ပြေ နဲ့ ပြည်

Aung Zaw Win စိုစိုပြည်ပြည်နဲ့ စိုစိုပြေပြေ ရှင်းပြပါလားဆရာ ကျေးဇူးတင်ပါတယ်။

အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ စိုပြေရော စိုပြည်ပါ နှစ်မျိုးလုံးရေးထားတယ်။ ခုခေတ်မှာ စိုပြည်လို့ရေးတယ်။

ပြေ
စကားပြောပြေပြစ်သည်
စစ်ပြေငြိမ်း
စိတ်ပြေလက်ပြေ
နီပြေပြေ
သပြေပန်း
ပြေစာဖြတ်ပိုင်း
ပြေပြစ် (ပြေပျစ်)
ပြေပြတ်ပြီ
ပြေရာပြေကြောင်း
ပြေလည်သွားပြီ
ပြေပျောက်
ပြေပြေပျစ်ပျစ်
ဖြေ၍ ပြေသည်
လေညှင်းလေပြေ

ပြည်
ဆန်တပြည်
တိုင်းပြည်
ပြည်စွန်ရွာနား
ပြည်ဆံတော်ဘုရား
ပြည်တည်တည် (ပြက်ရယ်ပြုသည်)
ပြည်တန်ပတ္တမြား
ပြည်တီတီ (ပြက်ရယ်ပြုသည်)
ပြည်ထဲရေး
ပြည်ကြီးပန်း (ဗေဒါပန်း)
ပြည်ပန်းညိုပင်
ပြည်ဖုံးကားချ
ပြည်မြို့
ပြည်ရှင်မင်းကြီး
ပြည်လုံးကျွတ်
ပြည်ဝတ်တည်
ပြည်သူပြည်သား
ပြည်တော်ပြန်
ပြည်တော်သာ
ပြည်ထောင်စု
ပြည်ထောင်စု
ပြည်ပြေး
ပြည်နှင်ဒဏ်
အနာပြည်တည်
ရွှေပြည်စိုးငှက်
လေပြည်လေညှင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး