ဆရာ

၁။ ဆရာကြီးပဲခေါ်မယ် ဆရာကြီး

ဆရာကြီးဆိုတာတော့ သဘောမကျပါ။

၂။ အိမ်ပြန်ရောက်ချိန်မှာ ဆရာကြီးဆိုတာတော့ တယ်သဘောမကျပါ။

ပေ့ခ်ျတစ်ခုမှာတင်ထားတာတွေ့လို့ပါဆရာ အသက်အရွယ်ကြောင့်ရယ် ဖြတ်သန်မှုသမိုင်းကိုလေးစားတာကြောင့်ရယ်လို့ ဆရာကြီးလို့ရေးတာဖြစ်မယ်ထင်တယ်

ကျွန်တော်က အခေါ်အဝေါ်တွေ အသုံးအနှုန်းတွေကို အတော်သတိထားတယ်။ ပြည်တွင်းရောက်တော့ ဆရာကြီးလို့ နေရာတကာမှာ ကြားခဲ့ရတယ်။ ကျွန်တော်တို့နေခဲ့စဉ်က အဲလောက်မသုံးကြပါ။ သုံးတဲ့နေရာလည်း ကွာတယ်။ ကျောင်းအုပ်ဆရာကြီးကိုသာ အများဆုံးသုံးတယ်။ တိုင်းရင်းဆေးဆရာတွေ ဗေဒင်ဆရာတွေကိုလည်း သုံးတယ်။ အလုပ်သမားခေါင်းကိုလည်း ခေါ်တယ်။ နေရာတကာဆရာလုပ်တဲ့သူကိုလည်း ဆရာကြီးလို့ ကဲ့ရဲ့တယ်။

သူများပါးစပ်တော့ လိုက်ပိတ်လို့မရ။ အသက်ကတော့ ၇ဝ။ ကျွန်တော့မူကတော့ ဆရာတလုံးတည်းသာ။

အများဆိုင်နာမ်တွေကို သင့်တော်ရာရွေးတတ်ရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး