Photo-shot model ကျွန်တော့်မှာ မော်ဒယ်မရှိ

ရေးထားတာတော့ ကြာပါပြီ။ သူနာပြုခေါင်းစဉ်နဲ့စာ။ ကျွန်တော်က ဂျာနယ်တခုကနေရတဲ့ပုံကို ယူသုံးထားတယ်။ သူနာပြုကျောင်းသူ ၃ ယောက်ကိုနောက်ကနေရိုက်ထားပြီး သူနာပြုတက္ကသိုလ်ဆိုင်းဘုတ်လည်းပါတော့ အံဝင်တာနဲ့ သုံးတာပါ။

အခုပဲ ကွန်မင့်တခုတက်လာတာကို နိုတီဖီကေးရှင်းကနေ အသိပေးတာနဲ့ ဖတ်ရတယ်။
Paing Thit သူနာပြုတွေပုံကမျက်နှာမပါဘူး နော်

ခနဲ့မှန်း ရှုတ်ချမှန်းတော့ သိပါရဲ့။

တနေ့က ခြင်္သေ့ရုပ်အပေါ်မှာ သစ်ပင်ပေါက်နေတဲ့ပုံကို နာရီဝက်လောက်လိုက်ရှာတယ်။ သင့်တာမတွေ့လို့ ထိုင်းကပုံတခု ယူသုံးလိုက်ရတယ်။ တမြန်နှစ်ကလည်း ထန်းပင်မြစ်မီးဖုတ်တဲ့ပုံကို ဂူဂယ်လ်အင်မေ့ခ်ျမှာ ကြိုက်တာမတွေ့လို့ ပြည်တွင်းက တူတော်မောင်တယောက်ဆီ လှမ်းခိုင်းရတယ်။

မြန်မာပြည်ကပုံတွေကိုသုံးရတာ အတော်ကြီးသတိထားရတယ်။ လူပုံဆို ခွင့်တောင်းရမယ်။ ကိုယ်တိုင်လည်း သွားမရိုက်နိုင်။ မော်ဒယ်နဲ့ရိုက်တာမျိုး မသုံးပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)