2017 အမျိုးတွေ

နှစ်သစ်ကူးနေ့ တူတွေ တူမတွေ ဘာရေးကြသလဲ ဖတ်မိတယ်။

(၁)
မုံရွာက မောင်ဥဂ္ဂါ
နှစ်သစ်မှာ ခေါင်မိုးထက်၊
မန်ကျည်းရွက် တက်ရှင်း။

တနှစ်မှာ တခါလောက်
စိတ်ကောင်းပေါက်တယ်
အောက် ကောင်းကောင်းဆင်း။

(၂)
ငါ့တူမ မသဇင်
ငယ်ချင်သေးတော့
ရှေးတုန်းကပုံကိုတင်။

တနှစ်ကူးတာဟာ
တနှစ်ကြီးလာတာမို့
နီးပေါ့လို့မြင်။

(၃)
တချို့အမျိုးများ
၃၆၅
မအားကြရှာ။

ပုလင်းနဲ့ မြူအိုး
ဇိုးမျိုးခံရတာက ဇနီးသားမယား
ရောဂါများရလို့တော့ ငါလည်းမတတ်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)