Sore nipples နို့သီးခေါင်းနာ

ဆရာမင်္ဂလာပါရှင့် ကျမအသက်က၂၄ ပါ။ နို့တိုက်မိခင်တယောက်ပါ။ ကလေးက ၁ နှစ် ၁လပါ။ ကန်တော့ပါရှင့် ကျမနို့သီးခေါင်းမှာ ကလေးနို့စို့ရင်း ကိုက်လို့အနာဖြစ်ပါတယ်။ သွေးတွေလည်းနဲနဲထွက်ပါတယ်။ အရမ်းလည်းနာပါတယ်။ နို့လည်းမဖြတ်ချင်သေးလို့ပါ။ လိမ်းဆေး သောက်ဆေးလမ်းညွန်ပေးပါရှင့်။ နို့က ကလေး ၅ လလောက်ကစပြီး တဖက်တည်း တိုက်ပါတယ်။ ညာဖက်က တိုက်ရတာအဆင်မပြေလို့ပါ။ မနေ့ကတော့ တိုက်နေကြဘက် အရမ်းနာတော့ ညာဖက်နို့တိုက်ကြည့်ပါတယ်။ နို့ရည်တော့ထွက်တယ်။ မတိုက်တာကြာတဲ့နို့ ကလေးကိုတိုက်ကောင်းသလားရှင့်။ အနာ အတွက်ဆေးလမ်းညွန်ပေးပါ ကျေးဇူးတင်ပါတယ်ရှင့်။

မေးခွန်းပါ သတ်ပုံတချို့ကို ပြင်လိုက်ပါတယ်။ ဆောရီး။ နို့တိုက်မိခင်တွေ အဖြစ်မနည်းပါ။ သားဦးမှာ ပိုဖြစ်ကြတယ်။ ဘာလို့ဖြစ်သလဲ။ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ Contact dermatitis အရေပြားနာဖြစ်တာရှားတယ်။ ရေယုံလည်းရှားတယ်။

Shallow latching ကလေးကနို့စို့တာမှာ နို့သီးအဖျားလေးကနေသာစို့လို့။ အဲတာကြောင့်ဆို နို့အုံတစိတ်တပိုင်းကိုပါ ကလေးပါးစပ်ထဲထည့်ပြီး စို့စေပါ။

Breast pump trauma နို့စုပ်ပန့်ခိုက်မိလို့လည်းဖြစ်နိုင်တယ်။ သုံးရသူဆိုရင် နို့နဲ့ အနေတော်သာရှာသုံးပါ။ Thrush infection မှိုပိုးဝင်ခြင်းကနေလည်း ဖြစ်နိုင်တယ်။ ကလေးပါးစပ်မှာ မှက္ခရု ခေါ် မှို ခေါ် ဖန်းဂတ်စ်ပိုးဝင်တာ အဖြစ်များတယ်။ မိခင်နို့ကို ကူးစက်တယ်။

Tongue-tie ကလေးလျှာခင်ပါနေတာလည်း စစ်ဆေးသင့်တယ်။ အဲတာဆို စောစောစီးစီး ဆရာဝန်က ကပ်ကြေးနဲ့ ဖြတ်ပေးတာနဲ့ကောင်းမယ်။ ချုပ်စရာမလိုပါ။

Milk bleb နို့ပြွန်ထိပ် အရေပြားပိတ်ခြင်ဖြစ်ရင် ဖြူဝါဝါပဖတ်လေးတွေ နို့သီးထိပ်မှာမြင်ရမယ်။ အဲဒီနေရာတည်းတည်းမှာ နာမယ်။ အဲတာလေးကို ဖယ်ထုတ်ရင် ကောင်းလာမယ်။

Wet tea bags လက်ဖက်ရည်ဖျော်ပြီးသား လက်ဖက်ခြောက်အိတ် လေးတွေကို နာတဲ့နေရာမှာ တင်ပေးနည်းလည်းသုံးကြတယ်။ ပူပူနွေးနွေးရှိစဉ်မှာ ကပ်ပေးရတယ်။

Hair dryer ဆံပင်ြောခက်အောင်လုပ်တဲ့လေမှုတ်ကရိယာလည်းသုံးနိုင်တယ်။

Hydrogel dressings ဆေးထည့်စရာလည်းသုံးနိုင်တယ်။

Nipple shields အကာကွယ်ကိုလည်းသုံးတယ်။

Your milk နို့ရည်နည်းနည်းညှစ်ပြီး နာနေတဲ့နေရာကို ဆေးထည့်သလိုထည့်နည်းလည်းလုပ်ကြတယ်။ လေနဲ့ခြောက်စေရမယ်။

Nipple Ointment လိမ်းဆေးဝယ်လို့ရရင်သုံးနိုင်တယ်။

နို့ကို ကလေးစို့ပြီးတိုင်း ရိုးရိုးရေနဲ့ဆေးပါ။ ပြီးရင်ခြောက်အောင်လုပ်ပါ။ ပူနွေဒစိုထိုင်းတာကို မှိုပိုးတွေကကြိုက်တယ်။ အတွင်းခံကို ခြောက်မှသာ ဖုံးအုပ်ပါ။ ဖြစ်စေတာသိရင် ကုသပါ။ ပြုပြင်ပါ။ အနာသက်သာဆေး သောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး