ဘုရားလည်းဖူး သတ်ပုံလည်းဖူး




ဘုရားကျောင်းကန်တွေရောက်တိုင်း ကမ္ဗည်းထိုးစာတွေ လိုက်ဖတ်ပါတယ်။ မြန်မာစာသတ်ပုံအတွက်ပါ။ အရင်ရေးတွေက မိသားတစုလို့ သတ်ပုံမှန်ပြီး နောက်ဟာတွေက တစ်စုလို့ ပေါ်လစီနောက်လိုက်ရေးကြတယ်။

ခုခေတ်မြန်မာစာကို ဖေါ်မြူလာနဲ့သင်နေကြတာ တယ်သဘောမကျလှပါ။

ရေတွက်လို့ရရင် တစ်၊ မရရင်တ တဲ့။ အကုန်မမှန်ပါ။ ပိုက်ဆံစက္ကူပါ တကျပ်၊ တဆယ်၊ တရာ စာတွေကို ခဏခဏ တင်ပြထားပါတယ်။

မ နောက်က ဘဲ လိုက်တဲ့။ အဲတာလည်း နေရာတိုင်းမှာ မမှန်ပါ။ သိပ္ပံမောင်ဝစာကို နမူနာပေးထားပြီးပြီ။

ခ င ဂ ဒ ပ ဝ ခြောက်လုံးကို ခင်၊ ဂူ၊ ငေါ၊ ဒေါ၊ ပုံ၊ ဝ၊ ဝိုက်ချ (-ာ) မသုံးရ။ မောက်ချ (-ါ) အသုံးကျတဲ့။ ရွေမော်ဓေါဘုရားက ဦးနုရေးထိုးထားတဲ့ကျောက်စာကိုကြည့်ပါလေ။

မဟာလယ်တီ ကျောက်စာပါ မြန်မာစာ၊ တ လား တစ်လား သတိပြုပါ။

မုံရွာတောင်နားက ဗောဓိတထောင်မှာ ဘုရားလည်းဖူး သတ်ပုံလည်းဖူးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး