စွဲ နှင့် ဆွဲ

ဆရာရှင့် အသက်က ၂၇နှစ်ပါ။ ဆေးကို အကြာကြီးဆွဲသောက်သင့်ပါသလား။ (စွဲစွဲမြဲမြဲသောက်ပါ။ အချိန်မဆွဲပါနှင့်။)

ကြိုက်တဲ့အစာတွေ့တော့ စွဲပြီ။ (ဘန်းစကားဆိုရင် ဆွဲပြီ။)

ဆွဲ
ဆွဲ၍လိမ်သည်။
ဆွဲကိုင်သည်
ဆွဲချိတ်ရှိသလား။
ဆွဲချိန်ခွင်။
ဆွဲချိုင့်နဲ့ ထမင်းဝယ်လာ။
ဆွဲငင်သည်
ကမ္ဘာမြေကြီးဆွဲငင်အား
ဆွဲကြိုးချသေဆုံး။
ဆွဲကြိုးတန်ဆာ။
ဆွဲမီးအိမ်
ဆွဲခြင်းနဲ့ ဈေးသွား။
ဆွဲဖြတ်သည်
ဆွဲအံ (အံဆွဲ)။
တုတ်ဆွဲ ဓါးဆွဲ။
မီးပုံးဆွဲထားသည်။
အချိန်ဆွဲနေသည်။
အုန်းသီးဆွဲထားသည်။

စွဲ
စွဲချက်တင်။
စွဲစွဲမြဲမြဲ။
စွဲငြိနေပြီ။
စွဲလန်း။
စိတ်ထဲမှာစွဲနေ။
တရားစွဲ။
ဘာသာရေးအစွဲ။
အသည်းစွဲ။
ဆေးစွဲနေသည်။
ရောဂါစွဲကပ်နေသည်။
နိုင်ငံရေးအစွဲ။

မှိုင်းစွဲနေတဲ့ လက်ဆွဲမီးအိမ်ကို ချိတ်ဆွဲထားသည်။
ဆေးစွဲပြီးသောက်ပါ။ အချိန်ဆွဲမနေပါနှင့်။
တပ်စွဲထားသည်။ စစ်ပွဲကို အချိန်ဆွဲပြီးမတိုက်ပါနှင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်