ရည်စူး၍

ဆရာခင်ဗျား အလှူကဗျည်းမှာရေးရင် မိဘများကိုရည်စူး၍ နဲ့ မိဘများကိုရည်ဇူး၍က ဘယ်ဟာမှန်ပါသလဲ ဆရာ

ရည်စူး၍က မှန်ပါတယ်။ ကမ္ပည်းလို့ ရေးရတယ်။ ဗျည်းအက္ခရာလို့ ရေးရတယ်။

ရည်
ဂုဏ်ရည်
စွမ်းရည်
ထန်းရည်အရက်
ပညာရည်ချွန်ဆု
ပန်းရည်စုတ်
ပုန်းရည်
မျက်ရည်
ရည်ငံချစ်ကြိုက်
ရည်စူးသည်
ရည်ညွှန်းချက်
ရည်တူသည်
ရည်မွန်သည်
ရည်မှတ်
ရည်မှန်းသည်
ရည်ရွယ်ချက်
ရည်ရွယ်သည်
ရည်သန်သည်
ရည်စောင်သည်
ရည်မျှော်
ရည်ရော်
ရည်ညွှန်း
ရုပ်ရည်
လက်ရုံးရည်
သွားရည်
အရည်အချင်း
အရည်အသွေး
ခေါင်ရည်
ဖျော်ရည်
ရွှေရည်ငွေရည်
သေရည်သေရက်
နှလုံးရည်

မြသန်းတင့်စာအုပ်အဖုံးမှာ အမှန်တကယ်နဲ့ အဆန်းတကျယ်မှာ တစ်တွေမလုပ်ပါ။ အရည်အတွက်မှ အရည်အချင်းသို့လို့ ရေးထားတယ်။ နောက်ပိုင်းမှာ အရေအတွက်မှ အရည်အချင်းသို့လို့ ရေးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး