Posts

Showing posts from January, 2018

Only Colors အရောင်ပြောင်းခြင်းများ

Image
ကျွန်တော် ဆယ်တန်းအထိ မုံရွာမြို့ အထက (၂) မှာနေခဲ့တယ်။ အဲဒီကာလက မုံရွာမှာ အထက ၁ နဲ့ ၂ သာရှိသေးတယ်။ ကျွန်တော်တို့ကျောင်းက မရမ်းရောင်လုံခြည်ဝတ်ရပြီး  စတိတ်ဝမ်းက မီးခိုးရောင်ဝတ်ရတယ်။ နောက်မှသာ အကုန်လုံး အစိမ်းဝတ်ဖြစ်လာတယ်။ မရမ်းကနေ အစိမ်းပြောင်းပေမဲ့ စတိတ်တူးက စတိတ်တူးပဲး မီးခိုးရောင်ကနေ အစိမ်းရောင် ပြောင်းပေမဲ့ စတိတ်ဝမ်းက စတိတ်ဝမ်းပါပဲ။ သူ့ကျောင်းဂုဏ်နဲ့သူရှိကြတာက ပြောင်းမသွားပါ။ ကျွန်တော် အရောင်တွေအကြောင်းရေးထားတာ မနည်းတော့ပါ။ 1. Changing Political colors နိုင်ငံရေးအရောင်များပြောင်းလဲခြင်း https://doctortintswe.blogspot.com/2016/12/changing-political-colors.html 2. Colors count အဖြူ-အမည်း https://doctortintswe.blogspot.com/2015/01/colors-count.html 3. Colors for Health အရောင်တွေနဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2017/09/colors-for-health.html 4. Colors of Painting ပန်းချီကား၏အရောင်များ https://doctortintswe.blogspot.com/2016/10/colors-of-painting.html 5. Colors of Ribbon ဖဲကြိုးအရောင်များ https://doctortintswe.blogspot.com/2015/09/colors-of-ribbon.html 6.

စတိ ပူဇော်ခြင်း

Image
မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို ပြည်တွင်းမှာနေစဉ်ကတော့ တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ပါတယ်။ အပြင်မှာတော့ ဘာသာရေး၊ လူမှုရေးမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။ သနပ်ခါးတုံးလေးတွေကို ရှိတဲ့ဓါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်ရတာ။ မတော်လို့ ဘယ်ဘက်လက်ညှိုး တချက်ထိသွာလို့ ပလာစတာကပ်ထားရတယ်။ ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေခွက်နဲ့ ရပ်စောင့်သင့်ရသေးသတဲ့။ မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၈

Doctor ရှင့်

Image
(ကန်တော့ပါ) ကန်တော့ပါဆရာ အမှားပါရင်ခွင့်လွှတ်ပါ သမီ့း့ နက် တနေ့အတူ့မာ နေခက်မိပါတေဆရာ သူနက့် နေတုန့်း့ ကျွတ်သွားပါတေ သူရဲ့  ဆေး ၂လုံးနာရီမခြား တိုက်ခက်ပါတေ နောက် ၂ရက်နေတော့ ရာသီ ၂ရက်လောက်လာပီး ရပ်သွားပါတေ ခုထိမလာတော့ဘူး ကြားထဲမာလဲ ဗိုက်ခဏခဏအောင့်လို့ ဆေးရုံအုပ်နက် တရက်ပြခက်ပါတေ sayama က ဖယ်ရိုဗစ်တို့ သံဓာတ်အားဆေးတို့ ပေးခက်ပါတေ dအတောတွင်း ရာသီမလာရင်ပြန်လာပါလို့ ပြောပါတေဆရာ ဆီးစစ်ကြည့်မေတဲ့ saya သမီးကိုဝန်ရှိနိုင်လားဒေါက်တာ ပီးတော့ dညအဖြူဆင်းတာ ပြည်လိုအရောင်ဖစ်နေပါတေ saya စိုးရိမ်ရလားဆရာ ဗိုက်အောင့်တာ အစာအိမ်ဘက်ကအောင့်တာပါဆရာ ဆရာ့ရဲ့အဖြေကို သမီးစောင့်နေပါတေရှင့် ကျေးဇူးပြု၍ဆရာ့ကို တောင်းပန်စွာနက်အမှားပါရင်ခွင့်လွှတ်ပါ ဆရာ အမှားတွေက များလွန်းလို့ ပို့စ်တခုလုပ်ပါရစေ။ သမီ့း့ နက် = သမီ့း့ နဲ့မာ =့မှာ နေခက်မိပါတေ = နေခဲ့မိပါတယ် သူနက် = သူနဲ့ နေတုန်း = နေတုန်း ကျွတ်သွားပါတေ = ကျွတ်သွားပါတယ် တိုက်ခက်ပါတေ = တိုက်ခဲ့ပါတယ် ရပ်သွားပါတေ = ရပ်သွားပါတယ် ကြားထဲမာလဲ = ကြားထဲမှာလဲ ဆေးရုံအုပ်နက် = ဆေးရုံအုပ်နဲ့ တရက်ပြခက်ပါတေ = တရက်ပြခဲ့ပါတယ် ဆေးတို့ပေးခက်ပါတေ =

Cooking fumes ညှော်နံ့

Image
ဆရာ မင်္ဂလာပါ။ အသက် ၃၈ အမျိုးသမီး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ခေါင်းကို အနည်းငယ် ထိခိုက်မိပြီး ဘာမှ သိပ်မခံစားရလို့ ဒီတိုင်းပဲနေခဲ့တယ်ဆရာ ဒါပေမယ့် တခါတရံ ညော်မိရင် ခိုက်မိခဲ့တဲ့နေရာ ဦးရေပြားက ပျော့စိစိနဲ့ နာနေလို့ ရှောင်ရန် ဆောင်ရန် ညွှန်ကြားပေးပါဦး ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ မြန်မာလူမျိုးတွေ စိုးရိမ်လို့ တခုခုဖြစ်တိုင်း လက်ညှိုးထိုးခံရတဲ့ ညှော်နံ့ကနေ အောက်စီဂျင်နည်းတာသာဖြစ်စေနိုင်။ အနာရင်းတယ်ဆိုတာ အညစ်အကြေးနဲ့ ပိုးဝင်လို့သာဖြစ်တယ်။ ဆေးသုတေသနအရ တင်ပြပါမယ်။ မိုင်ဂရင်း ခေါ်ခေါင်းကိုက်ရောဂါ ဖြစ်သူတွေထဲက ၃ဝ% ဟာ အနံ့အသက် အပါအဝင် အာရုံခံမှုနဲ့ ဆက်စပ်တယ်။ အလင်းရောင်၊ အမဲစက်မျိုးကနေစတာကတော့ ပိုများပါတယ်။ ကိုယ်မကြိုက်တဲ့ အနံ့တခုခု ဥပမာ ညှော်နံ့၊ ပုပ်နံ့ စတာမျိုးကို စိတ်ထဲမှာ တွေးလိုက်တာနဲ့ မိုင်ဂရင်းဖြစ်လာစေမဲ့ ပဏာမပျိုးအဆင့် Aura ကို ရစေနိုင်တယ်။ အဖြစ်များလှတော့မဟုတ်ပါ။ ဒါပေမဲ့ သိသာတယ်။ အဲလို တကယ်အနံ့မရဘဲ ရတာမျိုးကို Olfactory hallucinations ခေါ်တယ်။ အများစုက မီးလောင်တဲ့အနံ့၊ မီးခိုးနဲ့ကို မကြိုက်ကြပါ။ တချို့က ဘယ်မီးခိုးနံ့ဖြစ်ဖြစ်၊ တချို့က တိတိကျကျ ဥပမာ ဆေးလိပ်မီးခိုးနံ့၊ သစ်သားမီးလောင်တဲ့အနံ့၊ေ

သန် သံ သမ် သာန်

Image
၁။ ဆရာ မြန်မာစာ သတ်ပုံအကြောင်း မေးချင်လို့ပါ။ စိတ်ဆိုတဲ့ စကားလုံးနဲ့တွဲရေးတဲ့ စိတ်သန်ဒန်လို့ အသံထွက်တဲ့ စကားလုံးရဲ့ မူရင်းသတ်ပုံ အမှန်ကို သိချင်လို့ပါခင်ဗျ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၂။ ဆရာရှင့် ကလေးက သုံးနှစ်ခွဲပါ သံကြေဆေးတိုက်ရင်းဖျားနေလို့ ဆက်တိုက်လို့ရပါသလားရှင် သံကြေဆေးက သုံးရက်တိုက်ခိုင်းထားတာပါ တရက်ပဲတိုက်ရပါသေးတယ် ၃။ ဆရာအဲ့ဒါဆို ညဥ့်နက်သန်ကောင်ကအမှန်လား။ သန်းခေါင်ကျော်အချိန်ဆိုတဲ့စကားလုံးပဲတွေ့နေရလို့။ ၄။ ဆရာခင်ဗျာ ဝသန်မိုးနဲ့ ဝဿန်မိုး ဘယ်ဟာမှန်ပါသလဲ သန် ကကုသန်ဘုရား၊ ကျွမ်းသန္တာလန်၊ ငသန်ချိတ်ငါး၊ စိတ်သန္တာန်၊ နားသန်သီး၊ ပဋိသန္ဓေ၊ ပိုနသန်ကောင်၊ ရည်သန်၊ လူပြောမသန် လူသန်မပြော။ ဝသန် (မိုး) ရာသီ၊ သံသယ၊ သဏ္ဌာန် (ပုံပန်း၊ လုံးရပ်၊ အသွင်အပြင်)၊ သန်စွမ်း၊ သန်ဘက်ခါ၊ သန်မာ၊ သန်ယံ (သန်ကောင်ယံ)၊ သန်မြန်၊ သန်လျှက်ဓါး (ကဝိဓဇသတ်ပုံကျမ်း)၊ သန်လျက်ခုံ (အစိုးရထုတ်သတ်ပုံကျမ်း)၊ သန်လျက်စွန်း၊ သန်လျင်းချိတ် သန်သန်မြန်မြန်၊ သန်ကောင်၊ သန်ချဆေး၊ သန္ဓေကောင်း၊ သန္နိဋ္ဌာန်၊ သန္နိပတ်၊ သန္နိပါတ်နာ၊ သန္တာန် (အစဉ်အဆက်)၊ သန္တာကျောက်တန်း၊ သံ ကလန်သံပျင်၊ သံချွန်၊ သံခိပ် (အကျဉ်း)၊ သံခ

သာဓု

Image
တကြိမ်တခါမျှ ပုံနှိပ်ခြင်း မပြုရသေးသော သာဓုရေး ဝတ္ထုသစ် (့) ပုဒ်ပါသည်။ သာဓုဟာ အင်မတန်တော်တဲ့ စာရေးဆရာ အနုပညာရှင်ဖြစ်တယ်။ သူ့စာအုပ်တွေ သူ့ရုပ်ရှင်တွေကို အကုန်လိုလို ဖတ်ခဲ့ ကြည့်ခဲ့ရတယ်။ သူ့မျိုးဆက်ကိုလည်း မွေးထုတ်ပေးခဲ့တယ်။ သတ်ပုံမျိုးဆက်တော့ အဖြတ်ခံလိုက်ရတယ်။ တစ်ကြိမ်တစ်ခါလို့သာ ရေးကြတော့တယ်။ ဆောရီး ဆရာ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၈ ဓါတ်ပုံ Yan Naung Oo ကျေးဇူး။

Photo Nature ဓါတ်ပုံတို့၏သဘော

Image
ဒီနှစ်ပြန်တင်လိုက်တဲ့ အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄) အောက်မှာ ကွန်မင့်တခုဖတ်ရတယ်။ စိတ်မကောင်းဖြစ်ရတယ်ဆရာ။ ဒေါ်တင်မာအောင်က အမေစုကိုမမေးပဲသူက မသိပဲပြောပုံရပါတယ်။ ခုပုံလေးရတာ ကံကောင်းလို့ပေါ့ဆရာ။ ဒေါက်တာတင်မာအောင်ပြောတာက မှန်ပါတယ်။ သူ့တာဝန်အရ ပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော့်တာဝန်အရ ပြောတယ်။ တာဝန်ယူတတ်သူတွေ အပြစ်တင်ခံရတတ်တဲ့ နမူနာတခုပါပဲ။ ဒီစာကလည်း နှစ်ပတ်လည်စာဖြစ်ပါတယ်။ ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် လက်ရှိတာဝန်ကနေ အနားယူတော့မယ်တဲ့။ အမှတ်ရတာလေးတခု ရှိပါတယ်။ ၂ဝ၁၁ တုန်းက အိန္ဒိယကို ဒေါ်စုလာမယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ အိန္ဒိယကနေ ဒေါ်စုကိုဖိတ်တာက နိုင်ငံခေါင်းဆောင်တယောက်အဆင့်ဖြစ်လို့ သွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေ့မဲ့သူတွေ၊ လုံခြုံရေး စတာတွေ အသေးစိတ်ကို အစိုးရကနေ တာဝန်ယူပါတယ်။ Protocol department ကနေ အားလုံးစီစဉ်တယ်။ မြန်မာကွန်မြူနတီနဲ့ပါ တွေ့ဘို့ပါလို့ ပရိုတိုကော်လ်အရာရှိတွေက ဒေါ်စုဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ Prospect Burma ကျောင်းကို လာကြတယ်။ ကျွန်တော်က ကျောင်းဥက္ကဋ္ဌဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်း တနာရီတိတိ ရမယ်တဲ့။ ကွက်တိ စီစဉ်ထားတယ်။ သူတို့က တနာရီပြည့်တာနဲ့ ဧည့်သည်ကို က

တရုပ်ကလာတဲ့ အဆိပ်သင့် အစားသောက် (၅) မျိုးရှောင်ပါ

နိုင်ငံတကာသတင်းခေါင်းစဉ်တွေမှာ နာမည်ဆိုးနဲ့ပါတဲ့ တရုပ်လုပ်အစားအသောက်တွေထဲမှာ နို့မှုံနဲ့ ပျားရည်လဲပါခဲ့တယ်။ အခုလဲ တရုပ်နယ်စပ်ကနေထွက်လာတဲ့ အစားအသောက်တွေထဲမှာ အဆိပ်တွေပါနေတယ်။ အမေရိကန် FDA ကတောင်မှ နိုင်ငံခြားကနေဝင်လာတဲ့ အစားအသောက်မှန်သမျှရဲ့ ၂့၃% ကိုသာစစ်ဆေးနိုင်တယ်။ မစစ်နိုင်လို့ ဝင်လာတာတွေဟာ စားသုံးသူတွေရဲ့ ဆိုးလှတဲ့ကံတရားသာ ဖြစ်နေပါတော့တယ်။ စားသုံးဘို့မသင့်တဲ့ ထိပ်တန်းစာရင်းဝင် တရုပ်ကလာတဲ့အစားအသောက် (၅) မျိုးရှိတယ်။ (၁) Tilapia တီလာပီယားငါး အမေရိကားမှာ ဒီငါးမျိုးတင်သွင်းမှုရဲ့ ၈ဝ%  ရှိတယ်။ တနှစ်မှာ ပေါင် ၃၈၂့၂ သန်းရှိတယ်။ တရုပ်မှာ တငါသည် သမီးလေးတွေ အသက် ၇ နှစ်နဲ့အပျိုဖြစ်နေတယ်။ ငါးမွေးရာမှာသုံးတဲ့ ဟော်မုန်းကြောင့်ဖြစ်ရတာပါ။ ပိုးသေဆေးတွေလဲ သုံးနေတယ်။ (၂) Cod ငါးကြီး အမေရိကားကို တရုပ်ကနေ ၅၁% ဝင်တယ်။ တနှစ်မှာ ပေါင် ၇ဝ့၇ သန်းရှိတယ်။ တီလားပီးယားငါးလို အန္တရာယ်တူ ရှိတယ်။ (၃) Apple Juice ပန်းသီးဖျော်ရည် အမေရိကားကို တရုပ်ကနေ ၅ဝ% ဝင်တယ်။ တနှစ်မှာ ဂါလန် ၃၆၇ သန်းရှိတယ်။ ပိုးသတ်ဆေး အကျန်တွေ အထဲမှာ ပါနေတယ်။ တရုပ်ဟာ ကမာမှာ ပိုးသတ်ဆေး အများဆုံးထုတ်လုပ်နေတယ်။ တရားမဝင်သုံးစွဲမှုလဲများတယ်။ (၎

The Guests သပြေပင်နား လက်ဖက်စားခြင်း

Image
တမြန်နှစ်က မိတ်ဆွေအိမ်မှာ ဧည့်သည်လုပ်ပြီး၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အိမ်ရှင်ကို ကိုတရုပ်ကြီးလို့ခေါ်ပေမယ့် သူကဗမာ။ ကုလား၊ တရုပ် အခေါ်အဝေါ်တွေကို နိုင်ငံရေးလုပ်တဲ့အခုခေတ်မှာ မဟုတ်တာတွေက များတယ်။ ဝေါဟာရနောက် လိုက်ကြသူတွေကတော့ အလွန့်အလွန်များတယ်။ တောနက်ကြီးထဲတွန်းပို့ခံရတော့ မျက်စိလည်ကုန်ကြရော။ တချို့မှာ ပြန်မထွက်နိုင်ကြပါ။ ကျွန်တော်တို့ခေတ်တုန်းကတော့ နာမည်နောက်မှာ ပညာဘွဲ့ကိုသာ ထည့်တယ်။ အဲတာလည်း အမြီးတိုတယ် ရှည်တယ် ခေါ်ကြတယ်။ ခုခေတ်မှာက အမြီးကုပ်သလား ထောင်သလား။ ကျွန်တော်လည်း ကုပ်နေရတာ၊ အေးလွန်းလို့။ ဓါတ်ပုံထဲက ကျွန်တော်တို့ နှစ်နှစ်စာ ပိုပြီး အိုစာလာကြပြီ။ မြန်မာပြည်မှာ သပြေပန်းတွေ အမြဲလန်းပါစေသတည်း။ မျက်စိလည် ပျောက်ကြပါစေသည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၆ ၃၁-၁-၂ဝ၁၈

Shirt Button အင်္ကျီကြယ်သီးပေါက် မလွဲစေနဲ့

Image
စာရေးတာမှာ ဖေ့စ်ဘွတ်လိုနေရာမျိုးမှာ ခပ်လွယ်လွယ် ခပ်ပါ့ပေါ့ရေးကြတာကို ဗွေမယူပါ။ ရယ်စရာသဘော ရေးကြတာလည်း ထောက်ပြရန်မရှိပါ။ ဘန်းစကားဆိုတာလည်း ခေတ်တိုင်းမှာရှိတာ။ ပြောစရာရှိတာတွေက တမျိုး။ မူရင်းစာအုပ်တွေ စာတွေကို ကိုယ်ကြိုက်သလိုသတ်ပုံပြင်ပြီး ရောင်းစားကြတာကို ပြောပါတယ်။ မှန်နေပြီးသား သတ်ပုံတွေကို ပေါ်လစီအရ ပြောင်းခိုင်းတာမျိုး၊ မူကွဲရှိနေတာကို ပုံသွင်းတာကိုလည်း သဘောမတူပါ။ ခေတ်လို့ ဆင်ခြေပေးကြတယ်။ ခေတ်ဆိုတာ ပိုပြီး လွယ်ကူရှင်းလင်းစေရတယ်။ အဆင့်စာလုံးတွေ ပါဠိစာလုံးတွေ နည်းစေရတယ်။ မလိုအပ်ဘဲ စသတ်ခိုင်းတာ။ မနှစ်လုံးဆင့်ခိုင်းတာ ခေတ်သဘောမဟုတ်ပါ။ ခေတ်သဘောမှာ စာလုံးသစ်တွေပေါ်တယ်။ ဘာသာခြားစာလုံးတွေ၊ နည်းပညာစာလုံးတွေတိုးလာတယ်။ အဲတာတွေမှာ အသံထွက်ကို အနီးစပ်ဆုံးယူမှသာ သင့်တယ်။ အာထွာဆောင်းကို စောင်းလို့မရေးရ။ ဆူပါကို စူပါလို့ မရေးရ။ ဖေ့စ်ဘွတ်မှရေးတာနဲ့ ဆရာဝန်ဆီ ကျန်းမာရေးမေးတာ မတူသင့်ပါ။ လေးစားရမယ်၊ ရိုသေကျိုးနွံရမယ်လို့ ပြောတာ မဟုတ်ပါ။ ယဉ်ကျေးနိုင်ရင်တော့ ကောင်းတာပေါ့။ မေးခွန်းဟာ ဖတ်တာနဲ့ ဆိုလိုချက်ကိုတော့ သိစေသင့်တယ်။ သတ်ပုံမှားတာနဲ့ အဓိပ္ပါယ်လွဲတာတွေရှိတယ်။ အဲတာမျိုးကို ဖြေမရပါ။ ဆရာသားဥကြွေဆေးစား

School Politics ကျောင်းကပေးတဲ့ နိုင်ငံရေး

Image
• ဖဆပလ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊ ပြည်တော်သာစီမံကိန်းကြောင့်တဲ့ဗျာ။ • မဆလ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊ ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။ • အဲသည် ဒီမိုကရေစီခေတ်မှာ သူပုန်ဆိုတာ၊ အဖြူလာလာ အနီလာလာ အိမ်မှာသာတည်းကြ၊ • အစိုးရလာလဲ အိမ်မှာတည်းကြ၊ စာမသင်ရသေးတဲ့အရွယ်ကစ နိုင်ငံရေးဆိုတာ နားရည်ဝ။ • ပုဆိုးစလွယ်သိုင်းအရွယ် ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊ • တိုက်ပုံဝတ်တဲ့အရွယ်မှာ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ။ • ဖဆပလ ခေတ်မှာ အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊ မဲပြားဆိုတာသိ၊ • မဲခိုးတယ်လို့မရှိ၊ ကြိုတင်မဲကိုတော့ လူအိုလာမှသိ။ • ဖဆပလ နှစ်ခြမ်းကွဲတာ၊ ခုနစ်တန်းဖြေပြီးစ၊ နွေကျောင်းပိတ်ရက်က၊ • အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊ • မဆလ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစုကျ။ • ကျောင်းတက်စ အဆင်ဘလီမှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြ၊ • ဆိုသာဆို ပိုမိုသည့်စကား၊ နားထဲမှာကြားနေရ။ • ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊ • ယူနီယံဟောင်းတနေရာ၊ ခုထိလည်း ဗလာ။ • ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊ • ပညာဆိုတာ အိုစာမှသာ၊ တော်လ

Thanks to India (4) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄)

Image
၂ဝ၁၁ တုန်းက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ ဒေါ်စုကို ဖိတ်တာက နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေး စတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ ပရိုတိုကော်လ်ဌာနကနေ အားလုံးစီစဉ်တယ်။ တခြား အစီအစဉ်တွေနဲ့အတူ ကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ ပရောစပက်ဘာမား ကျောင်းသာရှိတော့ ပရိုတိုကော်လ်အရာရှိတွေက အဲဒီကျောင်းကို လာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌ ဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။ ပရောစပက်ဘာမားကျောင်းလေးက သေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် ပရိုတိုကော်လ်အရာရှိတွေနဲ့ ညှိရတယ်။ အောက်စဖို့ဒ်ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိမိသားစုကပိုင်တာပါ။ ဒေါ်မြမြအေးကနေ ကျောင်းပိုင်ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရလက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လက်ဖက်ရည်နဲ့ဧည့်ခံရင်း မိတ်ဆက်ဘို့နဲ့ စကားပြောမဲ့စင်မြင့်၊ စတာတွေ အစီအစဉ်ဆွဲကြတယ်။ အဲတာကို ပရိုတိုကော်လ်အရာရှိတွေကို ပြန်ပြော

Our Language Root မြန်မာစာသည် ခါး၏

Image
မေးခွန်း = လူမျိုးတမျိုးရဲ့ အမျိုးသားရေးဝိသေသထဲမှာ ဘာသာစာကို မှန်မှန်ကန်ကန်သုံးတတ်ခြင်းပါပါတယ်။ ဘယ်လို ကွဲသလဲဆိုတာ ခွဲခြမ်းပေးပါဦး။ တ နဲ့ တစ် ပုဒ်ရေ တရာကျော်ပြီ။ ဖတ်ဖူးသူတွေကို အားနာရတယ်။ မေးခွန်းထဲက တစ်ကိုတော့ ကျွန်တော့်ပို့စ်မှာ သုံးမှာ ဖြစ်လို့ ပြင်ပါတယ်။ ဆောရီး။ Sumerian ဆူမားရီးယန်ဘာသာစကားဟာ ကမ္ဘာမှာ ရှေးအကျဆုံးလို့ ဆိုပါတယ်။ ဘီစီ ၃ဝဝဝ မတိုင်မီကတည်းက ရေးသားခဲ့တယ်။ ကနေ့အထိသုံးစွဲနေတဲ့ ကမ္ဘာမှာရှေးအကျဆုံးဘာသာစကား (၁ဝ) မျိုးရှိတယ်။ 1. Hebrew ဟီဘရူး၊ 2. Basque ဘက်စ်၊ 3. Tamil တမီးလ်၊ 4. Lithuanian လစ်သူနီးယန်၊ 5. Farsi ဖါရ်ဆီ၊ 6. Icelandic အိုက်စလန်၊ 7. Macedonian မက်ဆီဒိုးနီးယန်း၊ 8. Finnish ဖင်းနစ်ရှ်၊ 9. Georgian ဂျော်ဂျီယန်၊ 10. Irish Gaelic အိုင်းရစ်ရှ် ဂေးလစ်၊ ခေတ်ဟောင်းအင်္ဂလိပ်ဘာသာစကားကို အင်ဂလို-ဆက်ဆွန်လို့ခေါ်တယ်။ ၅ ရာစုလောက်ကစတယ်။ နော်မန်တွေက သိမ်းယူတော့ အင်ဂလို-နော်မန်ဘာသာစကားကို အထက်တန်းကျသူတွေက သုံးလာတယ်။ ခေတ်ဟောင်းအင်္ဂလိပ်စကား ရပ်စဲသွားတယ်။ အလယ်ခေတ်အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်စကားနဲ့ ဆက်နေတယ်။ နှစ် ၁၄ဝဝ ကျော်အတွင်း တိုးတက်ဖွံ့ဖြိုးလာတယ်။ ကိုလိုနီနယ်

Remark by Saya Tin Moe ဆရာတင်မိုး မှတ်ချက်

Image
ကျွန်တော် မြန်မာစာသတ်ပုံအကြောင်းရေးပေမဲ့ ဆယ်တန်းနဲ့ ဆေးကျောင်းဒုတိယနှစ်အထိသာ မြန်မာစာသင်ခဲ့ရတယ်။ ဆေးကျောင်းအတန်းကြီးကစပြီး အပြင်စာအဖတ် နည်းခဲ့ရတယ်။ အလုပ်ထဲရောက်တော့လည်း နည်းတာပဲ။ နိုင်ငံရေးထဲ ရောက်တော့ ခဏနဲ့ပြည်ပထွက်ရတယ်။ အပြင်မှာ မြန်မာစာအုပ်ကရှား၊ သူများတွေကို ပြန်ပြောနိုင်အောင် အင်္ဂလိပ်လိုတွေသာဖတ်၊ အင်္ဂလိပ်လိုသာရေးရတော့တာမို့ မြန်မာစာနဲ့ အလှမ်းပိုဝေးလာခဲ့တယ်။ ပြည်ပမှာ မြန်မာလို စာအုပ်တွေထုတ်ကြပါတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့တောင် တင်စားခံရသေးတယ်။ စစ်အစိုးရတက်လာတော့ မူရင်း မြန်မာသတ်ပုံတွေကို ပြောင်းစေလိုက်တယ်။ ကျွန်တော့်စာတွေကို စာအုပ် ထုတ်ပေးချင်တဲ့ ထုတ်ဝေသူတယောက်နဲ့ စကားပြောဘူးတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပါ။ အေးဗျာ ကျွန်တော့် နာမည်ရင်းနဲ့ဆို ပုံနှိပ်ခွင့်ရမှာမဟုတ်ဘူး။ ကျွန်တော်က စာရေးဆရာမဟုတ်တော့ ကလောင်နာမည်လည်းမရှိပါ။ ဒါနဲ့ နာမည်ဝှက်တခု ရွေးပေးတယ်။ သတ်ပုံတွေကိုလည်း အစိုးရခွင့်ပြုတာနဲ့သာ ရိုက်မှာလည်းသိပါတယ်။ လုပ်ပေါ့ဗျာ။ ထွက်လာရင် အောင့်သက်သက်နဲ့ဖတ်ရမှာပေါ့လို့ ပြောလိုက်ပါတယ်။ စာအုပ်မထုတ်ဖြစ်လိုက်ပါ။ ဒေလီကို ဆရာတင်မိုးလာစဉ်က လူငယ်တယောက်ကနေ မေးတယ်။ ဆရာ့ အပြင်မှာ ထုတ်ဝေနေတဲ့

Myths လငပုပ် ငလျင် ကိုယ်ဝန်

Image
တယောက်တည်းက မေးပါတယ်။ ဆရာရှင့် ငလျင်ဒဏ်ကြောင့် ကိုယ်ဝန်တလခွဲဘာဖြစ်နိုင်လဲရှင့် ကလေးကိုထိခိုက်နိုင်လား စောမွေးနိုင်လားရှင့်။ အိုဂျီကပြောရင် မှန်။ အသက် ၂၇။ ကိုယ်ဝန် ၁၁ ပတ်ပါ။ လငပုတ်ဖမ်းကြည့်လို့ရမရ ကလေးထိခိုက်နိုင်လား ဆရာ။ စိုးရိမ်မိလို့ပါ။ အိုဂျီကတားရင် မကြည့်သင့်။ ငလျင်လှုပ်တဲ့နေရာမှာ ကိုယ်ဝန်ဆောင် ဘယ်နှစ်တောင်ရှိသလဲ။ လမင်းကြီးအောက်မှာကော ကိုယ်ဝန်ဆောင် ဘယ်နှစ်သန်းရှိသလဲ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၂၈

ပီ ပြီ ပြီး

Image
၁။ ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။ ၂။ Share ပါပီ ဆရာ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး ၃။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။ မေးခွန်းတွေကနမူနာသာ။ နေ့တိုင်း ၄-၅-၁ဝ ခုလာတယ်။ ရရစ်မပါတာတွေ။ ပီ စကားပီပီ (စကားပြီပြီ) ပီနံသီး ပီပီပြင်ပြင် ပီလာ = ဧကန်မုချ ပီလားကောင် ပီလာကြိုး ပီသ ပီလောပင် ပီလောပီနံပင် ပီအောင်ဆို မိန်းမပီပီ ရဟန်းပီပီ ခွေးကလေးပါပီ ယောက်ျားပီပီ ပြီ ချစ်မိနေပြီ ချမ်းသာပြီ စကားပြီ စားပြီးပြီ တန်ပြီ မွဲပြီ မှန်ပြီ များလေပြီ ပြန်လာပြီ ပြီးပါပြီ ပြီတီတီ ပြီပြီသသ လာပါပြီ သွားလေပြီ ဟုတ်လှပြီ အချိန်သင့်ပြီ အဆင်သင့်ဖြစ်ပြီ ကောင်းပြီ တော်ပြီ သေပြီ ပြီး ပြီးကပစ်လုပ်သည်၊ ပြီးခိုင် = ပြ

The Arts အနုပညာ

Image
အဆီအငေါ်မတည့်ဘူး ပြောကြမှာပဲ။ စာသင်နေတဲ့ဆရာမတယောက်ကနေ ဆရာဝန်ကို မေးခွန်းတခုမေးတယ်။ ကျန်းမာရေး မဟုတ်ပါ။ ဆရာမ = ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလား။ ဟာ့ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။ ဆေးပညာကိုသာ သိတယ်။ ဆရာမ = ဆရာ့ တကယ်သိချင်နေတာ။ တနေ့က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟော တရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။ ညက အိပ်မပျော်ခင် စဉ်းစားနေခဲ့သေးတယ်။ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ်ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဆက်တွေးအုံးမယ်။ ရေးဖြစ်မလားတော့ မပြောတတ်ဘူး။ ဘာသာရေး ရေးရတာမှာ အတော် သတိထားရမယ်။ ဆရာမ = ကျမလေ အနုပညာရဲ့တိကျတဲ့အဓိပ္ပါယ်ကို သိချင်လာတယ်။ ကျမမှာက စွယ်စုံကျမ်းမရှိဘူး။ မြန်မာအဘိဓာန်ကိုကြည့်တော့ စာပေဂီတ၊ ပန်းချီစသော နူးညံသောအရာလို့ပဲပါတယ်။ စွယ်စုံကျမ်းမှာ ၁ဝ မျက်နှာ ရှိတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်းတို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကိုလှုပ်ရှားစေနိ

Australian Open သြစတေးလျအိုးပင်း နှင့် ဓမ္မပဒ

Image
၂ဝ၁၇ ခုနှစ် သြစတေးလျအိုးပင်း တင်းနစ် ဂရင်းစလမ်ပွဲ ဖိုင်နယ်မှာ ဒီစာကိုရေးခဲ့ပါတယ်။ မနှစ်ကရော ဒီနှစ်မှာပါ ရော်ဂျာ ဖက်ဒါရာက ဗိုလ်စွဲတယ်။ အသက် ၃၆ နှစ်ရှိပြီး ကလေး လေးယောက်ဖခင် ဖြစ်တယ်။ ကျွန်တော်က ဘောလုံးနဲ့ တင်းနစ်ပွဲတွေကိုကြည့်ပါတယ်။ ဘောလုံးက အသင်းလိုက်ကောင်းဘို့လိုပြီး၊ တင်းနစ်က တဦးချင်း။ တင်းနစ်မှာ အလွန်မှတ်သား လိုက်နာစရာကောင်းတဲ့ သင်ခန်းစာတွေကို ယူရင်ရတယ်။ ပွိုင့် ခေါ် အမှတ်တိုင်းက အရေးကြီးတယ်။ ဆားဗစ် ခေါ် စပေး ဘောလ်တိုင်း၊ ရိုက်ချက်တခုတိုင်းက အရေးကြီးတယ်။ ဂိမ်း ခေါ် ပွဲငယ်လေးတခုတိုင်း၊ ဆက် ခေါ် ပွဲတခုတိုင်းက အရေးကြီးတယ်။ အမှတ်ရဘို့ရာဖန်တီးတဲ့ ဗျူဟာသုံးရတယ်။ အရေးအကြီးဆုံးတွေကတော့ အမှတ်တမှတ် ပေးလိုက်ရတာကို နောင်တသဘောမထားဘဲ နောက်အမှတ်အတွက်သာ အာရုံစိုက်ရတာ။ ရှုံးနေပေမယ့် တချက်ကလေးမှ စိတ်မပျက်ရတာ။ ကိုယ်က ရှေ့ကရောက်နေပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်မထောင်ရတာ။ ၂ဝ၁၇ ဖိုင်နယ်လ်မှာ ၂ ပွဲစီတူနေရာက အဆုံးအဖြတ်ပေးတဲ့ ပဉ္စမဆက်မှာ ရော်ဂျာဟာ နောက်ကနေလိုက်နေခဲ့ရတယ်။ သာမန်ကြည့်ရင် သူရှုံးပြီ။ ဆက်တခုမှာ ကိုယ်ရရမဲ့ ဂိမ်းတခု ပေးလိုက်ရရင် ရှုံးတယ်။ ဒါပေမယ့် သူအနိုင်ရလိုက်တယ်။ အားကစားသမားတို

Facebook learning ယူသော်ရ၏

Image
• စာမတတ် လမ်းဖတ်၊ ဇာတ်ပွဲကြည့် အသိတိုး။ • အမြင်မတော် သင်ပေး၊ လမ်းပေါ်ပညာရေး။ • မသေချာရင် ဖေ့စ်ဘွတ်မှာတင်၊ အမြင်မတော် ပြင်ပေး၊ အွန်လိုင်းပညာရေး။ ကျွန်တော် မှားတာ၊ ကျနေရစ်တာတွေကို စေတနာနဲ့ထောက်ပြပေးသူအားလုံးကို ကျေးဇူး။ ကျွန်တော်ရေးလို့ ကျန်းမာရေး၊ သုတနဲ့ မြန်မာစာ ဘယ်နှစ်ယောက် အကျိုးရစေသလဲတော့ မသိ။ ဘလော့ရတာတွေကတော့ ၃ဝဝ တိတိရှိ။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၈-၂-၂ဝ၁၄ ၃ဝ-၁-၂ဝ၁၈

An Ox ခိုင်းနွား

Image
သတင်းတချို့ထွက်တိုင်း ဘလော့စရာ ပေါ်လာစမြဲ။ မနှစ်ကဒီနေ့မှာ ၅ဝဝဝ ထဲက ၃ နေရာလျော့သွားတယ်။ ကနေ့တော့ ၁ ယောက်လျှော့။ တချို့ကလည်း ဖေ့စ်ဘွတ်ကို သူတို့ဖတ်နေချိန်လေးမှာ သူတို့စိတ်ထဲဖြစ်နေတဲ့သတင်းကို ကျွန်တော်ပါ လိုက်ရေးတာ မတွေ့ရင် ဒီမှာ ဒါဖြစ်နေတာတောင် မသိဘူးလားတဲ့။ ဆရာ့ကို မတွေ့တာကြာပြီလို့ ရေးလာသူတွေဆီ ရွာထိပ်ကမန်ကျည်းပင်ကြီးအကြောင်း ပြောပြောပြနေရသလို ပြောရအုန်းတော့မှာပဲ။ ခိုင်းနွားကြီး မြက်စား စမြုံ့ပြန်နေတာသာ မြင်ကြတယ်။ မလင်းခင်က လယ်တဧကကို ထွန်ပေးခဲ့တာကို မသိကြဘူး။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၇ ၃ဝ-၁-၂ဝ၁၈

Words လူသိရှင်ကြားနဲ့ လူသိထင်ရှား

Image
တမြန်နှစ်က ဘီဘီစီမှာ လူသိရှင်ကြားစကားလုံးကို လူသိထင်ရှားလို့သုံးလာနေတယ်ဆိုပြီး တက္ကသိုလ် ဆရာဟောင်း တဦးက ထောက်ပြတာဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။ All-known လူသိရှင်ကြားဆိုတာ လူတွေရော ရှင် (ရဟန်း) တွေရာ သိကြတယ်လို့ဆိုလိုပါတယ်။ လူတွေလည်းသိ၊ ရှင်တွေလည်းကြား အလွန်လှတဲ့စကားစု ဖြစ်တယ်။ Prominent လူသိထင်ရှားဆိုရင် လူတွေသာသိပြီး၊ ရဟန်းတော်တွေကတော့ မသိသလိုလို သဘောဆောင်ပါမယ်။ ရဟန်းရှင်လူပြည်သူဆိုတဲ့အသုံးလည်းရှိပါတယ်။ ရှေးခေတ်မှာ မင်း၊ ပုဏ္ဏား၊ ရဟန်းရှင်လူလို့ ရေးရင် တိုင်ပြည်တခုလုံး လူစုံတက်စုံ ဖြစ်သွားတယ်။ လှည်းနေ လှေအောင်း မြင်းစောင်းမကျန်ဆိုသလို။ လူသိရှင်ကြားဆိုရင် လူကတာသိတယ်လို့ဆိုလိုတယ်။ ကောင်းတာကိုဖြစ်ဖြစ် ဆိုးတာကိုဖြစ်ဖြစ် လူတိုင်းက သိတယ်လို့ ဆိုလိုပါတယ်။ ဆဲရေးတာလည်းပါမယ်။ ကြော်ငြာတာလည်းပါမယ်။ လူသိထင်ရှားဆိုရင် ထင်ရှားခြင်းသဘောကို ဖေါ်ညွှန်းတာဖြစ်တယ်။ အကောင်းသဘောအတွက်သာသုံးဖို့ သင့်ပါမယ်။ ဒီစကားစုနှစ်ခုဟာ အဓိပ္ပါယ်ခြင်းကွဲလွဲပါတယ်။ အစားထိုးသုံးလို့ နေရတိုင်းမှာတော့မရလို့ ထင်ပါတယ်။ ဦးနုခေတ်မှာ ဘုန်းတော်ကြီးတွေက ဆန္ဒပြကြတယ်။ ဘာသာခြားဖြစ်တဲ့သာသနာရေးဝန်ကြီးက တရို

တပို့တွဲလပြည့်

Image
က ကညစ် ပေမှာခြစ် ခ ခရာ အသံသာ ဂ ဂဏန်း ရေမှာဖမ်း င ငရုပ်စိမ်း စိပ်ရှိန်းရှိန်း စ စပါး တို့အားထား ဆ ဆရာ ရိုသေပါ ဇ ဇရပ်မှာ တည်းခိုပါ ည ညအခါ လသာသာ တ တလင်းဝယ် စပါးနယ် ထ ထမနဲ တပို့တွဲ ဒ ဒရယ်လေး ဘေးမဲ့ပေး ဓ ဓနိပင် အသုံးဝင် န နယုန်လေရူးသုန် ပ ပလောင် ဒို့ညီနောင် ဖ ဖရုံပေါ တို့ယာတော ဗ ဗလ အင်အားပြ ဘ ဘယက် ရွှေဒေါင်းခွက် မ မမ အဖေါ်ရ ယ ယမင်း ပပဝင်း ရ ရထား စီးလို့သွား လ လမင်း ထိန်ထိန်လင်း ဝ ဝလေး ဝိုင်းဝိုင်းရေး သ သမင် အပြေးလျင် အ အလံ အောင်ပွဲခံ ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကစွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ နောက်မှာ က ကညစ် ပေမှာခြစ် လာတယ်။ ဇာတိရွာ ဘုန်းကြီးကျောင်းမှာ ကညစ်ကို ခဏလေးသုံးခဲ့ဖူးတယ်။ ကန်စွန်းပင်လို့ ရေးကြတာတွေရှိတယ်။ ကစွန်းက ကန်မဟုတ်တာမှာလည်း ပေါက်တယ်။ ယာကစွန်းရှိတယ်။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကို အကြိုက်ဆုံးပါ။ အခုခေတ်မှာ ကလေးကို ခလေးလို့ ရေးနေကြတယ်။ ခ ခရမ်းသီး ဓါးနဲ့လှီးကနေ နောက်မှာ ခ ခရာ အသံသာ။ ခရမ်းသီးကို တချို့က ခါးရမ်းသီးလို့ ထင်ကြတယ်။ နရသီဟပတေ့မင်းဟာ အစားကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ

ယုံ ယုန် ရုံ ရုဏ်

Image
၁။ ဆရာ ခုတော်တော်များ စာလုံးပေါင်းသတ်ပုံ အမှားတွေကို မီဒီယာတွေကိုယ်တိုင် မှားလာလို့ အမှားကိုအမှန်ထင်လာကြပြီလားမသိ ဘူးဆရာ။ ဥပမာ ယုံကြည်မှုကို ရုံကြည်မှုတို့ဆိုတာ အတွေ့များလာပါတယ်ဆရာ။ ၂။ ဆရာ မင်္ဂလာပါ ယုံ ရုံ ရုန် အသုံးကို ရှင်းလင်းစွာသိချင်လို့ပါ ဒီလောက်လေး လုပ်နိုင်ယုံ/ရုံ/ရုန် လေးနဲ့ လက်ကို သေနတ်ကျည်ဆံ ရှပ်မှန်ယုံ/ရုံ/ရုန် လေးနဲ့။ ရုန်အသုံး မရှိပါ။ ၃။ ရုံမျှ နှင့် ယုံမျှ ဘယ်ဟာအမှန်ပါလည်းဆရာ။ လွမ်းသင့်ရုံမျှ / လွမ်းသင့်ယုံမျှ ပူဆွေးရုံမျှ / ပူဆွေးယုံမျှ တမ်းတမိရုံ / တမ်းတမိယုံမျှ ဘယ်ဟာအမှန်ပါလည်း ဆရာ။ ကျွန်တော်က စာတိုပေစလေးတွေ ရေးတဲ့အခါ စာလုံးပေါင်းမှားမှာ အလွန် စိုးရိမ်မိလို့ပါဆရာ။ ကျွန်တော့်အလုပ်ကလည်း စာသင်တဲ့အလုပ်ဆိုတော့ အရမ်းသတိထားရလို့ပါဆရာ။ အမေးအမြန်း ထူတယ်လို့ မယူဆပါနှင့်ဆရာ။ တော်ရုံသင့်ရုံ၊ နေသာရုံလို့ သတ်ပုံစာအုပ်မှာပါလို့ လွမ်းသင့်ရုံမျှ၊ ပူဆွေးရုံမျှ၊ တမ်းတမိရုံတွေက မှန်ပါမယ်။ ၄။ ဆရာမင်္ဂလာပါ။ ယုံ ရုံ ရုန် အသုံးကို ရှင်းလင်းစွာသိချင်လို့ပါ။ ဒီလောက်လေး လုပ်နိုင်ယုံ/ရုံ/ရုန် လေးနဲ့ လက်ကို သေနတ်ကျည်ဆံ ရှပ်မှန်ယုံ/ရုံ/ရုန် လေးနဲ့ လုပ်နိုင်ရုံ၊ ရှပ်မှန်ရုံတွေက မှန်ပါမ

ဆန်း ဆမ်း စမ်း

Image
၁။ ဆရာ ခုတော်တော်များ စာလုံးပေါင်းသတ်ပုံ အမှားတွေကို မီဒီယာတွေကိုယ်တိုင် မှားလာလို့ အမှားကိုအမှန်ထင်လာကြပြီလားမသိဘူးဆရာ။ အစမ်းမလုပ်ရကို အဆမ်းမလုပ်ရတို့ဆိုတာ အတွေ့များလာပါတယ်။ ၂။ ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။့ ဆီးစပ်ကခဏခဏကိုက်လိုက်ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။ (ထူးဆန်းလို့ ရေးရတယ်။) ဆန်း ဆန်းကျမ်း ဆန်းစစ် ဆန်းထူး ဆန်းကြယ် ဆန်းယဉ်နု ဆန်းပြား ဆန်းလိုက်ဆပ်ပြာ ဆန်းအလင်္ကာ ဆန်းထွေလာ ဓါတ်ဆန်း ပုစ္ဆာန်း = နတ်ထိန်း နတ်ဝင် မုံ့ဆန်း ပြုကတတ်ဆန်း ဖြစ်ကတတ်ဆန်း ဖြစ်ကတတ်ဆန်း ဖြစ်ရတတ်ဆန်း လဆန်း အဆင်ဆန်း နေရတက်ဆန်း နှစ်ဆန်း ဆမ်း အရှတ်အဆမ်း ဆီဆမ်း ဟင်းရေဆမ်း ရွဲရွဲဆမ်း စမ်း စုံစမ်းသည် စမ်းစလုတ် စမ်းတဝါးဝါး စမ်းတိစမ်းတမ်း စမ်းသပ် စမ်းချောင်း စိမ့်စမ်းရေ လက်နှင့်စမ်းသည် လာစမ်းပါ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၈

Azoospermia သုက်ပိုးမရှိခြင်း

Image
(ကန်တော့ပါ) ၁။ မင်္ဂလာပါဆရာ ဟိုတခါဆရာနဲ့တိုင်ဖူးပါတယ်။ သမီးတို့နှစ်ယောက်လုံး ogနဲ့သွားပြခဲ့ပါတယ်ဆရာ။ အဲ့ဒါသမီးကို omigea 3 နဲ့ ဖောလစ်အက်စစ် သောက်ဖို့ညွှန်ပါတယ်။ အမျိုးသားကိုတော့ စစ်ခိုင်းတာရှိပါတယ်ဆရာ။ အဲ့အဖြေရပါတယ်ဆရာ။ အဲ့ဒါဘယ်လိုအဖြေဆိုတာပြောပြပေးပါနော်ဆရာ။ နောက်လမှ ပြန်ပြရမှာမို့ သမီးတို့ သိချင်နေလို့ပါဆရာ။ ၂။ ဆရာကျွန်မအကူညီတောင်းပါရစေ။ ကျွန်မ ကလေးအရမ်းလိုချင်နေတာပါ။ ကျွန်မအိမ်ထောင်သက်တမ်းငါးနှစ်ရှိပါပြီ။ ဆရာပေါင်းလည်း စုံနေပါပြီ။ ဒါပေမဲ့ အဆင်မပြေပါဘူး။ ဆရာတွေကပြောတာတော့ ကျမယောက်ကျားရဲ့ သုက်ရည်ထဲမှာ သုက်ကောင်တကောင်မှမပါဘူးလို့ပြောပါတယ်။ အဲဒါနည်းလမ်းလေးရှိရင်။ ကူညီပါအုန်း။  သုက်ရည်စစ်ဆေးခြင်း အဓိပ္ပါယ်ဖွင့်ချက်များ - Astenospermia = သုက်ပိုးတွေလှုပ်ရှားမှုမကောင်းတာ။ အဲတာကြောင့် မမျိုးဥဆီရောက်အောက်မသွားနိုင်လို့ ကိုယ်ဝန်မရစေနိုင်ဘူး။  - Necrospermia (Necrozoospermia) = သုက်ပိုးတွေက မလှုပ်ရှားနိုင်တာ ဒါမှမဟုတ် မရှင်သန်တာ။ - Oligozoospermia = သုက်ပိုးသိပ်သည်းမှုနည်းတာ။  - Azoospermia = သုက်ရည်ထဲမှာ သုက်ပိုးကစမ်းတွေလောက်အောင်အထိ မများတာ။  Azoospermia သုက်ပိုးမရှိခြင်

ရက် နှင့် ယက်

Image
အထည်ယက်၊ အထည်ရက်၊ ကွန်ယက်၊ ကွန်ရက် မှားတတ်ပါသေးတယ်ရှင်။ ရက် ဆက်ရက်ငှက် ထရံရက် ဖျာရက်သည် မစား ရက် မသောက်ရက် မုဒရက်သီး ရက္ခိုက် ရက်ကန်းစင် (ယက်ကန်းစင် မူကွဲ) ရက်ကန်းရက် ရက်ကန်းရှယ် ရက်ချိန်း ရက်ချုပ် ရက်စုံသတ် ရက်စက်သည် ရက်တက်ရည် ရက်မ ရက်မလျှို ရက်ခြာဖျား ရက်ရာဇာ ရက်လည်ဆွမ်း ရက်သတ် ရက်ဖောက်တန်း ရက်ဖောက်ယောက် ရက်ရော သရက်ချဉ် သရက်ထည် သရက်သီး ယက် ဂယက်ရိုက်သည် ဂယောင်ဂယက် (ဂယောက်ဂယက်) ထွန်ယက် ကြက်ယက် ယက်၍ကူးသည် ယက်ကန်ယက်ကန် ယက်မန်းရည် ယက်သဲ့ (ငါးဖမ်းကိရိယာ) ယက်ကြောင်း လုယက်သည် ရေယက် ရွှေကြက်ယက် ရွှေယက်ပြား လေယက် ကွန် ငါးဖမ်းသောကွန် ကွန်မျူနစ် (ကွန်မြူနစ်) ကွန် = ပိုက် ကွန် = ပျံကြွ၊ တက်ကြွ၊ လွင့်မြောက်သည် ကွန်ချာ = ကွန်ရွက် = ကွန်ယက် = ဇာ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၈

Aesthetic Life ဘဝ နှင့် ရသ

Image
တူမတယောက်က မသီတာ (စမ်းချောင်း) ရဲ့ စာအုပ်ဖတ်ရတဲ့အကြောင်းရေးတာ တွေ့တယ်။ အေ့း့ ဆရာ ညမအိပ်ခင်က ရသစာမေးလို့ ရေးလိုက်တယ်။ တချို့ရသသမားတွေကတော့ သဘောတူကြမှာ မဟုတ်။ ကိုယ့်တသက်တာမှာ စာအုပ်ထဲကဇာတ်လိုက်တွေရှား။ သူလို ကိုယ်လိုလူတွေသာများတယ်။ အဲ့ ဆရာဝန်သက်တမ်းမှာ ဂျော်နီရှိတယ်။ နိုင်ငံရေးခရီးရှည်မှာ ဗေဒါပင် ရှိတယ်။ ဖိုးမောင် ရှိတယ်။ ခွဲစိတ်ဓါးကိုင်ခဲ့ပေမဲ့ ဓါးတောင်ကို မကျော်ဖူးပါ။ ချင်းတောင်သာ ကျော်ဖြတ်ဖူးတယ်။ မီးပင်လယ် မကူးရ။ ဒုက္ခသမုဒ္ဒရာမှာတော့ အခုထိ။ အဲတာမျိုးက လူတိုင်းမဟုတ်လား။ ဘာသာပြန်စာအုပ်တွေထဲက နေရာတွေမှာ အကြာကြီးနေရဆဲ။ ကိုယ်တိုင်လည်း သမိုင်းထဲရောက်နေပြီ။ ထုံမွန်း ဖွဲ့နွဲ့ခံရမှာတော့ ကြောက်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၈

ရ နဲ့ ယ

Image
သတိရလို့ရေးရမှာကို သတိယလို့ မှားနေကြလို့ တင်ပါတယ်။ တချို့ ကွန့်ကြတယ် ရ် တဲ့။ ယ ကပိယ၊ (ကပ္ပိယ) ဒါယကာ၊ ဒုတိယ၊ ပင်းတယမြို့၊ ဘယဆေး (ယခင်သုံး၊ ယခုသုံး = ပရဆေး)၊ မစ္ဆရိယစိတ်၊ ယခုချက်ချင်း၊ ယခုအခါ၊ ယဇုဗေဒင် (ယဇ်ပူဇော်ခြင်း)၊ ယတိပြတ် ယထာဘူတကျ၊ ယတြာချေ၊ ယမကာအဖျော်ရည်။ ယမင်းရုပ်၊ ယမန်နေ့၊ ယမမင်း၊ ယမုန်နာမြစ်၊ ယမိုက်ပြာဋိဟာပြတော်မူသည်၊ ယမနေသားပန်းပု၊ ယသ (အခြွေအရံ)၊ ယုယုယယ၊ ယသော အယသော၊ ယသော်ဓယာမိဘုရား၊ (ယသောဓရာ) (ယသော်ဓယာမိဖုရား) ဝပ်တွားခယ၊ သဟာယမိတ်ဆွေ၊ သူရိယနေမင်း၊ အထိန်းအယ၊ စေတီယမင်း၊ ရ ကုမာရမင်းသား၊ ဂါဝရတရား၊ ငရမန်၊ ဆုရသည်၊ ဒွါရခြောက်ပါး၊ ပဋိသ္ဓရစကား၊ (ပဋိသန္ဓာရ) ပရမတ်၊ မရဏ၊ မရမနေကြိုးစား၊ မိမိရရ၊ ရကန်စပ်နည်း၊ ရကွင်း (အတီးအမှုတ်)၊ ရခိုင်ပြည်နယ်၊ ရဂုံမြိုင်တွင်း တောလုံးလင်းသား၊ ရတက်ပွေ ဖြေမရ၊ ရတက်ပွေ၊ ရတနာ၊ ရတနာရွှေချိုင့်၊ ရတာနာပုံနေပြည်၊ ရတီ (စိန်ကျောက်) ရတုပိုဒ်စုံ၊ ရထား၊ ရနံ့ထုံသင်း၊ ရနယ်အခြင်၊ ရမည်းသင်းမြိုရ၊ ရမထာရွှေကြိမ်လုံး၊ ရမ္မက်ကြီး၊ ရမယ်ရှာ၊ ရလဒ်အဖြေ၊ ရသစာပေ၊ ရဟတ်စီး၊ ရဟန်းသံဃာ၊ ရဟိုင်းဈေး၊ ရဟန္တာအရှင်မြတ်၊ ရဝေ (နန်းအိမ်တ

Aestheticism ရသ နင့် သုတ

Image
ဆရာ ရသစာပေနင့် သုတစာပေကို အင်္ဂလိပ်လို ဘယ်လိုရေးရသလဲ မသိလို့ပါ။ ကျွန်တော်က စာပေအကြောင်း နည်းနည်းလေးသာသိတယ်။ စာရေးဆရာတွေ၊ သုတေသီတွေကသာ မှန်တာကို ပြောနိုင်ကြပါမယ်။ မေးလာလို့ ဖြေနိုင်တာတော့ ဖြေပါမယ်။ မြန်မာစာပေမှာသာ ရသစာနဲ့ သုတစာလို့ပြောကြတယ်။ သူများတွေဆီမှာက တမျိုးသတ်မှတ်ကြတယ်။ ရသလို့ ဘာသာပြန်နိုင်တဲ့ Aesthetic literature ဆိုတာရှိတယ်။ မြန်မာပြည်မှာခေါ်တာနဲ့ တူတယ်။ အဲတာမဟုတ်တာကိုတော့ Information ခေါ် သတင်းအချက်အလက်ပေးစွမ်းတာမျိုး။ Take away သယ်ယူပါသွားနိုင်တာမျိုးလို့ ဆိုပါတယ်။ ရသကနောက်မှ ပေါ်လာတာ။ Aestheticism ရသလှုပ်ရှားမှုဆိုတာ ပေါ်ခဲ့တယ်။ စာပေ၊ တေးဂီတ၊ အနုပညာနယ် အစုံမှာဖြစ်တယ်။ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ ရသပေးစွမ်းနိုင်တဲ့ ဖွဲ့နွဲ့ သီကုံး စပ်ဆို ရေးသားမှုတွေ ရှိအပ်တယ်လို့ ဆိုတာပါ။ တနည်းအားဖြင့် နက်နည်းမှုထက် လှပမှုကို ပိုပြီးဇောင်းပေးတယ်။ Art for Art's sake အနုပညာသည် အနုပညာအတွက်ဆောင်ပုဒ်လည်း ပေါ်လာတယ်။ ဥရောပမှာ ၁၉ ရာစုထဲမှာ ဖြစ်ခဲ့တာတွေပါ။ Oscar Wilde အော်စကာဝိုင်းဒ် က ထင်ရှားသူဖြစ်တယ်။ မြန်မာပြည်မှာတော့ အဲတာနောက်မှာ အနုပညာသည် လူထုအတွက်ဆိုတဲ့ ဆောင်ပုဒ် ပေါ်ထွန်းခဲ့ပါတယ်။ Readin

နှင်းခိုခြင်း

Image
မိုးခိုတယ်ဆိုတဲ့စကား ပြောလေ့ရှိပါတယ်။ သွားရင်းလာရင်း မိုးရွာနေလို့ အသိအိမ်မှာဖြစ်ဖြစ်၊ ကျောင်းဇရပ်မှာဖြစ်ဖြစ်၊ ခွင့်တောင်းပြီး ခေတ္တခဏမိုးခိုနိုင်ကြတယ်။ အခုနေတဲ့အရပ်မှာ စကားလုံးသစ်တခုတိုးလာတယ်။ အမျိုးသမီးမိတ်ဆွေတယောက် ဖုန်းဆက်ပြီး အမရှိလား၊ ကျမ နှင်းခိုချင်လို့ ဝင်ခဲ့အုန်းမယ်တဲ့။ အပြင်မှာ နှင်းတွေကျနေတာကိုး။ ကနေ့တော့ နှင်းက ကျလိုက်၊ ရပ်လိုက်။ နက်ဖြန်တော့ နေသာမယ်လို့ ဖေ့စ်ဘွတ်ကနေ အသိပေးတယ်။ ဒီမှာက အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ အီးမေးတွေကို အမှန်အတိုင်း ပေးထားရတယ်။ ဖေ့စ်ဘွတ်က ကျွန်တော်နေတဲ့မြို့ရဲ့ မိုးလေဝသဖိုးကပ်စ်အရ အသိပေးတာပါ။ စောစောက တယောက်ပြောတာကြားမိတယ်။ မြန်မာပြည်မှာက အသက်ကို ထုတ်မပြောကြဘူးတဲ့။ သေမင်းက သိသွားမှာ စိုးလို့တဲ့။ အော့့် ဒါကြောင့် မေးခွန်းတွေမှာ အသက်မပြောကြတာကိုးလို့ သိရတော့တယ်။ ဒါပေမယ့်ဗျာ ကျွန်တော်က သေမင်းမှ မဟုတ်တာ။ အသက်ကယ်နိုင်ရင် ကယ်ချင်တဲ့ ဆရာဝန်ပါ။ ကျွန်တော့်ဆီမှာ အသက်ပြောပြီး မိုးခိုခို၊ နှင်းခိုလို၊ လေခိုခို။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂ဝ၁၇ ၂၉-၁-၂ဝ၁၈

Respect ဂါရဝေါစ နိဝါတောစ

Image
ဆရာ ဂါဝတရားလား၊ ဂါရဝတရားလား မရှင်းလို့ပါ။ လွန်ခဲ့တဲ့ လေးနှစ်လောက်က မုံရွာမှာ အင်္ဂလိပ်စာ ကျူရှင်ပေးနေတဲ့ ကျွန်တော့်ညီရေးတာတခု ဖတ်မိတယ်။ ဟိုတနေ့ဆီက ကျွန်တော် ထမင်းစားနေတုန်း သုံးတန်းတပည့်မလေးတယောက် စားပွဲအနီးက ဖြတ်သွားတယ်။ ကိုယ်လေးကို ကိုင်းညွတ်ပြီး ဆရာကြီး စားပြီလားရှင့်လို့လည်း လောကဝတ်စကား ဆိုသေးတယ်။ သူက သောက်ရေ သွားသောက်တာပါ။ ပြီးတော့မှ ရေတခွက်ကို ခပ်ယူပြီး ကျွန်တော် ထမင်းစားနေတဲ့ စားပွဲပေါ်မှာ တရိုတသေ တင်ပေးသွားပါတယ်။ ကျွန်တော် အံ့သြသွားပါတယ်။ သုံးတန်းတက်မယ့် ကလေးမလေးတစ်ယောက်ထံက ဒီလောက် မြင့်မားတဲ့ ဂါရဝ၊ နိဝါတ ကိုယ်ကျင့် တရားကို ဘယ်မျှော်လင့်ထားမိပါ့မလဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် လန့်တောင် လန့်သွားမိတယ်။ ဂါရဝတရားနဲ့ သောက်ရတဲ့ သောက်ရေတခွက်ဟာ ကျန်းမာရေးအတွက်သာမက လူ့အသိုင်းအဝိုင်းကြီးအတွက်ပါ အဟာရဓါတ် ပေးဆောင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၉-၅-၂ဝ၁၄ ၂၉-၁-၂ဝ၁၈

တစသတ် တစ်

Image
ငှက်တစ် အာခေါင်ခြစ် လူတစ် လက်ရေးသစ် မေးခွန်းတစ် ရောဂါဖြစ် သီချင်းတစ် စကားထစ် ကဗျာတစ် ကာရံလှစ် ဝတ္ထုတစ် ခုခေတ် တရားတစ် ဓမ္မမစစ် ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၈

Valvular Heart Diseases နှလုံးအဆို့ရှင်ရောဂါများ

Image
၁။ Hi ဆရာ။ နှလုံးအဆို့ရှင် ကျယ်ရင် ဘာဖြစ်နိုင်ပါသလဲရှင့် မေးနည်းစည်းကမ်း ပို့လိုက်ပါတယ်။ ဆရာရှင့် ဗဟုသုတအနေနဲ့ သိချင်လို့ပါရှင့် အချိန်ရှိလျင် ဖြေပေးစေချင်ပါတယ်။ လူနာက ကျွန်မ ဖခင်ပါရှင့် အသက်က 65 ပါ။ နှလုံးအဆို့ရှင် ကျယ်တယ်ပြောပါတယ်။ သူက သွေးတိုးနဲ့ဆီးချိုလဲ ရှိပါတယ်။ ဘာတွေ ဆောင်ရှောင်ရမလဲ သိချင်ပါတယ်။ ၂။ ဆရာခင်မျာ ကျနော့်မှာ နှလုံးအစို့ရှင်ကျယ်တဲ့ရောဂါရှိပါတယ်။ ကျနော်ကအခု့ မှာနေပါတယ်။ ဆေးစစ်ရပါတယ် ဆရာ။ အဲဒီအခါတိုင်းမှာ ဆရာဝန်တွေက ကျနော့်နှလုံးခုန်တာနားထောင်တဲ့အခါတိုင်း အသံတမျိုး ကြားတယ်ဆိုပြီး အမြဲပြဿနာရှာပါတယ်ဆရာ။ တကယ်ကတော့ ကျနော့်မှာအဲရောဂါရှိမှန်းလဲသိပါတယ်ဆရာ။ ကျနော်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပြဖူးပါတယ် မြန်မာပြည်မှာလဲပြပါတယ်ဆရာ။ ဒါပေမယ့်တစုံတရာ ဆေးကုသမူမခံယူဖြစ်ခဲ့ပါဘူးဆရာ။့ မှာဆိုရင်လဲ ဈေးအရမ်းကြီးလို့မကုနိုင်ပါဘူးဆရာ အဲဒါကြောင့် တခြားဆေးစားလို့ ရမလား တခြားဘာလုပ်နိုင်မလဲ သိချင်ပါတယ်ဆရာ။ အဆို့ရှင်လို့ ရေးရတယ်။ ၃။ ဆရာရှင့် လေးစားစွာနှင့်သိချင်တာလေးမေးပါရစေရှင်။ သမီးကအသက် ၃၇ နှစ်ပါ။ ဆရာဝန်နဲ့ပြတော့ နှလုံးအဆို့ရှင် ဟနေတယ်လို့ ပြောပါတယ်ရှင်။ အဲ့အကြောင်းသိချင်လို့ ဆ

Tonsil Stones အာသီးကျောက်

Image
၁။ ပုံအတွက် sorry ပါဆရာ။ သည်းခံပြီးကြည့်ပေးပါ။ သမီးအသက် ၂၂ပါ။ အာခေါင်နားမှာရှတတဖြစ်နေတာ ၃ ရက် လောက်ရှိနေလို့ မှန်ထောင်ကြည့်တော့ပုံထဲကအတိုင်း အာခေါင်မှာဖြစ်နေပါတယ်ဆရာ နာခြင်း ပြုခြင်းမရှိပါ။ တခြား စိုးရိမ်စရာရှိလားလို့သိချင်လို့ပါဆရာ။ ပြီးတော့ရေခဲစားလို့မရပါဘူး။ စားလိုက်တာနဲ့ အာသီးယောင်ပြီး လည်ချောင်းနာပါတယ်။ ဆေးခန်းပြတိုင်းဆရာဝန်က ဒီလိုမကြာခဏဖြစ်ရင် အာသီးဖြတ်ပစ်ရမယ်လို့ပြောပါတယ်ဆရာ။ အာသီးဖြတ်တာရော တခြားဆိုးကျိုးရှိလာဆိုတာသိချင်ပါတယ်။ ၂။ အာသီးရဲ့ဘေးနားလည်ချောင်းနံရံဘက်မှာ သဘာဝအလျောက်ဖြစ်နေတဲ့ အိတ်ပုံစံချိုင့်ခွက်လေးတွေ ရှိတတ်ပါတယ်။ အဲ့ဒီထဲကို ပဲကြီးလှော်လို မာပြီးအချွန်အတက်လေးတွေပါတဲ့အစာတွေဝင်ရင် ပြန်မထွက်ပဲ ပိုးဝင်ပြီး အနံ့နံတဲ့ အလုံးလေးတွေ ဖြစ်တတ်ပါတယ်အဲဒါလည်းအာသီးရောင်စေတဲ့အချက်တစ်ချက်ပါပဲ အဲဒီအသီးလေးတွေကို သန့်ရှင်းတဲ့ ဝက်ခြံညှစ်တဲ့စတီးချောင်းလေးနဲ့ အလွယ်တကူထုတ်ပြစ်နိုင်ပါတယ်။ အဲဒီအလုံးလေးတွေ မရှိတော့ရင် အာသီးလည်း မရောင်တော့ပါဘူး။ ၃။ ဆရာ လည်ပင်းရဲ့ ဘေးနှစ်ဖက်က အာသီးပေါ်မှာ အဖြူရောင်အလုံးလေး ဖြစ်နေလို့ပါ။ နာကျင်တာမရှိပါဘူး။ အသက် ၅ဝ ပါ။ မော်လမြိုင်မှာနေပါတယ်။ ကျား-မ မသိပါ

ဖိုးမောင်လာပြီ

Image
အပေါ်က ကဗျာလေးကို စဆုံးဖတ် ချင်ပါသည်။ ဖိုးမောင်လာပြီ • မှိုင်းညို့  ညဥ့်ရိပ်၊ လူခြေတိတ်၌ • ရေဆိပ် အနား၊ ရွာတံခါးမှ • ဂုတ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော် • ဖိုးမောင်လာပြီ ဆိုကြသည်။ • ဟောင်သံရပ်၍ • ထက်ကြပ်ပေါ်လာ၊ အသံမှာကား • ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည် • ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။ • ဖိုးမောင်သံကြား၊ ကင်းသမားက • တံခါးကြီးအောက်၊ မလွယ်ပေါက်ကို • တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော် • ယာတွင် အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့် • ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို • လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည် • လူပင်လေလား၊ တစ္ဆေလား။ • တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ • တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌ • သူလျှင် ငါးရှာ၊ မကျွေးပါက • ထိုရွာသူသား၊ လူအများတို့  • ငါးစို ငါးစိမ်း ငတ်ပေလိမ့်။ သူ့မှာတမ်း • သူတို့အဆုတ် ထားခဲ့မြှုပ်သည့် • ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို • ရွာသားရွာသူ မေးကြမြူသည် • အူအူယမ်းငွေ့  ထတုန်တည်း။ • အမောင်ပြောက်ကျား၊ ချစ်သူအားကို • ဘာများ မှာခဲ့လိုသနည်း။ • ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို • ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ • အမောင်ပြောက်ကျား၊ မိဖအားကို • ဘာများ မှာခဲ့လ

ပယ် နှင့် ပါယ်

Image
၁။ တရားစာတခု တွေ့တယ်။ အကြိုက်ကို မပါယ်နိုင်သမျှ သင်သည် အပါယ်ကြိုက်သောဘဝမှ မလွတ်မြောက်နိုင်ပြီလို့ ရေးထားတယ်။ ပယ်နဲ့ ပါယ် ရောထွေးနေတယ်။ ၂။ မင်္ဂလာပါဆရာ။ မဟာဗောဓိပင်မှာ ဘုရားရှင် (ကိန်းဝပ်စံပါယ်) (ကိန်းဝပ်စံပယ်) (ကိန်းဝပ်စံပ္ပယ်) တော်မူနေသည်။ ဘယ်ဟာ မှန်ပါသလဲဆရာ။ (ကိန်းဝပ်စံပါယ်) အမှန်လို့ထင်ပါတယ်။ သိပ်မသေချာလို့ပါခင်ဗျ။ နောက် စံပါယ် နဲ့ စံမြန်း သဘောတရား ဘာကွာပါသလဲဆရာ။ ၃။ စပယ်ပန်းအောက်မှာ တယောက်က စပါယ်လို့ထင်ခဲ့ကြောင်းရေးတယ်။ ၄။ မေးခွန်းတခုက အဓိပ္ပါယ်နဲ့ အဓိပ္ပာယ် မေးတယ်။ ပယ် စံပယ်သည် (နေထိုင်သည်) စပယ်ပန်း (အရင်က သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ရေးတယ်။ စံပယ်ပန်းလို့လည်း အရင်ထုတ်သတ်ပုံမှာရေးတယ်။) နယ်ပယ် ပစ်ပယ်သည် ပန်းစပယ် ပယ်ခွဲ ပယ်ချသည် ပယ်စွန့်သည် ပယ်စိတ် ပယ်တဆဲ့ခြောက် (ပယ်တစ်ဆဲ့ခြောက် မဟုတ်ပါ) ပယ်ထားသည် ပယ်ထုတ် ပယ်ပစ်သည် ပယ်ပယ်နယ်နယ် ပယ်ကြဉ် ပယ်ရှင်းသည် ပယ်လှန် မြိုနီစပယ် အပယ်မိဘုရား (ယခင်သတ်ပုံစာအုပ်တအုပ်မှာ မိဖုရား မဟုတ်) ပါယ် သပါယ်လျောက်ပတ် အဓိပ္ပါယ် အပါယ်ငရဲ အပါယ်လေးပါး အပါယ်လေးဘုံ အလမ္ပါယ် ဥပါယ်တမည် (ဥပါယ်တမျည်) ပလ် ပလ္လင် ဒေါက်တာတင့်