Tuesday, December 27, 2016

စပ် နဲ့ ဆက်

စကားမစပ်နဲ့ စကားမဆက် ဘယ်ဟာအမှန်လည်းဆရာ။

စကားမစပ်ကသာ မှန်ပါတယ်။ ဆက်စပ်မှုမရှိပဲ တခြားအကြောင်းအရာတခုခုကိုပြောချင်တာလို့ ဆိုလိုတယ်။ စကားမဆက်ဆိုတာ ပြောလက်စစကားကို ဆက်မပြောပဲလို့ဖြစ်သွားမယ်။ စပ်မိလို့ ပြောရအုန်းမယ်လို့ပြောလေ့ရှိတာနဲ့ ဆက်စဉ်းစားနိုင်ပါတယ်။

စပ်
ခံတွင်းပါးစပ်။
ငရုပ်သီးကို စပ်သီးလို့လည်းခေါ်ကြတယ်။
စပ်ကူးမပ်ကူးကာလ အထာမကျ။
စပ်ကျိန်းနေသလား။
စပ်စပ်စုစုလုပ်တဲ့သူ။
စပ်ဖျဉ်းဖျဉ်းမနေဘူးလား။
စပ်ကြားမှာ အနာဖြစ်။
စပ်ဖြဲဖြဲမလုပ်ပါနဲ့။
စပ်ယှက်ဖြင့် သန္ဓေတည်လာသည်။
စပ်ရှိန်းပူရှိန်း ခံစားရတယ်။
စပ်လျဉ်း၍။
စပ်ဟပ်ပြီးပြောမယ်။
စပ်ကြောင်းမှာ စုပ်ပြဲနေသည်။
ဆက်စပ်စဉ်းစားပါ။
ပိုးစပ်ကောင်။
ပူစပ်ပူလောင်ခံစားရတယ်။
မျက်ခမ်းစပ်ရောဂါ။
ရွာနီးချုပ်စပ်။
ဟိုစပ်စပ် သည်စပ်စပ်။
အငန်အစပ်ကြိုက်တယ်။
အသားနီစပ်စပ်နဲ့လူ။
ရောစပ်ထားသည်။

ဆက်
ဂုတ်ဆက်ကနာနေတယ်။
ဆက်၍ပြောပါ။
ဆက်ကပ်လှူဒါန်းပါ။
ဆက်ခံစိုးစံသည်။
ဆက်စပ်နေတဲ့အကြောင်းကရှိတယ်။
ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ။
ဆက်ဆက်ကြွခဲ့ပါ။
ဆက်ရက်ငှက်လေးတွေလှတယ်။
ဆက်ကြေးကောက်လို့ ပေးရတယ်။
ဆက်ကြော (ဇက်ကြော) တင်းနေသည်။
ဆက်နွှယ်နေတဲ့ အကြောင်းတရား။
မိဘအမွေဆက်ခံထိုက်သူဖြစ်ပါစေ။
သတင်းတွေ ဆက်တိုက်လာနေတယ်။
အဆက်အနွယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...