Survived ကိုယ်ဝန်မပျက် မြန်မာစာမပျက်

ဆရာရှင့် သမီးအသက့့် ပါ။ အိမ်ထောင်ရှိပါတယ်ရှင်။ သားသားလေးကိုမွေးထားတာလည့်း့ ကျော်ပါပြီ။ သမီးကလေးမလိုချင်သေးလို့ တားဆေးသောက်နေပါတယ်။ သမီးသောက်ရင်းနဲ့ ကိုယ်ဝန်ရနေပါတယ်။ အဲ့ဒါ သမီးဖြတ်ကျဖို့ ဒီနေ့အပါအဝင် နစ်ရက်ရှိပါပြီ။ ကလေးက မပြတ်ကျတာနဲ့ သမီးမွေးဖို့ဆုံးဖြတ်ထားပါတယ်။ အဲဒီကလေးမွေးရင် ကိုယ်လက်အင်္ဂါဉာဏ်ရည်ဉာဏ်သွေး ထိခိုက်မှုရှိနိင်မလား သိချင်လို့ပါရှင့်။ ဂျင်းပြုတ်ရည်နဲ့ ထညက်ပါသောက်ထားတာ နစ်ရက်ရှိပြီဆရာ။ ဆေးတွေက ပျင်းလို့ စိတ်ပူလို့ပါ။

မစိုးရိမ်ပါနဲ့။ ပြောပြတဲ့ဆေးနည်းတွေကနေ အထဲကကလေးကို ဆိုးတာတွေ မဖြစ်လောက်ပါ။

(သမီးကလေးမလိုချင်သေးလို့) လို့ရေးတာကို ဖတ်ကြည့်ပါ။ နောက်ကလေး သမီးလေးဖြစ်မှာကို မလိုချင်တာလို့ ထင်စေနိုင်တယ်။
(ကလေးက မပြတ်ကျ) ဆိုတာလည်း သတ်ပုံမှားတယ်။ ပျက်မကျလို့ ရေးရမယ်။
(ထညက်) ဆိုတာလည်း သတ်ပုံမှားတယ်။ ထန်းလျက်လို့ ရေးရမယ်။
(ဆေးတွေက ပျင်းလို့) ဆိုတာလည်း သတ်ပုံမှားတယ်။ ပြင်းလို့ ရေးရမယ်။
ဖြတ်ဆိုတာ ဆေးမသောက်တော့တာကိုသာ ရေးရတယ်။ ဆေးလိပ်ဖြတ်၊ အရက်ဖြတ်။
ဖျက်ဆိုတာ တည်ရှိနေတာကို ပျက်စီးအောင်လုပ်တာ။ ကိုယ်ဝန်ဖျက်၊ အဆောက်အဦဖျက်။
ပျက်ဆိုတာ အကောင်းကနေ သဘာဝကြောင့်ဖြစ်ဖြစ် ပယောဂကြောင့်ဖြစ်ဖြစ် ပျက်စီးသွားတာ။
(ပြီ) နဲ့ (ဉာဏ်ရည်) တွေကိုလည်း ပြင်လိုက်ပါတယ်။

သတ်ပုံတွေပြင်ပေးတာအတွက် ဆောရီး။

ခံပြင်း
နားကြားပြင်းကပ်
ပြင်းထန်
ပြင်းပြ

ပျက်စီး
ပျက်ပြို
ပျက်ယွင်း
ပျက်ပြယ်
ပျက်ပြား
ပျက်ပြုန်း
ပျက်သုဉ်း
ပျက်ကျေ

ပြတ်ပြတ်ပြော
ပြတ်လပ်
ပြတ်သား
ဖြတ်လို့ပြတ်

ပျင်းတိပျင်းတွဲ
ပျင်းရိပျင်းတွဲ
ပျင်းကြောဆွဲ
ပျင်းမွေးပျင်းတောင်
ပျင်းခြောက်ခြောက်

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)