Nocid Tablet ဆေး

ဆရာ ကျမ အခုသောက်နေတာ NOCID က ကျောက်ကပ် ရောင်တာ အတွက်ပေးတာလို့ပြောတယ် သက်သာပါတယ် သို့သော် တခြားဘာမှတွဲမပေးထားဘူး အဆင်ပြေလောက်ပါတယ်နော် ဆရာ

ကျမဆိုသူ အမျိုးသမီးလို့ သိတယ်။ အသက် မသိပါ။ အရွယ်ရောက်ပြီးသူဆိုရင် ရာသီ-အိမ်ထောင်ရေး စတာ မသိပါ။ ကျောက်ကပ်ရောင်တာကောင်းတယ်လို့ ဆီးလမ်းအထူးကုဆရာဝန်က ပြောတာ ဟုတ် မဟုတ် မသိပါ။

Nocid Tablet ဆေးပြားထဲမှာ Famotidine - 40 MG ပါတယ်။

Gastric ulcers အစာအိမ်အနာ၊
Upset stomach အစာအိမ်မကောင်းတာ၊
Heartburn ရင်ပူတာ၊
Indigestion အစာမကျေတာ၊
Acidity အက်စစ်ဓါတ်များတာတွေအတွက် ပေးပါတယ်။

Nocid Tablet ဘေးထွက်သက်ရောက်မှုများ
Fatigue အားယုတ်၊
Impotence ပန်းသေပန်းညှိုး၊
Unexplained bleeding or bruising မထင်မှတ်ပဲ အရေပြားအောက် သွေးယိုခြင်း၊
Muscle discomfort ကြွက်သားအနေရခက်ခြင်း၊
Infections ပိုးဝင်ခြင်း၊
Vomiting or stomach pain ဗိုက်နာပြီး အန်ခြင်း၊
Severe dizziness or nausea ခေါင်းတအားမူးပြီး ပျို့ခြင်း၊
Constipation or diarrhea ဝမ်းချုပ် သို့မဟုတ် ဝမ်းပျက်ခြင်း၊
Yellowing of eye or skin အသားဝါခြင်း၊
Headache ခေါင်းကိုက်ခြင်း၊

ကျောက်ကပ်နဲ့ဆိုင်တာတော့ ဆေးဝဘ်ဆိုက်မှာ ရေးထားတာ မတွေ့မိပါ။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်ရင် သောက်နိုင်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး