မြင်းခွာတချက်ပေါက်လျှင် သတ်ပုံ

ကိုဗဟိန်း ခေါ် ရဲဘော်ဗဟိန်းကို နိုင်ငံရေးလိုက်စားတဲ့ ကျောင်းသားတွေက လေးစားကြတယ်။ အမှတ်တရ အခမ်းအနားတွေ ကျင်းပကြတယ်။ ဒါပေမဲ့ ခေါင်းစီးမှာ ပေါ်လစီသတ်ပုံဖြစ်နေတာ တွေ့ရတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုပညာရေးနှင့် ၀ါဒဖြန့်ချိရေးဌာနက ထုတ်ဝေတဲ့ ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ ထဲမှာ တတွေကို မလိုအပ်ပဲ တစ်လုပ်မထားပါ။ မြင်းခွာတချက်လို့သာ ရေးပါတယ်။

ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင်နှစ်ဦးရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်းဖြစ်သည်။ (၂၊ ၃၊ ၁၉၉၄)

လင့်တွေကို ဖေ့စ်ဘွတ်မှာ တင်မရပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး