I, Me, Mine, Myself ကျွန်တော်

ဆရာခင်ဗျား ယခင်က စာရေးလျှင် နာမ်စားသုံးရာမှာ ကျွန်တော်ဟုသုံးခဲ့ပါသည် ယခုတော့ အများအမြင်မှာ တွေ့ရတာ များနေတဲ့ ကျနော် နာမ်စားပဲသုံးဖြစ်နေပါသည်။ ဘယ်နာမ်စားက အမှန်ဆိုတာမသိပါ။ ရှင်းပြပေးစေလိုပါသည်။ ကျေးဇူးပါ။

အရင်လည်း နည်းနည်းရေးဖူးသေးတယ်။ မြန်မာစာမှာ ကျွန်တော်ကို စသုံးခဲ့ပါတယ်။ ကျွန်ဘဝဖြစ်ရတာကို ဆန့်ကျင်လိုတဲ့ အယူအဆတခုနဲ့ အလွယ်ရေးနည်းလုပ်ချင်တဲ့ အယူအဆတခုတို့ကနေ ကျန်တော် ဖြစ်လာတယ်။ အဲတာက အရင်ရေးတာ မှားလို့ဖြစ်လာတာ မဟုတ်ပါ။ ဒီစကားစုဟာ ခေတ်အရ ပြုပြင်လာတဲ့ ကောင်းတဲ့ဥပမာတခုဖြစ်တယ်။ တ ကို မလုပ်သင့်ဘဲ တစ် လုပ်တာဟာ မှားတဲ့ဥပမာဆိုးတခုဖြစ်တယ်။

ကျွန်တော့်ကိုယ်ပိုင်အယူအဆကတော မူရင်းကိုမပျက်ချင်ပါ။ သတ်ပုံကျမ်းမှာလည်း ကျွန်တော်ပဲ။ ကိုယ့်ကိုယ်ကိုလည်း နှိမ်ချစိတ်ထားချင်ပါတယ်။ ကျွန်လို့ထင်လည်း မနာတတ်ပါ။ ကျနော်-ကျမ ရေးတာကိုလည်း အပြစ်လို့မမြင်ပါ။ ကျွန်တော်လို့ရေးတာ မှားတယ်ပြောရင်တော့ သဘောမတူပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး