Tonsil Stones အာသီးကျောက်


၁။ ပုံအတွက် sorry ပါဆရာ။ သည်းခံပြီးကြည့်ပေးပါ။ သမီးအသက် ၂၂ပါ။ အာခေါင်နားမှာရှတတဖြစ်နေတာ ၃ ရက် လောက်ရှိနေလို့ မှန်ထောင်ကြည့်တော့ပုံထဲကအတိုင်း အာခေါင်မှာဖြစ်နေပါတယ်ဆရာ နာခြင်း ပြုခြင်းမရှိပါ။ တခြား စိုးရိမ်စရာရှိလားလို့သိချင်လို့ပါဆရာ။ ပြီးတော့ရေခဲစားလို့မရပါဘူး။ စားလိုက်တာနဲ့ အာသီးယောင်ပြီး လည်ချောင်းနာပါတယ်။ ဆေးခန်းပြတိုင်းဆရာဝန်က ဒီလိုမကြာခဏဖြစ်ရင် အာသီးဖြတ်ပစ်ရမယ်လို့ပြောပါတယ်ဆရာ။ အာသီးဖြတ်တာရော တခြားဆိုးကျိုးရှိလာဆိုတာသိချင်ပါတယ်။

၂။ အာသီးရဲ့ဘေးနားလည်ချောင်းနံရံဘက်မှာ သဘာဝအလျောက်ဖြစ်နေတဲ့ အိတ်ပုံစံချိုင့်ခွက်လေးတွေ ရှိတတ်ပါတယ်။ အဲ့ဒီထဲကို ပဲကြီးလှော်လို မာပြီးအချွန်အတက်လေးတွေပါတဲ့အစာတွေဝင်ရင် ပြန်မထွက်ပဲ ပိုးဝင်ပြီး အနံ့နံတဲ့ အလုံးလေးတွေ ဖြစ်တတ်ပါတယ်အဲဒါလည်းအာသီးရောင်စေတဲ့အချက်တစ်ချက်ပါပဲ အဲဒီအသီးလေးတွေကို သန့်ရှင်းတဲ့ ဝက်ခြံညှစ်တဲ့စတီးချောင်းလေးနဲ့ အလွယ်တကူထုတ်ပြစ်နိုင်ပါတယ်။ အဲဒီအလုံးလေးတွေ မရှိတော့ရင် အာသီးလည်း မရောင်တော့ပါဘူး။

၃။ ဆရာ လည်ပင်းရဲ့ ဘေးနှစ်ဖက်က အာသီးပေါ်မှာ အဖြူရောင်အလုံးလေး ဖြစ်နေလို့ပါ။ နာကျင်တာမရှိပါဘူး။ အသက် ၅ဝ ပါ။ မော်လမြိုင်မှာနေပါတယ်။

ကျား-မ မသိပါ။ လည်ပင်းလား အာခေါင်လား မသိပါ။ ဖြစ်တာဘယ်လောက်ကြာ မသိပါ။

မ ပါ။ ဘေးနှစ်ဖက်လုံးမှာရှိတဲ့ အကျိတ်လိုနေရာလေးပေါ်မှာဖြစ်တာပါ။ မှန်နဲ့ကြည့်ရင်မြင်ရပါတယ်။ ဖြစ်တာ မကြာသေးပါဘူး။ ခုသလိုခံစားနေရလို့ မှန်နဲ့ကြည့်ရင်းတွေ့တာပါ။ သုံးလေးရက်လောက်ပဲရှိပါတယ်။

၎။ ဆရာရှင့် ကျမ အာခေါင်က အာသီးဘေးနားက ဆရာဝန်အခေါ် တောင်ဆယ်ဆိုတာလေးပေါက်နေပါတယ်။ ဆရာဝန်နဲ့ မပြမီတရက် လက်နဲ့စမ်းကြည့်တာ အဲဒီအပေါက် ကလေးအတွင်းမှာ မာမာအလုံးလေးတွေ့ပါတယ်။ အရပ်ထဲက ဆရာဝန် ပြတော့ ဆေးထိုးဆေးသောက် လုပ်ပါတယ် ၂ ရက်အကြာမှာ နားလည်ချောင်းဆေးရုံကိုပြပါတယ်။ အာသီးရောင်လို့ ဖြစ်တက်တယ်တယ်တဲ့။ သူက တပတ်စာ flumox ရယ် denzo ရယ် နောက်ဆေးတမျိုးပေးပါတယ်။ လည်ပင်းနာတာ သက်သာပေမဲ့ အဲဒီပေါက်နေတဲ့နေရာက မျက်ပြီးနေတော့ဆေးရုံကိုပြပါတယ်။ ဆေးသောက်ပြီး ဒုတိယရက်မှာ လည်ပင်းတခြမ်းက ပိုနင်လာပါတယ်။ ကယ်ပါဦးဆရာရယ်။ လွန်ခဲ့တဲ့ ၆ လကျော်လောက်က အစာအိမ် မှန်ပြောင်း ကြည့်ပါတယ်။ အဲဒီထည့်တုန်းကတည်းက နာသွားပါတယ်။ ထုံဆေးဖျန်းထားတော့ သိပ်မနာပါဘူး။ ဒါပေမဲ့ အဲတုန်းကတည်းက တနင်နင်နဲ့ဖြစ်တာပါ အခုကျမှအာသီးရောင်လို့ကြည့်ရင်းက အပေါက်ကိုတွေ့တာပါ။ အသက်က ၃၃ နှစ်ပါ။ ယောက်ကျားဆုံးတာ ၅ နှစ်ရှိပါပြီ။

၅။ ကျွန်မရဲ့ယောက်ျားလေးမိတ်ဆွေမှာ tonsil stones တွေဖြစ်လာလို့ပါ။ သူ့အသက်က ၃၄ နှစ်ပါ။ စဖြစ်တော့ ခပ်ကြီးကြီး အဖြူဖတ်လိုမျိုး တွေ့တာနဲ့ ဆေးခန်းသွားပြပါတယ်။ ဆရာဝန်က ဖဲ့ထုတ်လိုက်ပါတယ် infection မဟုတ်ဘူး မစိုးရိမ်ဖို့ ပြောပါတယ်။ ဆေးခန်းကပြန်လာပြီးနောက်ပိုင်း အဖြူဖတ်ထွက်သွားပြီး အပေါက်လေးကျန်ခဲ့တာတွေ့ရပါတယ်။ အခု အဲ့ဒီအပေါက်ကနေ ထပ်ဖြစ်လာတဲ့အပြင် ဘေးမှာ နောက်တခုနဲ့ အာခေါင်နောက်တဖက်မှာပါ။ အပ်ပေါက်လောက် အဖြူစက်၂ စက်ထပ်တွေ့တာမို့ စိုးရိမ်လို့ပါဆရာ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါဆရာ။ ကုလို့ ပျောက်နိုင်မလားဆရာ။ ဘယ်လိုလုပ်မယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ။

အာသီးမှာ ကျောက်တည်တာတော့ မဟုတ်ပါ၊ ကျောက်လိုဖြစ်လာတာပါ။ Tonsilloliths လို့ခေါ်ပါတယ်။ လူတိုင်းမှာ အာသီးတစုံစီ ပါနေပြီးသားပါ။ ကောင်းနေရင် မမြင်ရဘူး။ အာသီးဆိုတာ ပိုက်ကွန်လိုပဲ ရောဂါပိုးဝင်လာရင်ဖမ်းယူတယ်။ ပါးစပ်၊ အာခေါင်ထဲဝင်လာတဲ့ပိုးမွှားတွေကို အာသီးကဖမ်းယူသလိုလုပ်တဲ့အခါ စစ်ခင်းသလိုတိုက်ကြခိုက်ကြတယ်။ အပျက်အစီးတွေက စုဝေးလာပြီး အစိုင်အခဲလေးတွေဖြစ်လာနိုင်တယ်။ ခပ်ဖြူဖြူတွေကများတယ်။ အဲလိုအရာတွေက ခဲမာလာနိုင်တယ်။ ထုံးဓါတ်ဖြစ်လာနိုင်တယ်။ ကျောက်လို့ခေါ်မယ်။ ခပ်သေးသေးလေးတွေဖြစ်တာကများတယ်။
အဲလို အာသီးမှာကျောက်ဖြစ်နေပေမဲ့ ဘာမှမခံစားရတာလဲရှိတယ်။

တချို့က အဲလိုကံမကောင်းပါ။ ခံတွင်းနံ့မကောင်းပါ။ အာသီးမှာပိုးဝင်နေရင် နံမယ်။ ဆာလ်ဖါဓါတ်ပေါင်းတွေကြောင့် နံတာပါ။ လည်ချောင်းနာမယ်။ အားသီးကျောက်နဲ့ အာသီးရောင်တာတွဲနေရင် လည်ချောင်း၊ အာခေါင်နာမယ်။ အဖြူမှုံတွေဖြစ်မယ်။ တခါတလေမှသာမြင်ရမယ်။ မျိုချရတာနာမယ်။ နားကိုက်မယ်။ အာရုံကြောချင်းဆက်နေလို့ပါ။ အာသီးကြီးနေမယ်။

များသောအားဖြင့်ဆေးကုစရာမလိုသလောက်ပါ။ မြင်နေရလို့ ရလောက်မှာကို ဖယ်ရှားပစ်နိုင်တယ်။ အိမ်မှာတင်လဲ လုပ်နိုင်တယ်။ ပိုးသန့်ထားတဲ့ ပိတ်ကျဲစလေးနဲ့ဖယ်ရှားနိုင်တယ်။ ဗက်တီးရီးယားသေဆေးပေးဘို့လိုတတ်တယ်။ တချို့ကို ခွဲစိတ်ကုသရမယ်။ မလုပ်မဖြစ်တာကတော့ ရေနွေး + ဆားအရည်နဲ့ ပါးစပ်ဆေးရမယ်။

Tonsillitis အာသီးရောင်ခြင်း http://doctortintswe.blogspot.com/2014/10/tonsillitis.html ကိုဖတ်လိုကဖတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး