ဆရာကို ကာမပြန်ကြပါ

သူငယ်ချင်းက ကွန်မင့်မှာ ရေးလာတယ်။ သူက ဆယ်တန်းမှာ အိုဘီ ခေါ် စိတ်ကြိုက်မြန်မာစာယူလို့ ကျွန်တော့်ထက် မြန်မာစာတော်တယ်။

တပြည်သူ မရွှေထား
နိုးတဝက် အိပ်မက်
တမျိုးမူတဲ့ ပဲခူးသူ
တလုံးနှစ်လုံး စာစီကုံး
တကျော့နှစ်ကျော့ တေးကိုသီ
တကျွန်းစံ၏ အပြန်လမ်း
တခုလပ်နှင့် အပျိုစင်
တဆံခြည်မျှ မေ့မရလေဘူး အချစ်ဦး
တပတ်သျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ
ချစ်စရာတပွေ့တပိုက် ဤဖေ့ကြိုက်မို့ပင်
တဖက်သတ်အချစ်ဟာ ဆိုးပါသည်
ဆေးတံတိုတညိုလောက် ရော့သောက်တော့ပေး
တရံရောအခါက ငှက်ငယ်လေးပမာ
မိဘတလည် ရန်သူမည်၏
တအူတုံဆင်း မောင်နှစ်မအရင်းပမာ
သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့်ကစာ၊ ရေပွက်ပမာ တသက်လျာတည်း
တယောက်တလက်တအားသည်။

ကျေးဇူး သူငယ်ချင်း။ ပို့စ်ထဲ ထပ်ဖြည့်လိုက်မယ်။ ကျွန်တော်တို့က ဆရာတူတပည့်တွေ။ ဆရာကို ကာမပြန်ကြပါ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး