Malnutrition အာဟာရချို့တဲ့နေတဲ့ မြန်မာစာ

Kyaw Kyaw တဝမ်းပူစသတ် တစ်က သွားလေသူ ၆၂ ကြီးလက်ချက်ဆိုတာ ဟုတ်ပါသလားဆရာ။

ဗိုလ်ချုပ်နေဝင်းက ၁၉၈၁ ခုနှစ် သြဂုတ်လမှာ တပြေးညီလုပ်ဘို့သာပြောတယ်။ မြန်မာစာဆရာကြီးတချို့က တစ်လိုက်ကြတယ်။ ဆရာတချို့က သဘောမတူလို့ မလိုက်နာခဲ့ကြပါ။ ဒါပေမဲ့ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။

နောက်တက်စစ်အစိုးရကတော့ အဲလို တစ်လို့မရေးရင် ထုတ်ဝေခွင့်မပေးပါ။ တလုံးဘယ်လောက်ဆိုပြီး လျှော်ရသေးသတဲ့။ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။

အခုအစိုးရလက်ထက်အထိ ကုလားထိုင်ရ မြန်မာစာဆရာများကလည်း အဲတာကိုသာ တရိုတသေလိုက်နာကြတယ်။

အဲတော့ လက်ညှိုး ၃-၄ ချောင်းထိုးမှသာ စုံစေ့ပါမယ်။ ဗိုလ်နေဝင်းလက်ထက်မှာ ယူနီဖေါင်းသတ်ပုံလို့ခေါ်တယ်။ စစ်အစိုးရလက်ထက်မှာ ပေါ်လစီသတ်ပုံလို့ခေါ်တယ်။ အခုတော့ ကုလားထိုင်သတ်ပုံလို့ခေါ်တယ်။

ပြင်လာသူတွေ များများလာလို့ အာဟာရချို့တဲ့နေတဲ့ မြန်မာစာမှာ နည်းနည်းတော့အားရှိတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)