Hormones အားနာနာနဲ့ ရေးရတဲ့စာ

မင်္ဂလာပါဆရာရှင့် သမီးက မိန်းမဟော်မုန်းနည်းလို့ estrogen နဲ့ multivitamins တွေကို ဆေးခန်းမှာ ထိုးထားပါတယ် ဆရာမက ပြောတယ် menstration က ပုံမှန်မဖြစ်ဘူး ခလေးလဲ ဆေးပတ်ပြည့်လို့ ၁နှစ်လောက်မှရမယ်ပြောပါတယ် ခုက menstration မမှန်တော့ စိတ်ရှုပ်သလိုလို တွေဖြစ်တယ် ရာသီလာရင်လဲ နည်းနည်းလေးပေါ့နော် အဲ့တာ side effect ဘယ်လိုတွေများရှိနိုင်သလဲလို့ ပြီးတော့ အဲ့ဆေးတွေကြောင့် ကလေးမရတာမျိုးတို့ ဖြစ်တတ်လားလို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂၅နှစ် မ။ Estrogens + multivitamins ထိုးထား ၁.၉.၂၀၁၇  ရာသီမလာ လာရင်နည်း အဲ့ဆေးကြောင့် ကလေးရနိုင် မရနိုင် Estrogens ဆေးတွေရဲ့side effect ကျေးဇူးတင်ပါတယ်

Estrogen ဆိုတာ ဟော်မုန်း လိုသူတွေကို သတိထားပေးတယ်။ ဆေးအလေးချိန် မသိ။ တားဆေးထဲမှာပါတယ်။ သွေးဆုံးသူတွေနဲ့ တချို့ကင်ဆာအတွက်ပေးတယ်။ ကလေးရ မရဆိုတာ သိစရာတွေ အများကြီးရှိတယ်။ To get pregnant စာခဏခဏတင်ထားတယ်။ ကျန်တဲ့ဆေးက ဗီတာမင်။ လိုသူတွေကို ပေးတယ်။

ကျေးဇူးတင်ပါတယ်ရှင့် တခါထိုးရင် ၂လုံး တလတခါ နည်း ရက်၂ဝခြားစီ ၄ကြိမ် ထိုးခဲ့ပါတယ် တကယ်လို့ သူ့ရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးများရှိရင် သိပါရစေ ရှင့် ဥပမာ-အသားခြောက် တာမျိုး ဝက်ခြံထွက်တာမျိုး

Estrogen အီစထိုဂျင် ဟော်မုန်း https://doctortintswe.blogspot.com/2018/01/estrogen.html

ခုလိုစိတ်ရှည်စွာ ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဟိုနေ့က မေးထားတဲ့ အဆက်ကို ထပ်မေးခွင့်ပြုပါ သမီးက အီစထရိုဂျင် ထိုးပီး ဘော်ဒီဝိတ်တက်လာ ရာသီမလာဖြစ်လာပါတယ် ဒါနဲ့အဲ့ဆေး အရှိန်ပျောက်အောင် ရာသီပြန်လာအောင် ဘယ်လိုလုပ်ရမလဲမေးခဲ့ပါတယ် ဒါနဲ့ ဆရာကသမီးကို Panorit ကို ည ၁လုံး မနက် ၁ လုံး သောက်ခိုင်းပါတယ် Panorit က emergency တားဆေးလို့ သိထားပါတယ် သမီးက နောက်နှစ်လောက် ကလေး ယူချင်တာကြောင့် အဲ့ panorit ဆေး သောက်သင့် မသောက်သင့် သူ့ကိုသောက်လိုက်တာနဲ့ အရင်ထိုးခဲ့တဲ့ အီစထရိုဂျင်ဆေး အရှိန်တွေ ပျောက်သွားမသွားသိချင်ပါတယ်ဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့် အကယ်၍ panorit မသောက်ပဲ အီစထရိုဂျင်ဓာတ်ကိုပျောက်စေမယ့်နည်းရှိရင် ညွှန်ကြားပေးပါရှင့် အကယ်၍ အီစထရိုဂျင်ထိုးထားလို့ ရာသီမလာတာက အန္တရာယ် ရနိုင်လားဆရာ ဘာအန္တရာယ်မှမရှိဘူးဆိုရင်တော့ သူ့ဘာသာဆေးရှိန် လျော့ချိန်လာတာကိုပဲ စောင့်လိုက်ပါ့မယ်

အရင်မေးတာတွေကိုပါ ပြန်ဖတ်တယ်။ အိမ်ထောင်ရေး ထည့်မမေးပါ။ ဆေးတွေကို အိုဂျီကပေးတာလား မသိပါ။ အဲလိုဆေးမျိုးကို လူနာရဲ့ အချက်အလက်စုံ မသိရဘဲ မဖြေအပ်ပါ။

Penorit ဆေးဆိုတာဘာလဲ https://doctortintswe.blogspot.com/2014/11/penorit.html

အိုဂျီမဟုတ်ပါဘူးရှင့် အဲ့လိုအလှအပနဲ့ပတ်သက်တဲ့ဆေးခန်းပါ အဲ့ဆေးမျိုးကထိုးပြီးရင် အရှိန်ပြေတဲ့ချိန် နဂိုအတိုင်း ပြန်ဖြစ်နိုင်လားရှင့် ဒီလိုပဲ permanent result ဖြစ်သွားမှာလားလို့ပါ

အခုထိ အိမ်ထောင်ရေးမပြောပါ။ အဲလိုကြော်ငြာဆေးတွေရေးရတိုင်း စီးပွါးရေးလုပ်ကြသူတွေကို တကယ်အားနာပါတယ်။ ဆေးခန်းအမည်ကို အားနာလို့ ဖျက်လိုက်ပါတယ်။ ဘေးဥပဒ် သတ်ပုံက မှားနေတယ်။ တော်သေးတယ် ဥပုသ် မဟုတ်လို့။

ယောက်ျားဟော်မုန်း၊ မိန်းမဟော်မုန်းဆေးတွေကို အထူးကုဆရာဝန်ညွှန်မှသာ သင့်ကြောင်း အကြိမ်ပေါင်းများစွာ ရေးပါတယ်။ တချို့အပြောင်းအလဲတွေက ဟော်မုန်းညီမျှချိန်မှာ ပြန်မှန်လာနိုင်ပြီး တချို့ဟာတွေက ရင်းစားပြန်မရပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ