Sculpture ပန်းပု

ကျွန်တော် အထက်တန်းကျောင်းသားဘဝက မုံရွာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တည်မယ်ဆိုတော့ မြောက်ဘုရားကြီးမုခ်နားမှာ လူစုလူဝေးနဲ့ကြေညာတယ်။ မြန်မာစာဆရာ ဘုတလင်ချစ်လေးလည်းပါတယ်။ အဲဒီတုန်းကတော့ ပုံစုံတုကိုကြည့်ပြီး အားမပါသလိုထင်နေခဲ့တယ်။ အခုတော့ မုံရွာက ဗိုလ်ချုပ်ရုပ်တုကို ကြည့်တတ်လာပါတယ်။

မြန်မာပြည်မှာ ရုပ်တုတွေကို ကျွန်တော် သဘောမကျတာများတယ်။ ဘုရားဆင်းတုတော်တွေကို အမျိုးမျိုး ထုဆစ် ခြယ်သကြတာတွေ ခေါင်းတော်နဲ့ ကိုယ်ခန္ဓာ အချိုးအစားမကျတာတွေကလည်း များတယ်။ ကြည်ညိုဖွယ်မဖြစ်ပါ။

ရွှေတွေ စိန်တွေ လှူကပ်ထားပေမယ့် ဆင်းတုတော်အချိုးမကျရင် ကြည်ညိုဖွယ် နည်းစေတယ်။ အဆန်းအပြားတွေ မွန်းမံကြလွန်းလို့ ဘာသာမတူသူ တိုင်းတပါးသားတွေကနေ ဣတ္တိလိင်လား၊ မော်ဒယ်နဲ့တူတယ်လို့ ပြောကြရင် အတော်ကို အခံရခက်တယ်။

ပန်းပုပညာသမိုင်းက သမိုင်းမတင်ခင်ကတည်းကလို့ဆိုပါတယ်။ နိုင်မြစ်ဝှမ်း၊ ဥရောပ၊ ရှေးဟောင်းဂရိ၊ ဟယ်လစ်နစ်၊ ရိုမန်၊ ဘိုင်ဇင်တိုင်း၊ ဂေါသစ်၊ ရီနေဆန်ခေတ်၊ အာရှခေတ်မှာ Greco-Buddhist sculpture and Asia ဗုဒ္ဓရုပ်ပွါးတော်တွေ ဖြစ်လာခဲ့ပါသတဲ့။

ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးရှိတယ်။ မြန်မာနိုင်ငံသားတွေ ပန်းပု၊ ပန်းချီ၊ ပန်းပွတ်၊ ပန်းတဉ်း၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းရံ၊ ပန်းတိမ်၊ ပန်းတော့၊ ပန်းတမော့ခေါ်တဲ့ ပန်းဆယ်မျိုးမှာ ပုဂံခေတ်ကတည်းက မညံ့ရုံသာမက တော်ခဲ့ကြပါတယ်။ ကျွန်တော် ပန်းပု မထုတတ်ပါ။ ကြည့်တော့ ကြည့်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅
၂၆-၁၂-၂ဝ၁၇
ဓါတ်ပုံ = Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ