Sunday, December 25, 2016

ဖိုးစော်ကဲ (လေးချိုး)

လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။

တဲတဖက်
ဆွဲဖျက်ကာ အရင်လိုရော့ထင်
ကရင်အို ယာပြင်ကြီးမှာ
မီးထဲ့လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

ဘေးအိတ်ကယ်သျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။ (အချုပ်တန်းဆရာဖေ)

မှတ်ချက် = ဖျန်းလေက တစ်သုန်သုန်။ မဟုတ်ပါ။ တဲတစ်ဖက် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၆
၂၅-၁၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...