ပြတ် ပျက် နှင့် ပြက်

တင်းလွန်းလျှင်ပျက်လို့တင်တာတခု တွေ့လိုက်တယ်။ ပြတ်လို့ရေးရတယ်။ ပျက်ဆိုတာ ပျက်စီးတာ။

၁။ အသက်က 20ပါ မ ပထမကိုယ်ဝန်ပြတ်ကျဖူးပါတယ်ဆရာ ရာသီလာတာ တစ်လကို 8ရပ်လောက် လာပါတယ်ဆေးလဲမထိုးပါဘူးဆေးလဲမသောက်ပါဘူးဆရာ ကလေးရနိုင်လားဆရာ ကိုယ်ဝန်ပြတ်တာ8လရှိပါပြီဆရာ

သတ်ပုံကိုပြင်ပါရစေ။ ကိုယ်ဝန်ပြတ်ကျ = ကိုယ်ဝန်ပျက်ကျ။ တစ်လကို 8ရပ်လောက်လာပါတယ် = တလကို ၈ ရက်လောက်လာပါတယ်။ ကိုယ်ဝန်ပြတ်တာ8လရှိပါပြီဆရာ = ကိုယ်ဝန်ပျတ်တာ ၈ လရှိပါပြီဆရာ။

၂။ ဆရာ အမတယောက် အသက် ၄၀။ ကိုယ်ဝန်ရတာ ဒါနဲ့ဆို ၄ ခါရှိပါပြီ။ ၃ လ၊ ၄ လဆိုတာနဲ့ ပြတ်ပြတ်ကျနေပါတယ်။ ဘာဆေးစားရပါသလဲးဆရာ။

ပျက်ပျက်ကျနေလို့ ရေးရတယ်။ ပြတ်ဆိုတာ ပြတ်တောက်တာ။ လဲမှာ ဝစ္စပေါက် မလိုပါ။

၃။ ဆရာ သမီးက အသက် ၂၀ ပါ။ အိမ်ထောင်သက် ၁ နှစ်နဲ့ ၇ လပါ။ ကလေးကမရသေးဘူးရှင်။ ပထမကိုဝန် ၄၉ ရက်နဲ့ ပြက်ကြဖူးပါတယ်ရှင်။ သောက်ဆေးရှိရင် ညွန်းပေပါဆရာ။

ပျက်ကျနေလို့ ရေးရတယ်။ ပြက်ဆိုတာ ပြက်လုံး။

ပျက်
ကိုယ်ဝန်ပျက်ကျ။
စည်းကမ်းပျက်။
စိတ်ပျက်လက်ပျက်။
တရားပျက်။
ပျက္ခဒိန် (အသုံးဟောင်း)။
ပျက်စီးဆုံးပါး။
မပျက်မကွက်။
လူပျက် (ပျက်စီးနေသောသူ)။
ဝမ်းပျက်။
အစားပျက်။
အကြံအစည်ပျက်။
အဖြစ်အပျက်။
အနေအထိုင်ပျက်။
ပေါ့ပျက်ပျက်။
သွေးပျက်
အသွားအလာပျက်

ပြတ်
စာပေတည်းပြတ်သည်၊ တည်းဖြဋ်သည် (နောက်သုံး = တည်းဖြတ်သည်)
တိကျပြတ်သားသည်
ပုတ်ပြတ်အလုပ်
ကြိုးပြတ်သည်
ပြတ်ကင်းသည်
ပြတ်သောဓါး
ရိက္ခာပြတ်သည်
အစဉ်မပြတ်
အပြတ်အသတ်နိုင်သည်
ဆွေပြတ်မျိုးပြတ်
နွားသိုးကြိုးပြတ်

ပြက်
ထုပြက်အလျားအနံ။
ပြက်ပြက်ထင်ထင် (ထင်ထင်ရှားရှား)။
ပြက်ရယ်ကျီစယ်။
ပြက်ရယ်ပြုသည်။
ပြက်လုံးထုတ်။
ပြက်ချော်ချော်။
ပြိုးပြိုးပြက်ပြက်။
လက်ဝါးပြက်။
လျှပ်စစ်ပြက်။
လူပြက် (လူရွှင်တော်)။
သပြက်ပင်။

လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်။ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖေါ်ပြ အာကာဝေဟင်၊ ဘယ် ရှေးဝဋ်ကြွေးတုံ့တင် ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လှဲ့စေခင် ချစ်တဲ့သူရဲ့ရင်ခွင် တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင် ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင် အော့့် မိုးသက်လေနှင့့်

မိုးသက်လေနှင် https://www.youtube.com/watch?v=MjCh6a67KqI

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး