Human Liver လူ့အသည်း

လူ့အသည်းဟာ ဝမ်းဗိုက်ညာဖက် အပေါ်နားမှာရှိတယ်။ သူ့အထက်မှာ ဒိုင်ယာဖရန်ခေါ် အပ်ါကရင်ခေါင်းပိုင်းနဲ့ အောက်က ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကြွက်သားပြားခုံးခုံးကြီရှိတယ်။ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးနဲ့ အလေးဆုံးအင်္ဂါ ဖြစ်တယ်။ ၁့၄၄ - ၁့၆၆ ကေဂျီ (သို့) ၃့၂ - ၃့၇ ပေါင်လေးတယ်။ ညာဘက်ခြမ်းကကြီးပြီး ဘယ်ဘက်ခြမ်းက သေးတယ်။ အသည်းထဲကို သွေး ၂ နေရာကနေဝင်လာတယ်။ တမျိုးက hepatic artery သွေးလွှတ်ကြောက သန့်တဲ့သွေးနဲ့ portal vein အစာခြေလမ်းကြောင်းက အာဟာရဓါတ်တွေပါတဲ့ သွေးဖြစ်ကြသည်။ အသည်းကအလုပ်မျိုးစုံလုပ်ပေးနေတယ်။ တချို့က အသည်းကလုပ်ပေးတဲ့စာရင်း (၅ဝဝ) အထိရေတွက်ထားတယ်။

အသည်း၏အလုပ်များ
1) Secretion စစ်ထုတ်ခြင်း၊
2) Synthesis of bile (ဗိုင်းလ်) ချက်ခြင်း၊
3) Synthesis of plasma protein (ပလာစမာ ပရိုတင်း) ချက်ခြင်း၊
4) Storage ပိုနေတဲ့ သကြားဓါတ်ကို Glycogen (ဂလိုင်ကိုဂျင်) အဖြစ်သိုလှောင်ပေးခြင်း၊
5) Detoxification အဆိတ်ဖြေပေးခြင်း၊
6) Excretion စွန့်ထုတ်ပေးခြင်း၊
7) Carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်) ချက်ခြင်း၊
8) Lipid metabolism အဆီကို ချက်ပေးခြင်း၊
9) Protein metabolism (ပရိုတင်း) အား ချက်ပေးခြင်း၊
10) Filtering စစ်ပေးခြင်း၊

အသည်းအောက်မှာ သည်းခြအိတ်ရှိတယ်။ အလုပ်သဘောချင်းကဆက်စပ်နေတယ်။ Biliary tract ဘိုင်းလ်အရည်လမ်း ရှိတယ်။ အသည်းထဲကနေ အသည်းအရည်တွေဟာ ပြွန်သေးသေးလေးတွေကနေလာတယ်။ နောက် သည်းခြေရည်ပြွန်ကလာတာနဲ့ပေါင်းပြီး အူသိမ်အစပိုင်း အကွေးနေရာလေးထဲဝင်တယ်။ အစားအသောက်ထဲမှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်၊ ပရိုတင်းဓါတ်၊ အမိုင်နိုအက်စစ်နဲ့ အဆီတွေ ကျေချက်ဘို့ အသည်းကအရည်လိုတယ်။

အသည်းကလုပ်ပေးနေတာတွေထဲမှာ သွေးခဲစေတဲ့ဓါတ် နံပတ်တစ် fibrinogen ဖိုက်ဘရင်နိုဂျင်၊ နံပတ်နှစ် prothrombin ပရိုသရွန်ဘင်နဲ့ V, VII, VIII, IX, X, XI, XIII တွေလည်းပါတယ်။ ဒါတွေအပြင် protein C, protein S နဲ့ antithrombin တွေလည်းပါသေးတယ်။ သန္ဓေသား ပဌမ ၃ လအထိ သွေးနီဥကိုပါထုတ်ပေးတယ်။ နောက်မှသာ ရိုးတွင်းခြင်ဆီက ထုတ်ပေးလာတယ်။ သွေးထဲမှာပါနေတဲ့ albumin အယ်လ်ဗျူမင်ကိုလည်း အသည်းကနေထုတ်ပေးတယ်။

Liver diseases အသည်းရောဂါများ
1. Hepatitis A အသည်းရောင် အေ၊
2. Hepatitis B virus အသည်းရောင် ဘီ၊
3. Hepatitis C virus အသည်းရောင် စီ။
4. Hepatitis D အသည်းရောင် ဒီ။
5. Hepatitis E virus အသည်းရောင် အီး။
6. Autoimmune hepatitis (အော်တိုအင်မြုန်း) အသည်းရောင်ခြင်း
7. Amebic hepatitis အမီးဘားဝမ်းကိုက်ပိုး အသည်းရောင်ရောဂါ။
8. Cirrhosis အသည်းခြောက်ရောဂါ
9. Acute liver failure ချက်ချင်း အသည်းအလုပ်မလုပ်တော့ခြင်း
10. Alcoholic liver disease အရက်စွဲ အသည်းရောဂါ
11. Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း
12. Hepatoma အသည်းအကျိတ်
13. Liver abscess အသည်း-ပြည်တည်ခြင်း
14. Cholangiocarcinoma (ကိုလန်ဂျီယို-ကာစီနိုးမား) ကင်ဆာ
15. Hepatic encephalopathy အသဲရောင်ကြောင့်ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု
16. Liver cancer အသည်းကင်ဆာ
17. Liver disease and Diabetes အသည်းနဲ့ဆီးချို
18. Budd–Chiari syndrome ဘဒ်-ချိုင်ရီရောဂါ၊
19. Primary biliary cirrhosis အသည်းခြောက်ရောဂါတမျိုး။
20. Neonatal Hepatitis မွေးစကလေးအသည်းရောင်ရောဂါ။

အသည်းဟာ Liver regeneration ပြန်ပြီးအစားဖြစ်လာနိုင်စွမ်းရှိပါတယ်။ အနည်းဆုံး ၂၅% ပြန်ဖြစ်နိုင်တယ်။ အဲတာကြောင့် အသည်းအစိတ်အပိုင်းတခုကိုပေးလှူသူတွေမှာ လူကောင်းလို နေနိုင်ကြတယ်။ တိတိကျကျပြောရရင် အသစ်ဖြစ်လာတော့ မဟုတ်ပါ။ ရင်းစားရအောင် ဖြစ်ထွန်းလာတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး