Dislocation of jaw မေးရိုးဆစ်လွဲခြင်း

၁။ မင်္ဂလာပါ ဆရာ။ ကျွန်တော့်အမျိုးသမီး အသက် ၃၁ ရှိပါပြီ။ တချက်တချက် သန်းဝေတဲ့အချိန် ပါးစပ်အကျယ်ဟ မိတဲ့ချိန်တွေမှာ မေးရိုးအစပ်က ခိုင်သွားပြီး ပိတ်တဲ့အခါ နာကျင်နေလို့ပါဆရာ။ သက်သာပျောက်ကင်းမယ့် နည်းလမ်းများ ညွှန်ကြားပေးပါဦးဆရာ။ ဆရာ ကျန်းမာ ချမ်းသာပါစေ။ (သတ်ပုံတွေ ပြင်လိုက်တယ်။ ဆောရီး)

၂။ မင်္ဂလာပါဆရာ။ အသက် ၂၁ နှစ်ရှိပြီ။ အမျိုးသမီး။ လွန်ခဲ့တဲ့ ၂ လက အစားစားနေရင်း အံတင်သွားပါတယ်။ Voltex Spray ဖြန်းပြီး နှိပ်လိုက်တာ ပျောက်သွားပါတယ်။ အခု နှစ်ရက်ဆက်တိုက် တပုံစံတည်း ဖြစ်သွားတဲ့အတွက် အရိုးအကြောဆရာဝန်နဲ့ပြသဖို့ လိုပါသလားရှင့်။ (ဆရာဝန် ပြ မပြမေးတာ မဖြေပါ။ ဆောရီး)

မေးရိုးအဆစ်လွဲတာကို ကိုယ်တိုင်ပြင်လို့တယ်။
ပြင်ပေးမယ့်သူက ဖြစ်တဲ့သူရဲ့နောက်ကနေရမယ်။
ဖြစ်တဲ့သူကို ပါးစပ် ဟထားခိုင်းပါ။
ပြုပြင်ပေးသူက လက်မနှစ်ချောင်း ထောင်ပြီး လက်မကို လူနာရဲ့ အောက်မေးရိုး၊ အောက်အံသွားတွေပေါ်မှာ တင်ပါ။ လက်မတွေကို အောက်ဖိချရင်း လူနာရဲ့နောက် (လုပ်ပေးသူဖက်) ကို တွန်းပေးပါ။
လွဲနေတဲ့အဆစ် ပြန်တည့်ဝင်သွားပါမယ်။
လူနာရဲ့ရှေ့ကနေလည်း လုပ်လို့ရပါတယ်။
လူနာမှာ သွေးနဲ့ သွားရည်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတခုခု ရှိ မရှိ မေးပါ။ လက်မတွေကို လက်အိတ်ရှိရင်သုံးပါ။ မရှိရင် လက်ကိုင်ပုဝါသန့်သန့်နဲ့ ပလပ်စတစ် သုံးပါ။
ထုံဆေး မလိုပါ။ ပြန်ဖြစ်တတ်တယ်။ ပြန်လုပ်ပေးပါ။
စားနေရင်း လွဲတတ်တယ်။ သန်းဝေရင်းလည်းဖြစ်တတ်တယ်။ မပျင်းနဲ့။
ရယ်လွန်းရင်လည်း လွဲတတ်တယ်။ သိပ်မရယ်နဲ့။ Smile!

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၇
၂၈-၁-၂ဝ၁၈


Comments