Surgeons are the most attractive doctors

ခွဲစိတ်ရာဝန်တွေက ဆွဲဆောင်မှုအရှိဆုံးဆရာဝန်တွေဖြစ်ကြတယ်လို့ ၂ဝ၁၆ နှစ်ဆန်းမှာထုတ်တဲ့ တိုင်းမ်မဂ္ဂဇင်းမှာ ရေးထာတာဖတ်ရတယ်။

ဆောင်းပါးက ဆေးပညာအတွက်တော့ မဟုတ်ပါ။ လူမှုဆက်ဆံရေးကို ဇောင်းပေးထာတယ်။ သူတို့တိုင်းပြည်မှာ ခွဲစိတ်ဆရာဝန်ဆိုရင် တွဲချင်ကြတယ်လို့ UniformDating.com ကနေ ယူနီဖေါင်းဝတ်သူတွေနဲ့ ဒိတ်လုပ်ခြင်းကို သုတေသနလုပ်လို့ သိလာတဲ့ ကောက်ချက်ဖြစ်ပါတယ်။ စုစုပေါင်း ၁ဝဝဝ ထဲက အမျိုးသမီး ၃၆% နဲ့ အမျိုးသား ၂၆% က ခွဲစိတ်ဆရာဝန်တွေကို ရွေးကြပါတယ်။ ကလေးအထူးကုဆရာဝန်တွေက ၂၈% + ၂၃% နဲ့ ဒုတိယလိုက်တယ်။

Shrink ခေါ် စိတ်အထူးကုဆရာဝန်တွေက မစွန်ကြပါ။ အမျိုးသမီး ၆% နဲ့ အမျိုးသား ၁ဝ% ကသာ သူတို့ကို ရွေးကြပါသတဲ့။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေအတွက် အဲလို ဂျူတီကုတ်အဖြူရောင်ဟာ လွှမ်းမိုးမှုသဘော ဆောင်တယ်။ စွမ်းဆောင်နိုင်တယ်လို့ အထင်ရောက်စေတယ်လို့ ဆန်းစစ်မှုကဆိုပါတယ်။

ခွဲစိတ်ဆရာဝန်တွေဟာ သူများတွေထက် လက်တွေ့သဘောဆန်တယ်။ အိုင်ကျူမြင့်တယ်။ ခက်ခဲတဲ့အခြေအနေမျိုးမျာ တည်ငြိမ်ကြတယ်။ သူတို့လက်တွေကလည်း အစွမ်းကောင်းတယ်လို့ပါဆိုပါသေးတယ်။ အန်စာတုံးပြစ်သလို ရွေးရာမှာလည်း ခွဲစိတ်ဆရာဝန်ကို ၈၉% ကသဘောကျကြတယ်။ ထိခိုက်ဒဏ်ရာရတာ၊ နေမကောင်းတာကို ကုသရာမှာလည်း အမျိုးသမီးဆရာဝန်တွေထက် ခွဲစိတ်ဆရာဝန်တွေက ၂ ဆသာကြပါတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
http://newsfeed.time.com/2013/08/30/survey-surgeons-are-the-most-attractive-doctors/

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)