အဲဒါ နဲ့ အဲတာ

Honey Kyaw အဲဒါလို့ ရေးရပါတယ်။ တာ ဆိုတာ တာတမံ တာဘောင် တာစူ တာထွက် ဆိုတဲ့နေရာမှာ သုံးရတာပါ။

Tint Swe အဲတာ နဲ့ အဲဒါ နှစ်ခုလုံးက စကားအရာမှာသုံးပါတယ်။ ၎င်း၊ ထို၊ အနှီ၊ ဤ၊ ယင်း၊ အဆိုပါ၊ အစားသုံးပါတယ်။


ဒါ အသုံးတွေနဲ့ တာ အသုံးတွေမှာ အဲဒါ ရော အဲတာ ရော မပါပါ။

မြန်မာ့စွယ်စုံကျမ်းမှာပါတဲ့ တို့ဗမာအစည်းအရုံးစာထဲမှာ
ဗမာပြည်သည် - တို့ပြည်

ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ လို့ပါတယ်။ နောက်လူတွေက ဒို့လုပ်ကြတယ်။ အဲတာ နဲ့ အဲဒါလည်း ဒီလိုသဘောဖြစ်မယ် ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး