ဟုတ်ပါပြီ

ဆရာ တချို့ပြောဆို ရေးသားပါတယ်။ ဟုတ်ပါပြီဆိုတဲ့ စကား၊ စာသားပါ အသုံးပြုပုံ ပြုသင့်တဲ့အနေအထား ဆရာ ရှင်းပြပေးစေချ့င်ပါတယ်။

လူတိုင်းမှာ စကားပြောတဲ့အကျင့်ကိုယ်စီရှိကြတယ်။ ဘယ်စကားဝိုင်းမှာမဆို ပြောနေကျအသုံးကိုပဲ ထည့်ပြောတတ်ကြတယ်။ ဟုတ်ပါပြီလည်း အပါအဝင်ဖြစ်တယ်။ ဟုတ်ပါပြီဆိုတာက တဘက်လူပြောတာကို သဘောတူတဲ့သဘော။ အကျင့်ပါလို့သာ ဟုတ်ပါပြီထည့်ပြောပေမဲ့ သဘောမတူတာကို ဆက်ပြောတာမျိုးလည်းရှိတယ်။

ပစ္စည်းကြော်ငြာသူတွေကလည်း အဲလိုပြောကြတယ်။ ဘယ်သူက ဘာမှမပြောတာကို ဟုတ်ပါပြီ၊ ကောင်းပါပြီလို့ အော်တယ်ရောင်းတယ်။

အင်တာဗျူးတွေကို သေချာနားထောင်ရင် ဖြေတဲ့သူရဲ့အရည်အချင်း သိနိုင်တယ်။ အတွေ့အကြုံများတဲ့သူတွေ အင်တာဗျူးဖြေနည်း လေ့လာထားသူတွေကတော့ သင့်မှန်တဲ့ ကနဦးစကားပြောကြတယ်။ အင်္ဂလိပ်ဘာသာနဲ့လွင့်တဲ့ တီဗွီတွေကို လေ့လာကြည့်ပါ။ မေးတာကို ဘယ်လိုစကားလုံးနဲ့ စပြောသလဲ။ ဝဲလ် လို့ပြောရင် သိပ်တိကျတဲ့အဖြေပေးမှာ မဟုတ်ပါ။ မေးခွန်းကိုပြန်ပြောမနေပဲ၊ စကားခံမနေပဲ တန်းဖြေသူမျိုးက တိကျတာပြောလိမ့်မယ်။

စာရေးတဲ့အခါလည်း အကျင့်ကိုယ်စီရှိကြတယ်။ ဝတ္ထုတွေတချို့မှာ သဘောမကျတာတွေ တွေ့တယ်။ တကယ့်လူ့လောကမှာ မပြောမဆိုတာမျိုးကို ဇာတ်လိုက်တွေက ပြောကြတယ်။

ဆိုပါအုန်း ခင့့်
ဆက်ပြောပါ မောင့့်

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး