါတ်ဆားတွေက ဒါထက်နည်းနည်းသာငန်တယ်။
Sourness အချဉ်
အက်စစ်ဓါတ်ဖြစ်တယ်။
Sweetness အချို
သကြားစတာတွေကနေချိုတယ်။ အယ်လ်ဒီဟိုက်နဲ့ ကီတုန်းတွေကြောင့်ချိုတယ်။
Bitterness အခါး
ဒင်နာတိုနီယမ်ဓါတ်ကနေခါးစေတယ်။
Savouriness (Umami) အမွှေးအကြိုင်
အသားဓါတ်လိုဖြစ်သော၊ အရသာထူးတာကို နေရာအလိုက်ခေါ်တယ်။
Fat အဆီ
တချို့ကအဆီအရသာကို သီးခြားထားတယ်။
False Coolness အအေးတု
အေးတယ်၊ လတ်ဆတ်တယ်။ ဥပမာ (မင်သော်) ပရုတ်အေး၊ (ကမ်ဖေါ်) ပရုတ်၊ (မက်သနောလ်)။
False heat အပူတု
Spiciness စပ်တဲ့အရသာကိုခေါ်တယ်။ Chili peppers ငရုပ်သီး၊ Black pepper ငရုတ်ကောင်း၊ Ethanol (အက်သနောလ်) နဲ့ Capsaicin (က်စပီစီယမ်) အရသာကိုခေါ်တယ်။
Astringency စူးရှသော၊ ပြင်းထန်သောအရသာ
လက်ဖက်ရွက်၊ အသီးအစိမ်းတွေရဲ့အရသာဖြစ်တယ်။
Areca nut (betel nut) ကွမ်းသီးအရသာ
ကျွန်တော်တို့က ဖန်တယ်ဆိုတာ ကွမ်းသီးအရသာကိုပြောတာ။ ကွမ်းသီးထဲမှာ Arecoline (အရီကိုလင်း) ဓါတ်ပါတယ်။ သူက (ဘေ့စ် အယ်လ်ကာလွိုက်) ဖြစ်လို့ အက်စစ်နဲ့ပြောင်းပြန်။ အက်စစ်ကို ပူတယ်၊ စပ်တယ်လို့သတ်မှတ်တယ်။
Terminalia chebula ဖန်ခါးသီးအရသာ
Haritaki fruit လို့လည်းခေါ်တယ်။ အရသာအားလုံးထဲမှာ ငန်တာနဲ့ စူးရှပြင်းထန်တာကလွဲရင် ကျန်တဲ့အရသာတွေ စုပေါင်းထားတယ်လို့ ဘယဆေးပညာကဆိုတယ်။ ဝါးရင် ချိုလာတယ်။ ဆေးဖက်ဝင်တယ်။
အောက်ဆုံးကအရသာတွေကို ကျွန်တော်ကထည့်တာပါ။
ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၆
၂၈-၆-၂ဝ၁၈

Comments
Post a Comment