Posts
Showing posts from 2016
Surgeon ခွဲဆရာဝန်
Image
ပို့စ်တခုကပုံကို သဘောကျတယ်။ မနေ့ပဲ သူများတွေလုပ်ထားပြီးသား ပုံတွေ၊ အိုက်ကွန်တွေကို ထပ်ချည်းတလဲ တင်နေကြတာကို ရေးမိသေးတယ်။ ကနေ့တော့ ဆွမ်းလောင်းပွဲက မုန့်ဆီကြော်နဲ့ ပဲခွေနဲ့တူတယ်လို့ ထပ်ရေးလိုက်တယ်။ ဆောရီး။ ကျွန်တော်က ကိုယ်တိုင်တီထွင်ကြံဆတာကို အားပေးတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မဟုတ်သေးလည်း ချီးကျူးတယ်။ ပုံထဲမှာ ခွဲစိတ်ခန်းသုံးကရိယာတွေနဲ့ ဟက်ပီးနယူးယီးယားကို ပုံဖေါ်ထားတယ်။ ကြည့်ရတော့ လက်ယားလာတယ်။ တခုချင်းကိုကိုင်ပြီး အသုံးချချင်မိတယ်။ ကျွန်တော် ခွဲစိတ်လူနာတွေနဲ့ဝေးရတာ ၂ နှစ်ကျော်ပြီ။ ခွဲစိတ်ခန်းနဲ့ကင်းခဲ့ရတာက ၂၆ နှစ်ရှိပြီ။ ဒေလီမှာနေရတုန်းက အိုတီ ခေါ် ခွဲစိတ်ခန်းမပီသပေမယ့် ဖြစ်သလိုခွဲပေးခဲ့နိုင်သေးတယ်။ ခွဲစိတ်စရာမလိုတာကိုပါသိမှသာ တော်တဲ့ဆာဂျင်လို့ခေါ်ပါတယ်။ လူနာမရှိတဲ့ခွဲစိတ်ဆရာဝန်ကို ဘယ်လိုခေါ်မလဲ။ ခွဲဆရာဝန် = ခွဲသွားပြီဖြစ်တဲ့ဆရာဝန်။ ပုံမူရင်းက Medical-Online လို့ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆
Surgeons are the most attractive doctors
Image
ခွဲစိတ်ရာဝန်တွေက ဆွဲဆောင်မှုအရှိဆုံးဆရာဝန်တွေဖြစ်ကြတယ်လို့ ၂ဝ၁၆ နှစ်ဆန်းမှာထုတ်တဲ့ တိုင်းမ်မဂ္ဂဇင်းမှာ ရေးထာတာဖတ်ရတယ်။ ဆောင်းပါးက ဆေးပညာအတွက်တော့ မဟုတ်ပါ။ လူမှုဆက်ဆံရေးကို ဇောင်းပေးထာတယ်။ သူတို့တိုင်းပြည်မှာ ခွဲစိတ်ဆရာဝန်ဆိုရင် တွဲချင်ကြတယ်လို့ UniformDating.com ကနေ ယူနီဖေါင်းဝတ်သူတွေနဲ့ ဒိတ်လုပ်ခြင်းကို သုတေသနလုပ်လို့ သိလာတဲ့ ကောက်ချက်ဖြစ်ပါတယ်။ စုစုပေါင်း ၁ဝဝဝ ထဲက အမျိုးသမီး ၃၆% နဲ့ အမျိုးသား ၂၆% က ခွဲစိတ်ဆရာဝန်တွေကို ရွေးကြပါတယ်။ ကလေးအထူးကုဆရာဝန်တွေက ၂၈% + ၂၃% နဲ့ ဒုတိယလိုက်တယ်။ Shrink ခေါ် စိတ်အထူးကုဆရာဝန်တွေက မစွန်ကြပါ။ အမျိုးသမီး ၆% နဲ့ အမျိုးသား ၁ဝ% ကသာ သူတို့ကို ရွေးကြပါသတဲ့။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေအတွက် အဲလို ဂျူတီကုတ်အဖြူရောင်ဟာ လွှမ်းမိုးမှုသဘော ဆောင်တယ်။ စွမ်းဆောင်နိုင်တယ်လို့ အထင်ရောက်စေတယ်လို့ ဆန်းစစ်မှုကဆိုပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ သူများတွေထက် လက်တွေ့သဘောဆန်တယ်။ အိုင်ကျူမြင့်တယ်။ ခက်ခဲတဲ့အခြေအနေမျိုးမျာ တည်ငြိမ်ကြတယ်။ သူတို့လက်တွေကလည်း အစွမ်းကောင်းတယ်လို့ပါဆိုပါသေးတယ်။ အန်စာတုံးပြစ်သလို ရွေးရာမှာလည်း ခွဲစိတ်ဆရာဝန်ကို ၈၉% ကသဘောကျကြတယ်။ ထိခိုက်ဒဏ်ရာရတာ၊ နေမကောင်း
2017 အမျိုးတွေ
Image
နှစ်သစ်ကူးနေ့ တူတွေ တူမတွေ ဘာရေးကြသလဲ ဖတ်မိတယ်။ (၁) မုံရွာက မောင်ဥဂ္ဂါ နှစ်သစ်မှာ ခေါင်မိုးထက်၊ မန်ကျည်းရွက် တက်ရှင်း။ တနှစ်မှာ တခါလောက် စိတ်ကောင်းပေါက်တယ် အောက် ကောင်းကောင်းဆင်း။ (၂) ငါ့တူမ မသဇင် ငယ်ချင်သေးတော့ ရှေးတုန်းကပုံကိုတင်။ တနှစ်ကူးတာဟာ တနှစ်ကြီးလာတာမို့ နီးပေါ့လို့မြင်။ (၃) တချို့အမျိုးများ ၃၆၅ မအားကြရှာ။ ပုလင်းနဲ့ မြူအိုး ဇိုးမျိုးခံရတာက ဇနီးသားမယား ရောဂါများရလို့တော့ ငါလည်းမတတ်နိုင်ပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆
Malnutrition အာဟာရချို့တဲ့နေတဲ့ မြန်မာစာ
Image
Kyaw Kyaw တဝမ်းပူစသတ် တစ်က သွားလေသူ ၆၂ ကြီးလက်ချက်ဆိုတာ ဟုတ်ပါသလားဆရာ။ ဗိုလ်ချုပ်နေဝင်းက ၁၉၈၁ ခုနှစ် သြဂုတ်လမှာ တပြေးညီလုပ်ဘို့သာပြောတယ်။ မြန်မာစာဆရာကြီးတချို့က တစ်လိုက်ကြတယ်။ ဆရာတချို့က သဘောမတူလို့ မလိုက်နာခဲ့ကြပါ။ ဒါပေမဲ့ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။ နောက်တက်စစ်အစိုးရကတော့ အဲလို တစ်လို့မရေးရင် ထုတ်ဝေခွင့်မပေးပါ။ တလုံးဘယ်လောက်ဆိုပြီး လျှော်ရသေးသတဲ့။ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။ အခုအစိုးရလက်ထက်အထိ ကုလားထိုင်ရ မြန်မာစာဆရာများကလည်း အဲတာကိုသာ တရိုတသေလိုက်နာကြတယ်။ အဲတော့ လက်ညှိုး ၃-၄ ချောင်းထိုးမှသာ စုံစေ့ပါမယ်။ ဗိုလ်နေဝင်းလက်ထက်မှာ ယူနီဖေါင်းသတ်ပုံလို့ခေါ်တယ်။ စစ်အစိုးရလက်ထက်မှာ ပေါ်လစီသတ်ပုံလို့ခေါ်တယ်။ အခုတော့ ကုလားထိုင်သတ်ပုံလို့ခေါ်တယ်။ ပြင်လာသူတွေ များများလာလို့ အာဟာရချို့တဲ့နေတဲ့ မြန်မာစာမှာ နည်းနည်းတော့အားရှိတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆
Biased Doctor ဘက်လိုက်တဲ့ ဆရာဝန်
Image
အနီရင့်ရင့် မောင် = ဆရာက အမျိုးသမီးတွေ ဦးစားပေးဖြေကြားသလား? ကွန်မင့်ဖတ်ရလို့ ချက်ချင်း အီးမေးလ်ကနေလာတဲ့ မေးခွန်းတွေကို ဆန်းစစ်မှု ခပ်မြန်မြန်လေးလုပ်ရပါတယ်။ ဖေ့စ်ဘွတ် ချတ်နဲ့ မက်ဆင်ဂျာကို မလုပ်အားတော့ပါ။ 1. Thura Aung အမျိုးသား (no subject) - ကျွန်တော် အသက် 28 နှစ်ပါ ကျွန်တော် 19 oct 2016 က သူငယ်ချင်းပေါင်းမှားပြီး 2. Aung, me (3) အမျိုးသား ကျန်းမားရေး အကြောင်း မေးမြန်းခြင်း - ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှု ရှိတယ်။ 3. Nant, me (2) အမျိုးသမီး ဆရာရှင့် သမီးအသက် ၃ဝ ရှိပါပြီ။ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ။ 4. Phyo, me (2) အမျိုးသား ကျန်းမာရေးဆိုင်ရာ - သည်အတိုင်းတော့ ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နားထောင် စစ်ဆေးမှသာ သိပါမယ်။ 5. သိမ့်, me (3) အမျိုးသမီး ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။ 6. Myo, me (2) အမျိုးသား မေးခွန်းမေးခွင့်ပြုပါဆရာခင်ဗျား 7. chothae, me (5) အမျိုးသမီး (no subject) - font size လို့ရေးရတယ်။ 8. Rose, me (2) အမျိုးသမီး (no subject) - ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။ 9. Phay, me (5) အမျိုးသမီး Dr. ရှင့် သည်းခြေ ကျောက်တည်တဲ့ရောဂါအကြောင်း သိပါ
Happy Burmese ဟက်ပီးကြပါသလား
Image
မြန်မာပြည်မှာတော့ ဟက်ပီးနေကြပြီ။ ကျွန်တော့်ဆီက မပီးရသေးပါ။ အခုစာရေးနေချိန်က ၃၁ ရက်နေ့ မနက်။ မနက်ထတာနဲ့ အီးမေးလ်ကမေးတာတွေကို ဖြေတယ်။ ၉ ယောက်ဆီကမေးတယ်။ ၄ ယောက်ကို သတ်ပုံပြင်ရတယ်။ ၁။ ဆရာ ကျွန်မ အသက် ၅၈ နှစ်ပါ။ ဗိုက်အောင့်အောင့်နေလို့ အက်ထွာစောင်းရိုက်ကြည့်တာ သည်းခြေအိတ်မှာကျောက်တည်နေတယ်လို့ သိရပါတယ်ရှင့်။့ အာလ်ထွာဆောင်းလို့ ရေးရတယ်။ အာထွာဆောင်းလည်း ရတယ်။ စောင်း မဟုတ်။ ၂။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ပါ။ အိမ်ထောင်သက်တမ်း ၇ လပါ ။ အိမ်ထောင်ကျစက iud ၃ လ သားအိမ်မှာ ထည့်ဖူးပါတယ်။ ၃ လပြည့်တော့ ပြန်ထုပ်ထားပါတယ်။့ ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။ ထုပ်ဆိုတာ အထဲမှာသိမ်းထုပ်ထားတာ။ ထုတ်ကမှ အပြင်ကိုထုတ်တာ။ ၃။ အသက် ၂၆ အိမ်ထောင်ရှိပါတယ်။ tv ဖြစ်လို့ ဆေး ၆ လသောက်နေရပါတယ်။ တစ်ခုမေးချင်လို့ပါဆရာ။ tv ဆေး သောက်နေရင် ကလေးယူလို့ရပါသလား။ ပုံမှန်တွေးကြည့်ယုံနဲ့ ကလေးမယူသင့်တာတော့သိပါတယ်ရှင့်။ သေချာ သိချင်လို့ပါရှင့်။ နောက် အရိုး tv ဖြစ်ရတဲ့ အကြောင်းကိုလည်းသိချင်ပါတယ်။ TB တီဘီလို့ ရေးရတယ်။ ၄။ ကျွန်တော် အသက် ၂၉ နှစ်ပါ။ ယောက်ျားလေးပါ။့ လက်မှာ အနီစက်တွေ နောက်ကြောမှ အနီအဖု နည်းနည်း ထွက်လာတယ်။
A Gathering in Monywa
Image
မုံရွာမှာ အမျိုးတွေ မိတ်ဆွေတွေ ဆုံနေကြတဲ့ပုံ အခုပဲရတယ်။ လက်ပန်းတောင်းမှာ မီးလောင်ဗုံးဒဏ်ခံရတဲ့ ဦးတိက္ခဉာဏ။ ကျွန်တော့်ညီတဝမ်းကွဲ။ သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ကျွန်တော့်ဦးလေး။ မုံရွာ စတိတ်တူးကျောင်းမှာ ကျောင်းအုပ်လုပ်နေတုံး ဟာဝိုင်ယီကို ပညာတော်သင်သွားရတယ်။ ကျွန်တော်က ခုနစ်တန်းအောင်ပြီး၊ နွေရာသီကျောင်းမပိတ်ခင်မှာ ဝါးလုံးထောက်အခုန်ကောင်းလို့ ဘယ်ဖက်တံတောင်ဆစ်မှာ ကျောက်ပတ်တီးနဲ့ ဦးလေးကျောင်းအုပ်ကြီးကို နှုတ်ဆက်ရတယ်။ နောက်တယောက်က ဘာသာပြန်စာရေးဆရာ မောင်ရဲခိုင်။ သူ့အကိုက ကျွန်တော်နဲ့တတန်းတည်း။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး မြေးတွေ။ နောက်တယောက်က ဒေါက်တာဗဟိန်းက ကျွန်တော်ထက်စောပြီး ဆရာဝန်ဖြစ်တယ်။ ကျွန်တော်လိုပဲ မုံရွာစတိတ်တူးထွက်။ ဆယ်တန်းမှာ ဂုဏ်ထူးပေးတာ အလွန်ရှားပါးတဲ့အချိန်သူမှာ ဂုဏ်ထူးတွေနဲ့အောင်လို့ ကျောင်းကထူးချွန်ကျောင်းသားသင်ပုန်းမှာ သူနဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့နာမည်တွေက ထိပ်ဆုံးက။ (ကျွန်တော် ဂုဏ်ထူးနဲ့ တခါမှ မအောင်ပါ။) No Smile! နောက်တယောက်က ကျွန်တော်ပြည်ပထွက်ပြေးလို့ ကိုယ်စားထောင်အချခံရတဲ့ ကျွန်တော့်ညီအရင်း အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးတင်လေး။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆
Happy 2017 ဟက်ပီး မြန်မာစာ
Image
ဟက်ပီးနယူးယီးယားတွေ လာနေတယ်။ ဒီကနေပဲ အကုန်လုံးကို ကျေးဇူးလို့သာ ရေးပါရစေ။ ကျွန်တော့်မှာ ဟက်မပီးသူတွေကမေးတာတွေကို ဖြေနေရလို့၊ ဟက်ပီးသမားတွေကို အရေးမစိုက်အားပါ။ ဟက်မပီးသူတွေကရေးတဲ့မြန်မာစာမှာ အန်ဟက်ပီးတွေပါတော့ ကျွန်တော့်မှာ ဟက်ပီးမဖြစ်နိုင်ပါ။ ကလေးလိုချင်သူတွေက ကလေးမရေးတတ်။ ဗိုက်ချပ်ချင်သူ ချပ်မရေးတတ်။ ရောဂါပျောက်ချင်သူက ပျောက်မရေးတတ်။ ဆီးအောင့်တဲ့သူက ဆီးမရေးတတ်။ ရောဂါကူးမှာစိုးရိမ်သူက စိုးရိမ်ကိုမရေးတတ်။့ မရေးတတ်။့ မရေးတတ်။ နှစ်သစ်မှာ တစ်နေတဲ့ မြန်မာစာကြီး ကျန်းမာပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆
ချပ် နဲ့ ချက်
Image
မင်္ဂလာပါဆရာ သမီးအသက် ၂၂ ပါ။ အိမ်ထောင်ရှိတယ်ရှင့်။ အခုသမီးကလေးမွေးထားတာ ရက်နှစ်ဆယ်ရှိပြီ။ ပိတ်နဲ့ပဲဗိုက်ကိုစည်းထားတော့ အခုထိဗိုက်ပြန်မချက်ဘူးရှင့်။့ ဗိုက်ချပ်လို့သာ ရေးရတယ်။ ချက်ဆိုတာ ဗိုက်မှာရှိတဲ့ချက်။ ထမင်းချက်။ ချက် ချက်ကျလက်ကျ ချက်ချက်မြည်သံ ချက်ချင်းပြီး ချက်ထိုး (စစ်တုရင်) ချက်ကြိုး ချက်ခြာ (ချက်ချာ) ချက်ပြုတ် ချက်မြှုပ်အရပ် ချက်လက်မှတ် ချက်ကောင်းမိ ချက်ကျောက် ချက်တွေ့နေသည် ချက်ဗွေ ချက်ကြွေ တံခါးချက်ထိုးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ထမင်းချက် ဗဟိုချက် ဗိုက်ပေါ်ကချက် မှတ်ချက် လက်ချက် လုပ်ဆောင်ချက် အချက်ကျကျ အချက်ပေး ချပ် ချပ်ခဲနေသည် ချပ်ချပ်ရပ်ရပ် ချပ်ထူ ချပ်ပြား ချပ်လွှာ ချပ်ဝတ်တန်ဆာ စကားချပ် ပန်းကန်တချပ် သင်းခွေချပ် သတိချပ်ပါ အနာချပ်သွားပြီ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆
ကလေးသည် ခလေးမဟုတ်
Image
ကလေးမရသေးတဲ့ အိမ်ထောင်သယ်တွေ၊ ကလေးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးအမေတွေက ကလေးအကြောင်းတွေ မေးကြတယ်။ (၁ဝ) ယောက်မှာ (၉) ယောက်လောက်က ခလေးလို့ရေးနေကြတယ်။ မှားတယ်။ ကလေးလို့သာ ရေးရမယ်။ အရင်က ကလေးရော ခလေးပါ ရေးခဲ့တာရှိတယ်။ သတ်ပုံစာအုပ်တွေမှာတော့ ခလေးလို့ မရှိပါ။ ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကန်စွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကျောင်းသားတွေက ကညစ်ကို မသိကြပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ ခလေးလို့ရေးနေသူတွေက သူငယ်တန်းစာကို မေ့လိုက်ကြတာလား မသိပါ။ ကလေးရချင်သူတွေ၊ ကလေးရတနာမွေးလာစေချင်သူတွေ၊ ကလေးကျန်းမာရေးကောင်းချင်သူတွေ ကလေးသတ်ပုံ ဂရုစိုက်ကြပါခင်ဗျား။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆
Sleepwalking အိပ်ရင်း လမ်းလျှောက်
Image
ဆေးစာမှာ somnambulism နဲ့ noctambulism လို့ခေါ်တယ်။ အိပ်စက်ရောဂါအုပ်စုထဲကတခု parasomnia ဖြစ်ပါတယ်။ အိပ်ပျော်ခြင်းအဆင့်တွေထဲက slow wave sleep stage အဆင့်မှာဖြစ်တယ်။ ညဦးပိုင်းမှာဖြစ်တာများတယ်။ သတိမလစ်သေးခင်မှာ သတိရှိနေစဉ်ကလို အလုပ်မျိုးလုပ်တာဖြစ်တယ်။ ထထိုင်မယ်။ လမ်းလျှောက်မယ်။ အိမ်မှုကိစ္စတွေ လုပ်မယ်။ တချို့က ကြမ်းတမ်းမယ်။ အများအားဖြင့် လုပ်နေတာကို ထပ်လုပ်ကြတယ်။ တချို့ကသာ တမျိုးမကလုပ်တယ်။ နိုးတဲ့အခါ အဲတာကို သတိမရပါ။ မျက်စိကဖွင့်ထားပေမဲ့ အမူအယာက ထင်ရှားလှတာမဟုတ်ပါ။ ၃ဝ စက္ကန့်ကနေ ၃ဝ မိနစ်အထိ ကြာရှည်နိုင်တယ်။ တညမှာတော့ တကြိမ်သာဖြစ်တယ်။ အဲလိုဖြစ်တာနဲ့ အရက်မူးပြီးနဲ့ မူးယစ်ဆေးကြောင့်ရှောက်လုပ်တာ မတူပါ။ အရက်ကနေဖြစ်တဲ့ alcohol-induced blackout နဲ့ drug-related amnesia မူးယစ်ဆေးကနေဖြစ်တာမျိုးမှာ တုန့်ပြန်မှုရှိတယ်။ မေးတာဖြေမယ်။ မကြိုက်တာ ကြိုက်တာ ပြောမယ်။ အိပ်ရင်း လမ်းလျှောက်တာမှာ အမျိုးအစားခွဲတွေရှိတယ်။ လမ်းလျှောက်ရင်း စားတာနဲ့ sexsomnia လိင်အပြုအမူ။ လေ့လာမှုတခုအရ လူဦးရေရဲ့ ၄့၆% ကနေ ၁ဝ့၃% အထိရှိတယ်။ ကလေးတွေလည်းပါတယ်။ ဘာလို့ဖြစ်သလဲ တိတိကျကျမသိသေးပါ။ တချို့မှာသာ အိပ်ရေးပျက်ထားတာ၊ ဖျားနာတာ၊
ရှိ
Image
ညမအိပ်မီမှာ ရေးကြတာတွေ့တယ်။ ဘုရားရှစ်ခိုးပြီး အိပ်တော့မယ်တဲ့။ မှားနေတယ်။ ဘုရားရှိခိုးလို့သာ ရေးရတယ်။ ရှိ ကိုယ်၌ရှိလည်း ဂုဏ်ရှိ တူညီသောအနက်ရှိသည် ပညာမျက်စိ မြင်မရှိ ပညာရှိ မရှိဝန်တို မရှိနှိုင်အင် ရှိခိုးပါ၏ ရှိခိုးပူဇော် တောင်ရှိဟူလောက် သြကာသရွတ်ဆိုတာကို စာနဲ့ရေးတော့လည်း မှားကြသေးတယ်။ တစ်ကြိမ်လို့ မရေးရပါ။ အဲတာတော့ နောက်ထုတ် သတ်ပုံစာအုပ်တွေကအစ မှားနေတယ်။ သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆
Homemade ဆိုင်စာမကြိုက်တဲ့ ဆရာဝန်
Image
ကျွန်တော့်ပို့စ်တခု = Emotion icons နားမလည်တဲ့ အရုပ်တွေ ကွန်မင့်တခု = Zaw Lin ဆရာ ချစ်လို့ ပြောတယ် မှတ်ပါ။ ဆရာ့အနေနဲ့ ဖေ့ဘုတ်သုံးတတ်တဲ့ထိ တက်နိုလိုဂျီ လေ့လာလိုက်စားပြီးခဲ့ပြီ။ ဒီထိလိုက်လာခဲ့ပြီးမှ ဒီအီမိုတိကွန်းလေးကျမှ ပြတ်ကျပြီး ကျန်မနေခဲ့ပါနဲ့ဆရာရယ်။ ခရီးတခု ထွက်သလိုပေါ့ လိုက်ခဲ့မှတော့ ပျော်အောင်လို့နေပေါ့။ တကယ်တော့ မခက်ပါဘူး။ ဆရာက မှားပြီး အဓိပ္ပါယ် ကောက်မိမှာရယ် မှားသုံးမိမှာတွေ စိုးရိမ်နေတာ။ မသုံးခင် ကြိုပြောထားပေါ့။ ငါခုမှ စသုံးတာ ခွင့်လွတ်ကြလို့။ ဆရာ ပျော်ရွှင်ပါစေ။ Dr. Tint Swe ဒါဆို မနေ့ကတင်တာတခုကို တယောက်က ဘာသာပြန်ပေးတယ်။ ဒေါသထွက်တာတဲ့။ နောက်တပုံမှာ ဝါးလို့သန်းဝေနေတာ။ အဲတာတွေကို ချစ်လို့လို့ ဘယ်လိုယူဆလို့ရမလဲ။ ကျွန်တော်က ဘန်းစကားတွေလည်း မတတ်ချင်ပါ။ သင်ပေးမယ်ပြောလာတာရှိပါတယ်။ ခေတ်နောက်ကျတယ်ဆိုလို့ စိတ်မခုပါ။ (အလန်း) ဆိုတာပေါ်စမှာ တယောက်က (အလမ်း) လို့ရေးတော့ သတ်ပုံပြင်ပေးခဲ့ရတယ်။ (မွတ်ငါး) ရခိုင်မှာ ကျသွားတာလည်း သိလိုက်တယ်။ (ကွကို) ကို (ကန်တော့ပါ) ဖါသာအာသာဖြစ်ခြင်းလို့ သဘောပေါက်တယ်။ မပြောကောင်းမဆိုကောင်း (ဆူဆိုက်) လို့ထင်စေတယ်။ ရှိသေးတယ့့် အီမိုအိုက်ကွန်တွေအကြောင်း ဖတ်
Water Birth ရေထဲမှာ ကလေးမွေးခြင်း
Image
ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ်။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ်။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ်။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန်မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ်။ Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ။ မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ်။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာရည်ထဲမယ် ၉ လ ကျော်နေလဲတာမို့ မွေးတာကိုလည်း ရေထဲမှာလုပ်ရင်ရမယ်လို့ ယူဆချက်ကနေဖြစ်ပါတယ်။ ဒီလို ရေထဲမှာဆင်းပြီး ကလေးမွေးရင် ကောင်းမယ့်အချက်တွေနဲ့ သတိထားစရာတွေဆိုပြီး လေ့လာလို့ရလာတယ်။ အကျိုးကျေးဇူးတွေ အမေအတွက် = ရေခပ်နွေးနွေးက နေရထိုင်ရတာသက်တောင့်သက်သာရှိ
The Voice of Hope
Image
မျှော်လင့်ချက်ရောင်ခြည်စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ နယူးယောက် Seven Stories Press ကနေထုတ်ဝေခဲ့တယ်။ အဖုံးမှာ ဒေါ်စုမျက်နှာပုံနဲ့။ ၂ဝဝ၈ ခုနှစ်မေလမှာ ထပ်ပြီးထုတ်ဝေတော့ သံဃာတော်တွေဆန္ဒပြနေတဲ့အဖုံးနဲ့ ဖြစ်လာတယ်။ (အယ်လင် ကလီမင့်) ကနေ ဒေါ်အောင်ဆန်းစုကြည့်ကို အင်တာဗျူးတွေ စဉ်တိုက်ဆက်တိုက်လုပ်ပြီး ထုတ်ဝေတာပါ။ စာရေးသူဟာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးဝတ်ခဲ့တဲ့ ပဌမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းမှာ ၅ နှစ်နေခဲ့တယ်။ စာအုပ်ဝေဖန်ရေးသမားတွေက ဒေါ်စုကို ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းသူလို့ရေးကြပါတယ်။ ဒီစာအုပ်မှာ ဝိဉာဉ် (နမ်တရား) ပိုင်းနဲ့ နိုင်ငံရေး ဆက်စပ်နေတာတွေပါတယ်လို့ဆိုကြပါတယ်။ စာအုပ်ထုတ်ပြီးကတည်းက (အယ်လင် ကလီမင့်) မြန်မာပြည်ဝင်ခွင့်ဗီဇာ ရာသက်ပန်ပိတ်ခံလိုက်ရပါတယ်။ ဒီစာအုပ်ဟာ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုရဲ့အသည်းနှလုံးထိရောက်အောင်သွားဘို့ကြိုးစားခဲ့တာဖြစ်တယ်။ ၁၉၉၅ ခုနှစ် ပဌမအကြိမ် နေအိမ်အကျယ်ချုပ်ကနေလွတ်လာအပြီး ကိုးလကြာအင်တာဗျူးတွေလုပ်ခဲ့ရတယ်။ ဒေါ်စုဟာ မေးခွန်းတွေကို တိုက်ရိုက်ဖြေတယ်။ စူးစူးရှရှရှိတယ်။ မပျက်ယွင်းတဲ့မေတ္တာစိတ်နဲ့ မျှော်လင့်ချက်ကြီးကို သူဘယ်လို ဆက်ပြီးထိန်းထားခဲ့သ
Counting Backwards နောက်ပြန်ရေတွက်ခြင်း
Image
နှစ်တခုကုန်လို့ နှစ်သစ်အပြောင်းမှာ တဆယ်ကနေ နောက်ပြန်ရေတွက် ရွတ်ဆိုတဲ့အလေ့အထ ရှိကြတယ်။ ပျော်စရာသဘောနဲ့ ပြိုင်တူအော်ဆိုကြတယ်။ မအော်ပဲနဲ့ ပြိုင်တူကျော်ဖြတ်ခဲ့ကြတာ ၃၆၅ ရက်။ ဂဏန်းတွေကို အစဉ်အတိုင်းဆိုရတာထက် နောက်ပြန်ဆိုရတာက ပိုခက်တယ်။ အပေါင်းတတ်ပြီးမှ အနုတ် သင်လေ့ရှိတယ်။ ဇန္နဝါရီလဆန်း (၁) ရက်ကစပြီး (၁) တွေ နှုတ်သွားမယ်။ ပြက္ခဒိန်တွေကိုယ်စီကို တရက်မှာ တရွက် ဆုတ်ကြရတော့မယ်။ ကျွန်တော်တို့ အနုတ်ပုစ္ဆာသစ် စတွက်ကြပါတော့မယ်။ ဂဏန်းမတွက်တတ်သူတွေရော သင်္ချာပါမောက္ခပါ နှစ်ကုန် စာရင်းချုပ်ကြရင် အဖြေတူထွက်တယ်။ ဘာပဲလုပ်လုပ် စိတ်သစ်နဲ့လုပ်ရင် ခွန်အားဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၆
Low birth weight baby care လမစေ့ကလေးပြုစုနည်း
Image
၁။ ဆရာ ကျမ မိတ်ဆွေ အသက် ၂၈ ရှိပါပြီ။ ယခု အပတ်ထဲမှာ ကလေးမွေးဖွားပါတယ်။ မွေးလာတဲ့ကလေးက ပေါင်မပြည့်ဘဲ (၂) ပေါင်တည်း မွေးလာတယ်ဆရာ။ နောက်ပြီး တင်ပါးဆုံကဖွားတယ်။ OG နဲ့လည်းသေချာပြခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က တစ်ခါလဲကျဖူးပါတယ်။ ဘာကြောင့်ပေါင်မပြည့်ရတာပါလဲ။ ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိပါသလဲ။ ဘာကြောင့်တင်ပါးဆုံကမွေးတာလဲ။ ကျေးဇူးပြု၍ ဆရာဖြေပေးစေချင်ပါတယ်။ ၂။ မင်္ဂလာပါဆရာရှင် ဆရာတင်ထားတဲ့ ကလေးပြာပြီး CPR နဲ့ အသက်ကယ်နိုင်ခြင်းကို ဖတ်လိုက်ရပါတယ်ဆရာ။ အဲ့ဒီပိုစ့်က ကျမတူမလေးဖြစ်နေပုံနဲ့တိုက်ဆိုင်နေလို့ comment ဝင်မေးထားပါတယ်ဆရာ။ ပြန်လည်ဖြေကြားပေးဖို့ ဆရာ့အတွက် အခက်ခဲရှိတယ်ဆိုတာ နောက်မှသတိထားမိပါတယ်ဆရာ။ ဆရာ့ရဲ့စည်းကမ်းကို ချိုးပေါက်တယ်လို့မထင်ပါနဲ့ရှင့်။ တောင်းပန်ပါတယ်ဆရာ။ ကျမက Apr 18, 2015 မှာ ကျမမောင်လေးရဲ့မိန်းမရေမွှာပေါက်ပြီး လမစေ့ပဲ အရေးပေါ် ကလေးခွဲမွေးရမမယ့် အကြောင်းများကို ဆရာ့ထံအကူညီတောင်းခံ မေးမြန်းခဲ့ဖူးပါတယ်ရှင်။ ဆရာ့ရဲ့အချိန်မီ ပြန်စာများ ကျေးဇူးကြောင့် ကလေးကို အောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်ဆရာ။ အခုကလေးမွေးပြီး ၃၄ ရက်ကျော် ညပိုင်းမှာ ကလေးက နို့ဘူးသောက်ရင်း အိပ်ပျော်
Humor and Satire ရီစရာမှာ စေတနာပါမှ
Image
Ant Bwe Kyaw မဆလ ခေတ်တုန်းကမှ ဆရာဦးထင်ဖတ် (ခေါ်) ဆရာ မောင်ထင်တို့ ဦးကိုယု (ခေါ်) မောင်ကိုယုတို့က သရော်စာ satire ရေးခဲ့ကြသေး။ အခုခေတ်မှာ ရေးမယ့်သူ ပီပီပြင်ပြင် မရှိ။ ဟာသဉာဏ်နဲ့ သရော်စာမတူပါ။ သရော်တာမှာ ဝေဖန်ကန့်ကွက်တာနဲ့ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါ ဟာသလေးနှောတာကို သရော်စာမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကို မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။ သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလဲ ကြည့်သင့်တယ်။ ဖေ့စ်ဘွတ်မှာ သရောသလိုလိုတွေက များလွန်းတယ်။ ခနိုးခနဲ့ရေးတာ၊ အပုပ်ချတာ၊ မထိတတိကလိတာတွေကို ဘယ်သူရေးသလဲ ကြည့်တာနဲ့ ရယ်စေချင်တဲ့ စေတနာလား၊ ပြုပြင်စေလိုတဲ့ စိတ်ထားလား သိတယ်။ ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်ရပါ။ ရီစရာမှာ မယဉ်ကျေးရင် အောက်တန်းကျတယ်။ ကျွန်တော်က စာသင်ပေးရင်း မပျင်းရအောင်၊ မှတ်မိအောင်၊ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ရီစရာသဘော ပြောလေ့ရှိတယ်။ ပညာဉာဏ်နည်းသူတွေကနေ မှားလုပ်၊ လွဲပြော
Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း
Image
ဒေါ်ခင်ကြည်နှစ်လည်နေ့မှာ ဒီစာတိုရေးခဲ့ပါတယ်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ သူနာပြုဆရာမတဦးပါ။ နောင်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာတယ်။ တယောက်မေးရာကနေ စရေးဖြစ်တာ။့။့။ • သူနာပြုသင်တန်းကို ဆရာစိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ဘယ်လိုလည်းတော့ နည်းနည်းမှမသိပါ။ သူနာပြုတွေကို စာသင်မပေးဖူးပါ။ သင်တန်းကျောင်းထဲလည်း တခေါက်မှမရောက်ဖူးပါ။ • ဟုတ်ကဲ့ဆရာ ဒီမှာ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းပေါင်း ၅ဝ ရှိပါတယ်။ တချို့က တွဲရက်ကျောင်းနဲ့ တချို့က သူနာပြုသင်တန်းကျောင်း သီးသန့်ပါ။ ဒီပလိုမာ ၃ နှစ်ကျောင်းသားတွေကို မွေးထုတ်ပါတယ်ဆရာ။ ဆယ်တန်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သုံးဘာသာပေါင်းအမှတ် အနည်းဆုံး ၁၉ဝ ရရပါမယ်ဆရာ။ အဲဒါက သူနာပြုပါ။ သားဖွား ဒီပလိုမာကတာ့ ၂ နှစ်တက်ရပါတယ်။ စုစုပေါင်း သုံးဘာသာရမှတ် ၁၈ဝ ရှိရပါမယ်ရှင့်။ ဒါပေမယ့် သင်တန်းကျောင်းရှိတဲ့ ပြည်နယ်နှင့် တိုင်းအလိုက် အမှတ်သတ်မှတ်ပုံ အနည်းအများ ကွာခြားချက်ရှိပါတယ်ရှင့်။ သင်တန်းကျောင်းတွေမှာ ကျောင်းအုပ် နည်းပြ ဒုနည်းပြဆိုပြီး သင်ကြားရေးပိုင်းမှာ ခန့်ထားပါတယ်ဆရာ။ ကျွန်မက သူနာပြုတက္ကသိုလ် မန္တလေးကဆင်းတဲ့ B.N.Sc (Generic) တယောက်ပါဆရာ။ ကျွန်မတိ
Female hormones မိန်းမဟော်မုန်း
Image
အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ်။ မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်းကနေလည်းထုတ်ပေးတယ်။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက်၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ်။ ရာသီမှန်မယ်။ မျိုးပွါးနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရတယ်။ အရိုးပါးတာကို သက်သာစေတယ်။ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ်။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃ဝ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ်။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီး ခြောက်သွေ့လာမယ
History repeats itself ဘီးတပတ်လည်ခြင်း
Image
(တနှစ်တိတိကရေးခဲ့တာ) ၁။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ ပဌမတော့ ကံဆိုးမိုးမှောင်ကျခြင်း။ ဒုတိယက ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း။ (ကားလ်မတ်စ်၊ ဂျာမန်လူမျိုး ဖီလော်ဆော်ဖါ၊ ကွန်မြူနစ် မင်နီဖက်စတိုနဲ့ အရင်းကျမ်းကို ရေးသားစီရင်ခဲ့သူ) ၂။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ သေဆုံးသွားတဲ့အနုပညာကိုတော့ တဖန်ပြန်မွေးမပေးပါ။ အဲတာဟာ ကမ္ဘာပေါ်ကနေ အပြီးအပိုင်ပျောက်ကွယ်သွားတော့တာဖြစ်တယ်။ ဖျက်ဆီးတာခံလိုက်ရတဲ့ တောငှက်လေးတကောင် တေးဆိုသလိုပဲ။ (ဂျိုးဆက် ကောနတ်၊ ပိုလန်-ဗြိတိသျှ စာရေးဆရာ) ပြည်ပမှာသာနေရတဲ့သူ ပြည်တွင်းကို နေလှမ်းမျှော်ကြည့်နေပါတယ်။ ပြည်ပနိုင်ငံရေးမှာ ဆီခမ်းသွားတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ကြောင့်ပါ။ မီးစာတော့ မကုန်သေးပါ။ အဲဒီအပြောင်းအလဲမှာ အပြင်နေလုပ်သူတွေက ပရိသတ်ဖြစ်သွားရတယ်။ တချိန်တုံးကတော့ ပြည်တွင်း-ပြည်ပ ဆက်သွယ်ရေးရယ်လို့ လှိုင်းတိုရေဒီယိုသာရှိခဲ့တယ်။ နဂိုကတည်းကရှိပြီးသာ ဘီဘီစီ၊ ဗွီအိုအေနောက်မှာ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ ပေါ်လာတယ်။ ဒီဗွီဘီကပိုစောတယ်။ ဒီဗွီဘီစလွှင့်တဲ့ရက်က အာဇာနည်နေ့မှာပါ။ ကျွန်တော်တို့အဖွဲ့ နယူးဒေလီမြို့ ဗီကပ်စ်ပူရီအရပ်ထဲမှာ အိမ်အောက်ထပ်ကိုငှားနေခဲ့ကြတုံးက ဝိုင်းစုပြီးနားထောင်ခဲ့ကြတာကို အမှတ
Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့
Image
(၂ နှစ်ကစာ) နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေ ဆုတူရပါစေ။ ဒါက အသက်ရှည်ဘို့နဲ့ကျန်းမာဘို့ ဆုတောင်းပါ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ နှစ်သစ်မှာ အားမရှိတာကို မပြောစကောင်းလို့ အယူရှိကြတယ်။ ကျွန်တော်လဲ လိုက်နာပါတယ်။ ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလဲ အတူတူပဲ။ ဒီစာရေးခဲ့တာ ၂ နှစ်တိတိကပါ။ ကျွန်တော့်ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရချင်တာပါပဲဗျာ။ လူမမာနဲ့ သမားတော် တွေ့ခွင့်ရသွားပါပြီ။ လူမမာမှာ ရောဂါတွေကထူတယ်။ ဖြစ်ခဲ့တာကြာတော့ နာတာရှည်ကုရမယ်။ လက်သယ်ချည်းသာ အားမကိုး ကိုယ်တိုင်လည်းညှစ်ရမယ်။ စိတ်ကိုအပြုသဘောဆောင်ပါ။ ကံတရားလည်း အားကိုးပါ။ ဝီရိယရှိပါ။ ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ အေးရေ့ မနက်မှာ သူများတွေမနိုးခင်ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထားရတယ်။ သူမျာ
Photo-shot model ကျွန်တော့်မှာ မော်ဒယ်မရှိ
Image
ရေးထားတာတော့ ကြာပါပြီ။ သူနာပြုခေါင်းစဉ်နဲ့စာ။ ကျွန်တော်က ဂျာနယ်တခုကနေရတဲ့ပုံကို ယူသုံးထားတယ်။ သူနာပြုကျောင်းသူ ၃ ယောက်ကိုနောက်ကနေရိုက်ထားပြီး သူနာပြုတက္ကသိုလ်ဆိုင်းဘုတ်လည်းပါတော့ အံဝင်တာနဲ့ သုံးတာပါ။ အခုပဲ ကွန်မင့်တခုတက်လာတာကို နိုတီဖီကေးရှင်းကနေ အသိပေးတာနဲ့ ဖတ်ရတယ်။ Paing Thit သူနာပြုတွေပုံကမျက်နှာမပါဘူး နော် ခနဲ့မှန်း ရှုတ်ချမှန်းတော့ သိပါရဲ့။ တနေ့က ခြင်္သေ့ရုပ်အပေါ်မှာ သစ်ပင်ပေါက်နေတဲ့ပုံကို နာရီဝက်လောက်လိုက်ရှာတယ်။ သင့်တာမတွေ့လို့ ထိုင်းကပုံတခု ယူသုံးလိုက်ရတယ်။ တမြန်နှစ်ကလည်း ထန်းပင်မြစ်မီးဖုတ်တဲ့ပုံကို ဂူဂယ်လ်အင်မေ့ခ်ျမှာ ကြိုက်တာမတွေ့လို့ ပြည်တွင်းက တူတော်မောင်တယောက်ဆီ လှမ်းခိုင်းရတယ်။ မြန်မာပြည်ကပုံတွေကိုသုံးရတာ အတော်ကြီးသတိထားရတယ်။ လူပုံဆို ခွင့်တောင်းရမယ်။ ကိုယ်တိုင်လည်း သွားမရိုက်နိုင်။ မော်ဒယ်နဲ့ရိုက်တာမျိုး မသုံးပါ။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၆
Pseudonym ကလောင်နာမည်
Image
ကြည်အေးပို့စ်အောင်မှာ နာမည်ဆင်တဲ့ အဆိုတော်တယောက်လားလို့ မေးတယ်။ စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။ အနောက်နိုင်ငံတွေမှာ နာမည်ရင်းနဲ့ရေးရင် အပြည့်အစုံထည့်သူတွေကထည့်ပါတယ်။ ဥပမာ ချာချီက Winston S. Churchill လို့ရေးတယ်။ Mark Twain မာ့ခ်တွန်းရဲ့ အမည်ရင်းက Samuel Langhorne Clemens ဖြစ်တယ်။ ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ အသက်ကြီးလို့ ဦးတင်မိုးလို့ မသုံးရပါ။ ဒေါ်မာမာအေးလို့ မပြောရပါ။ လူချင်းတွေ့လို့ လေးစ
Albendazole သန်ချဆေး
Image
သန်ကောင်ဆိုတာ ပါးစပ်ကနေဝင်တယ်။ သန်ဥပါတာကို မသိပဲစားသောက်မိလို့ကူးစက်တယ်။ သန်ကောင်အမျိုးမျိုး ရှိတယ်။ အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံသန်ကောင်တွေဖြစ်တယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အများဆုံးဖြစ်တာအတွက် တကြိမ်တည်းနဲ့ပြီးတယ်။ တချို့ကို ၂ ပါတ်အကြာမှာ တခါသောက်ရတယ်။ ပဌမအကြိမ်တုံးက ဥအနေနဲ့ ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ တခါထပ်သန်ချရတာပါ။ ၂ နှစ်အောက်ကို ဆေးတဝက်၊ ၂ နှစ်အထက် ဘယ်လောက်အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ ဆေးပြား၊ ဝါးစားရတဲ့ဆေးပြား၊ ဆေးရည်လာတယ်။ တိရစ္ဆာန်သုံးလည်းရှိတယ်။ သန်ကောင်ရှိနေရင် ခံစားရမှာ မတူပါ။ ဗိုက်နာတာ၊ ဝမ်းပျက်တာ နဲ့ စအိုယားတာတွေ။ ကလေးတွေမှာ ပိန်တယ်၊ ဗိုက်ပူတယ်။ ဒါက ဝမ်းပျက်လို့ ဆက်ဖြစ်တာပါ။ ဝက်သား မနူးတာစားလို့ တိပ်ပြာပုံသန်ကောင် ဖြစ်တတ်တယ်။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။ သန်ချဆေး Albendazole, Albenza, Albazole, Albendol, Albex, Mebendazole နာမည်အမျိုးမျိုးရှိတယ်။ • Roundworm အများဆုံးဖြစ်တဲ့သန်လုံးကောင် = Albendazole 400 mg တကြိမ်တည်း။ (သို့) ၂-၃ ရက်။ အသက် ၂ နှစ်အောက် ထက်ဝက်သောက်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ သို့မဟုတ် 500 mg
ဒေါက်တာကြည်ကြည်တင်မြင့်
Image
ကဗျာဆရာမ ကြည်အေးရဲ့ အမည်ရင်းက ဒေါ်ကြည်ကြည်တင်မြင့်ဖြစ်တယ်။ ဘီဘီစီကနေ ငွေဗျိုင်းဖြူကဏ္ဍကို တာဝန်ယူခဲ့ဘူးတယ်။ ငွေဗျိုင်းဖြူကဏ္ဍဆိုတာ လူငယ်တွေအတွက်ရည်ရွယ်တာဖြစ်တယ်။ ငယ်ငယ်က အပတ်စဉ် နားထောင်ခဲ့ပါတယ်။ ကျွန်တော့်မှာ ရင်ထိုးလေးတခုတောင်ရှိခဲ့တယ်ထင်တယ်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်မှာ အဲဒီအစီအစဉ်ကိုကန့်ကွက်လို့ ရပ်နားလိုက်ရတယ်လို့ ကြားဘူးတယ်။ နောက်လူရည်ချွန်ကဏ္ဍဖြစ်လာပြန်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက လူရည်ချွန်စီမံကိန်းလုပ်တော့ ရပ်သွားပြန်တယ်။ ကြည်အေးဟာ ဆရာဝန်လည်းဖြစ်တယ်။ သူ့စာတွေဟာ နူးညံ့တယ်။ ယဉ်ကျေးတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကနေ ကနေ့ခေတ်အထိမီတယ်။ သူ့စာတွေဟာ သမိုင်းသိသူတယောက်ကနေရေးခဲ့တာဖြစ်တယ်။ ကျွန်တော်ကတော့ လေးစားပြီး၊ တန်ဖိုးထားတယ်။ ဆရာဝန်တယောက်ဖြစ်လို့လည်း ဂုဏ်ယူတယ်။ သူလည်း အပြင်ကလူ။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂ဝ၁၆
ကြည်အေး
Image
ကြည်အေးက နောက်လူတွေအတွက် ကဗျာတွေ စာတွေကို ထားပေးခဲ့တယ်တဲ့။ သမီးလိမ်မာ မမွှေးထုံ မမွှေးထုံ ပါးကွက်ကျားနဲ့ နပ်ခါးမှုန် မမွှေးထုံ ဘာကြောင့်မွှေး ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။ မမွှေးထုံ မမွှေးထုံ စပယ်ကုံးနဲ့ ဆံထုံးပုံ မမွှေးထုံ ဘာကြောင့်မွှေး တောစပယ်သေး ပန်းလိုမွှေး။ မမွှေးထုံ မမွှေးထုံ နှုတ်ခမ်းပါးနဲ့ ကွမ်းဝါငုံ မမွှေးထုံ ဘာကြောင့်မွှေး စမုန်ကွမ်းအေး ဝါးလို့မွှေး။ မမွှေးထုံ မမွှေးထုံ နုတ်ချိုအေးနဲ့ မမွှေးထုံ မမွှေးထုံ ဘာကြောင့်မွှေး လိမ်မာခြားရေး သတင်းပြေး စိတ်တည်ကြည်လို့ သတင်းမွှေး။ (ကြည်အေး) မြန်မာပြည်မှာ ကြည်အေးတွေ မွေးပါစေ။ သမီးလိမ်မာတွေမွှေးပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၁၂-၂ဝ၁၆
Karl Marx ကားလ်မတ်စ်
Image
Karl Marx, writing a letter to his daughter Lura Marx, on March 20, 1866, said: Most of my time I'm walking and breathing fresh air. I read nothing and write less. I go to bed at 9:00 p.m. Generally, I subside into the state of non-existence that Buddhism considers to be the height of human delicacy. (BUDDHISM & MODERN WORLD P. 35) ၁၈၆၆ ခု၊ မတ်လ ၂၀ ရက်နေ့ရက်စွဲဖြင့် Karl Marx သူ့ သမီး Laura Marx ထံသို့ စာရေးလိုက်တာက ငါ့အချိန် အတော်များများမှာ လမ်းလျှောက်တယ်၊ လေကောင်းလေသန့် ရှူတယ်၊ စာဖတ်စာရေး မလုပ်တော့ဘူး၊ ည ၉ နာရီမှာ အိပ်ယာဝင်တယ်။ သာမန်အားဖြင့်တော့ လူ့ဘဝအတွက် အမွန်မြတ်ဆုံး ရသာမွန်ဖြစ်တဲ့ ဗုဒ္ဓဝါဒရဲ့ သင်္ခါရဓမ္မ၏ အနိစ္စလက္ခဏာဆိုတာကို တွေးကြံစဉ်းစားရင်း ငါ အိပ်ပျော်သွားခဲ့တယ်။ (Ven Muni) ကာလ်မတ်စ်ဟာ ဂျာမန်လူမျိုး ဖီလောဆော်ဖါတဦးဖြစ်တယ်။ ၅-၅-၁၈၁၈ နေ့မှာမွေးဖွားပြီး ၁၄-၃-၁၈၈၃ နေ့မှာ ကွယ်လွန်လို့ သီပေါမင်းပါတော်မမူခင် ၂ နှစ်ကဖြစ်တယ်။ သူ့ကို ကွန်မြူနစ် အိုင်ဒီယော်လောဂျီနဲ့ တွဲသိကြတာများပေမဲ့ Revolutionary socialist ဆိုရှယ်လစ်တော်လှန်ရေးသမားလို့ မှတ်တမ်းတင်ထားပါတယ်။ ကြီးတော့ လန်ဒန်မှာ
Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း
Image
Hypertension (2) သွေးတိုးရောဂါ (၂)
Image
High blood pressure သွေးဖိအားများနေတာကို Hypertension သွေးတိုးရောဂါလို့ခေါ်တယ်။ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက်ဖိအားနဲ့ သက်ရောက်နေသလဲကို တိတိကျကျ တိုင်းတာတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက်ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါရောဂါရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ နှလုံးရောဂါ၊ ဦးနှောက်-သွေးကြောရောဂါနဲ့ ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။ • သွေးတိုးလက္ခဏာတွေ များသောအားဖြင့် ဘာမှမခံစားရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထန်ရောဂါရတတ်လို့ တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက်နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။ • ဘာလို့ သွေးတိုးရတာလဲ ဝေဒနာသည်အများစုမှာ ဘာလို့ သွေးတိုးလာဖြစ်သလဲ ဆရာဝန်တွေက အကြောင်းရှာမရကြဘူး။ လူကြီးတယောက်ရဲ့ ပုံမှန်သွေးဖိအားဟာ 120/80 ထက်မများရဘူး။ အထက်ဂဏန်းလို့ခေါ်တာက နှလုံးကနေ ညှစ်နေချိန်မှာ ရှိတာဖြစ်တယ်။ အော
စပ် နဲ့ ဆက်
Image
စကားမစပ်နဲ့ စကားမဆက် ဘယ်ဟာအမှန်လည်းဆရာ။ စကားမစပ်ကသာ မှန်ပါတယ်။ ဆက်စပ်မှုမရှိပဲ တခြားအကြောင်းအရာတခုခုကိုပြောချင်တာလို့ ဆိုလိုတယ်။ စကားမဆက်ဆိုတာ ပြောလက်စစကားကို ဆက်မပြောပဲလို့ဖြစ်သွားမယ်။ စပ်မိလို့ ပြောရအုန်းမယ်လို့ပြောလေ့ရှိတာနဲ့ ဆက်စဉ်းစားနိုင်ပါတယ်။ စပ် ခံတွင်းပါးစပ်။ ငရုပ်သီးကို စပ်သီးလို့လည်းခေါ်ကြတယ်။ စပ်ကူးမပ်ကူးကာလ အထာမကျ။ စပ်ကျိန်းနေသလား။ စပ်စပ်စုစုလုပ်တဲ့သူ။ စပ်ဖျဉ်းဖျဉ်းမနေဘူးလား။ စပ်ကြားမှာ အနာဖြစ်။ စပ်ဖြဲဖြဲမလုပ်ပါနဲ့။ စပ်ယှက်ဖြင့် သန္ဓေတည်လာသည်။ စပ်ရှိန်းပူရှိန်း ခံစားရတယ်။ စပ်လျဉ်း၍။ စပ်ဟပ်ပြီးပြောမယ်။ စပ်ကြောင်းမှာ စုပ်ပြဲနေသည်။ ဆက်စပ်စဉ်းစားပါ။ ပိုးစပ်ကောင်။ ပူစပ်ပူလောင်ခံစားရတယ်။ မျက်ခမ်းစပ်ရောဂါ။ ရွာနီးချုပ်စပ်။ ဟိုစပ်စပ် သည်စပ်စပ်။ အငန်အစပ်ကြိုက်တယ်။ အသားနီစပ်စပ်နဲ့လူ။ ရောစပ်ထားသည်။ ဆက် ဂုတ်ဆက်ကနာနေတယ်။ ဆက်၍ပြောပါ။ ဆက်ကပ်လှူဒါန်းပါ။ ဆက်ခံစိုးစံသည်။ ဆက်စပ်နေတဲ့အကြောင်းကရှိတယ်။ ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ။ ဆက်ဆက်ကြွခဲ့ပါ။ ဆက်ရက်ငှက်လေးတွေလှတယ်။ ဆက်ကြေးကောက်လို့ ပေးရတယ်။ ဆက်ကြော (ဇက်ကြော) တင်းနေသည်။ ဆက်နွှယ်နေတဲ့ အကြောင်းတရား။ မိဘအ
William Tell သက်ပြင်းချသံ
Image
ဦးခေါင်းပေါ်မှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ပစ်စေတဲ့ပုံပြင်တွေ ၄-၅ ခုရှိတယ်။ (ဝီလီယမ် တဲလ်) ပုံပြင်ကတော့ နာမည်အကြီးဆုံးပါ။ မူရင်းက ဂျာမန်ကဖြစ်ပါတယ်။ William Tell's feat ပုံပြင်လို့တွင်တယ်။ (ဝီလီယမ် တဲလ်) ကတော့ ၁၅ ရာစုကတည်းကပါ။ ၁၈ဝ၄ မှာ ပြဇာတ်ဖြစ်လာတယ်။ (တဲလ်) ဟာ သြစတြီးယန်း (ဗော့ခ်) ကို ဦးညွတ်အလေးပြုဘို့ ပျက်ကွက်လို့ သူ့ကို (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကနေ ပြစ်ဒဏ်ပေးတယ်။ ပြစ်ဒဏ်ကတော့ (တဲလ်) ရဲ့သားဦးခေါင်းပေါ်မှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ ပန်းသီးကိုမှန်အောင်ပစ်ခိုင်းတယ်။ မြားတံကလည်း တချောင်းပဲ သုံးခွင့်ရှိတယ်။ လေးဆိုတာကတော့ ဒူးလေးဖြစ်တယ်။ အဲဒီနေ့ဟာ ၁၈-၁၁-၁၃ဝ၇ နေ့ဖြစ်တယ်။ ရင်တမမနဲ့စောင့်ကြည့်နေကြတဲ့ လူအုပ်ကြီးရှေ့မှာ (တဲလ်) ဟာ ပန်းသီးကို မှန်အောင်ပစ်နိုင်လိုက်ပါတယ်။ (တဲလ်) က မြားတံအပိုတချောင်းပါ ယူလာတယ်။ အဲတာကိုမေးတော့ သူ့အကျင့်မို့ပါလို့ လိမ်ညာဖြေမယ်လို့ စဉ်းစားသေးတယ်။ အမှန်ကိုပြောပြရင် ဒုက္ခမပေးပါလို့ အာမခံချက်ရမှ ပြောချလိုက်ပါတယ်။ သူ့မြားချက်က ပန်းသီးကို မထိမှန်ပဲ သူ့သားခေါင်းကိုသာထိမှန်သွားရင် ကျန်တဲ့မြားနဲ့ (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကိုအသေပစ်ဖို့ပါတဲ့။ သူတို့သားအဖအပေါ်မှာ သနားစာန
ပြေ နဲ့ ပြည်
Image
Aung Zaw Win စိုစိုပြည်ပြည်နဲ့ စိုစိုပြေပြေ ရှင်းပြပါလားဆရာ ကျေးဇူးတင်ပါတယ်။ အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ စိုပြေရော စိုပြည်ပါ နှစ်မျိုးလုံးရေးထားတယ်။ ခုခေတ်မှာ စိုပြည်လို့ရေးတယ်။ ပြေ စကားပြောပြေပြစ်သည် စစ်ပြေငြိမ်း စိတ်ပြေလက်ပြေ နီပြေပြေ သပြေပန်း ပြေစာဖြတ်ပိုင်း ပြေပြစ် (ပြေပျစ်) ပြေပြတ်ပြီ ပြေရာပြေကြောင်း ပြေလည်သွားပြီ ပြေပျောက် ပြေပြေပျစ်ပျစ် ဖြေ၍ ပြေသည် လေညှင်းလေပြေ ပြည် ဆန်တပြည် တိုင်းပြည် ပြည်စွန်ရွာနား ပြည်ဆံတော်ဘုရား ပြည်တည်တည် (ပြက်ရယ်ပြုသည်) ပြည်တန်ပတ္တမြား ပြည်တီတီ (ပြက်ရယ်ပြုသည်) ပြည်ထဲရေး ပြည်ကြီးပန်း (ဗေဒါပန်း) ပြည်ပန်းညိုပင် ပြည်ဖုံးကားချ ပြည်မြို့ ပြည်ရှင်မင်းကြီး ပြည်လုံးကျွတ် ပြည်ဝတ်တည် ပြည်သူပြည်သား ပြည်တော်ပြန် ပြည်တော်သာ ပြည်ထောင်စု ပြည်ထောင်စု ပြည်ပြေး ပြည်နှင်ဒဏ် အနာပြည်တည် ရွှေပြည်စိုးငှက် လေပြည်လေညှင်း ဒေါက်တာတင့်ဆွေ