တော်လှန်ရေးစာဆိုကြီး

ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ။

အဖိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏။

ညီညွတ်တော့ စိတ်ကြည်
မညီတော့ စိတ်မော။

အဖိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော။

လိမ်မာတော့ အားမာန်
မိုက်ပြန်တော့ သနား။

အဖိုးအို မသေသေးခင်က
ငြိမ်းအေးကာ မနေဆိတ်ရှာဘု
စိတ်ကြောင့်ကြများ။

ကိုယ့်တိုင်းပြည် ကျွန်ဖြစ်တော့
တဆစ်မှငုံ့မခံ
တော်လှန်တဲ့ တို့အဖိုး။

ကိုယ့်ရာဇဝင် အဖြစ်ရှုံးတော့
လုံးလုံးမှ ငုံ့မခံ
တော်လှန်တဲ့ တို့အဖိုး။

မြန်မာ့သွေးပေပ
နှုတ်ခမ်းမွေး တတောင်ကျော်နဲ့
ကလောင်မော်စိန်တချောင်းရယ်နဲ့
သောင်းမြန်မာနယ်တရိုး
ဒေါင်းလံလွှင့်ထိုး။ (တင်မိုး)

မှတ်ချက်။ ဆရာတင်မိုးက တစ်ဆစ်မှ ငုံ့မခံလို့ မရေးခဲ့ပါ။ နှုတ်ခမ်းမွေး တစ်တောင်ကျော်နဲ့လို့ မရေးခဲ့ပါ။ ကလောင်မော် စိန်တစ်ချောင်းရယ်နဲ့လို့ မရေးခဲ့ပါ။ သောင်းမြန်မာနယ်တစ်ရိုးလို့ မရေးခဲ့ပါ။ တချို့က ပြောင်းလဲချိန်တန်ပြီစကားကို တလွဲသုံးပြီး သတ်ပုံမှန်နေတာတွေကိုပြောင်းရမယ်တဲ့။ နရသီဟပတေ့ကို တရုပ်နိုင်မင်းလို့ ပြောင်းချင်တဲ့အယူအဆမျိုး ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ