မြန်မာစာ တဖူနာ

လှသမိန်ပြုစုသော မြန်မာ့ ဘန်းစကားများ

တကောင်ဖွား = ထူးချွန်သူ၊ ရှာမှရှားသူ၊
ထိုစကားမှာ မတထောင် တကောင်ဖွားဟူသော စကားမှလာသည်။ မိန်းမပေါင်းတထောင် သားသမီးဖွားမြင်ရာတွင် ထိုလူမျိုးတယောက်သာ ဖွားမြင်နိုင်အောင် ရှားပါးလှသောသူဟူ၍ အဓိပ္ပါယ်ရသည်။

တပင်တိုင် = တဦးတည်း၊ တမျိုးတည်း၊ အဖော်အဖက်မပါ တပါးတည်း
ရှေးမြန်မာဘုရင်များလက်ထက်က သမီးတော်တပါးကို နန်ဆောင်သီးခြားဖြစ်သော တပင်တိုင်နန်းဖြင့် ချီးမြှောက်ထားလေ့ရှိသည်။ ထိုမင်းသမီးမှာ အိမ်ရှေ့မင်း၏ မိဖုရားလောင်းဖြစ်ပြီး၊ နောင်တော်အိမ်ရှေ့မင်း ထီးနန်းဆက်ခံရပါက မိဖုရားကြီးဖြစ်ရန် အလားအလာရှိလေသည်။
ထိုသို့တပင်တိုင်နန်းဖြင့်တသီးတခြား တပါးတည်း စံမြန်းစေသည်ကိုစွဲ၍ အခြားအဖော်အဖက် အတွဲအစပ်မပါသောအရာများကို တင်စား၍ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသည်။

တပင်တိုင်မုံ့ဟင်းခါး = ဟင်းပျစ်၊ ဟင်းကျဲနှစ်မျိုးမပါဘဲ ဟင်းရည်တမျိုးတည်းသာပါသည်။

တပင်တိုင်မင်းသမီး = အတွဲအဖက်မပါဘဲ တဦးတည်းခေါင်းဆောင်၍ ကပြရသည်။

တပင်တိုင်တီးလုံး = အခြားတုရိယာများ မဖက်ဘဲ တုရိယာတခုတည်းဖြင့်သာ တီးမှုတ်သည်။

တဖူနာသည် = အခွင့်အရေး တစိတ်တဒေသနစ်သည်

တဖက်ကမ်းခတ်သည် = ပေါက်ရောက်ကျွမ်းကျင်သည်

တဖွဖွပြောသည် = ထပ်တလဲလဲပြောသည်

လှသမိန်ရေးသားထုတ်ဝေခဲ့တဲ့ မြန်မာစာစာအုပ်တွေများပါတယ်။ မြန်မာစကားပုံအဘိဓာန်။ မြန်မာစာအဆီအနှစ်၊ ၁၉၆၆။ မြန်မာစာအရသာ၊ ၁၉၆၈။ မြန်မာဘန်းစကားများ၊ ၁၉၆၇။

လှသမိန်ရေးခဲ့တဲ့စာအုပ်တွေက ၃ ကျပ်လောက်သာတန်တယ်။ မှန်တယ်။ အခုခေတ်မှာ မြန်မာစာဆရာတွေကတော့ တအုပ် ၃ ထောင်ကျော်တန်စာအုပ်တွေ ထုတ်နေကြတယ်။ တစ်ကောင်ဖွား၊ တစ်ပင်တိုင်က မှန်တယ်လို့ပြောနေခြင်းဟာ ပလီရာကျတယ်။ မြန်မာစာ တဖူနာစေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး