Comment သုံးသပ်ချက်တခု

အာစီယန် နိုင်ငံခြားရေးဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားရှင်းလင်းပါတယ်။ VOA က မေးလို့ နည်းနည်းပါးပါး ဖြေရပါတယ်။

လူ့အခွင့်အရေးအမည်ခံနဲ့ ဘာသာရေးအမည်ခံအဖွဲ့တွေက မကောင်းတာတွေချည်း တသက်လုံးပြောနေခဲ့တဲ့အတိုင်း ဆက်ပြောကြတယ်။ ICG လို လေးစားလောက်တဲ့ ပညာရှင်အစုအဖွဲ့ အစီရင်ခံစာနဲ့ ရန်ကုန်မှာ သံအမတ်ကြီးအဆင့် မထားခင်က အမေရိကန်သံရုံးတာဝန်ခံလုပ်ခဲ့သူ ပရက်စီလာကလပ်တို့က လက်ရှိအစိုးရပြောတာတွေနဲ့ ဆင်တူနေတယ်။

အဲဒီမတူတဲ့သတင်းနောက်ခံထဲမှာ မလေးရှားဝန်ကြီးချုပ်က နိုင်ငံကတာမှာဖွတယ်။ မြန်မာပြည်တွင်းမှာ အရင်အစိုးရ လက်ထက်က ဖွထားခဲ့တာဖြစ်တယ်။။

တိုက်ပွဲတွေက ရခိုင်ဒေသမှာသာမက ဖြစ်နေတယ်။ တပ်မတော်စစ်ဆင်ရေးတွေက ထူးခြားလာတယ်။

ဒေါ်စုက အဲတာတွေကို ဒိုင်ခံရှင်းနေတယ်။ တာဝန်ခံသလို လုပ်နေတယ်။ အဲတော့ ဒေါ်စုအပေါ် မကောင်းမြင်တာတွေ တိုးလာတယ်။ ကျွန်တော့်အမြင် ဒေါ်စုမှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး