Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ
အသက်၂၉နှစ် မိန်းခလေး ရာသီမှန် အိမ်ထောင်မရှိ ဓားရှတဲ့ဒါဏ်ရာပါ ဖုဖုဖောင်းဖောင်းဖြစ်နေလို့ အနာရွတ် ကျန်နေမှားလား သိချင်လို့ပါ အနာရွတ်မကျန်အောင် ဘာလုပ်သင့်လဲ ပြောပြပေးပါရှင့်
မဖြေခင် ရေးချင်သေးတယ်။ ဒဏ်ရာလို့ ရေးရတယ်။ အသက် ၂၀ ကျော်ရင် အမျိုးသမီးလို့ ရေးတာက ပိုပြီး သင့်မှန် ယဉ်ကျေးတယ်။
အနာဒဏ်ရာတွေဟာ ယေဘုယျ ၃ ပတ်ဆိုရင် ကျက်တယ်။ တချို့ကြာနေတယ်။ ကြာစေတဲ့အကြောင်းရှိပါမယ်။ အင်ဖက်ရှင် ခေါ် ပိုးဝင်တာ၊ ထိခိုက်ဒဏရာထပ်ရတာကြောင့်ဖြစ်တယ်။ အထွေထွေရောဂါတခုခုရှိနေရင်လည်း နှေးစေတယ်။ အာဟာရနည်းလို့၊ အသက်ကြီးလို့၊ ဆီးချို၊ သွေးတိုးနဲ့ အာရုံကြောရောဂါတွေလည်းပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အနာကျက်နှေးစေတယ်။ သွေးအားနည်းသူ၊ အဆုပ်နာတာရှည်ရောဂါရှိသူတွေနဲ့ လူက ဝလွန်းရင်လည်း နှေးတယ်။ အသက်ငယ်လေ အနာကျက်မြန်လေ။ အရိုးဆက်မြန်လေ။
ဗက်တီးရီးယားတွေဝင်ရင် အဆိပ်ထုတ်ပေးလို့ အနာကိုဆိုးစေတယ်။ သွေးစီးလျှောက်မှုကနေ အောက်စီဂျင်ရစေတယ်။ သွေးစီးတာ ချို့ယွင်းနေရင် ဆဲလ်တွေဆီ အောက်စီဂျင်ရတာနည်းစေမယ်။ အနာကိုဖိအားသက်ရောက်တာ မကောင်းပါ။ ဆဲလ်တွေကို ရေရတာနည်းရင်လည်း နှေးစေမယ်။ ရေများလွန်တာလည်း မကောင်းပါ။
ကင်ဆာဆေး၊ ဓါတ်ကင်ခြင်းတို့ကြောင့်လည်း နှေးစေတယ်။ ခုခံအားနှိမ်ဆေးလည်းပါတယ်။ အာဟာရထဲမှာ ဗီတာမင် စီနဲ့ အေနည်းတာ အနာအတွက်မကောင်းပါ။ ပရိုတင်းနည်းလည်း မကောင်းပါ။ ဇင့် ခေါ် သွပ်ဓတ်လည်း မနည်းသင့်။ ရေဓါတ်များတဲ့ စိုစွပ်နေတဲ့ဝန်းကျင်က အနာကျက်တာကိုအားပေးတယ်။ ဆီးနဲ့ ဝမ်းတို့နဲ့ ထိစပ်မှု မရှိစေရပါ။
အနာကျက်တယ်ဆိုတာ ဆေးကြောင့် မဟုတ်ပါ။ ကိုယ်ခန္ဓာက အလိုလိုဖြစ်စေတယ်။ ဆေးတွေကြောင့် ပိုနှေးစေ၊ ဆိုးစေနိုင်တယ်။
အနာကျကတာ အဆင့်ဆင့်ဖြစ်တယ်။ ဆဲလ်တွေ၊ တွယ်ဆက်တစ်ရှူးတွေ အသစ်နဲ့ အစားထိုးတယ်။ မိနစ်ပိုင်းအတွင်း သွေးခဲဖြစ်စဉ် အရင်ဆုံးဝင်လာတယ်။ သွေးမှုံခေါ်တာကလုပ်ပေးတယ်။ တခြားဟာတွေလည်းပါတယ်။ ရောင်ရမ်းဖြစ်စဉ် ဝင်လာတယ်။ သွေးဖြူဥတွေက လုပ်တယ်။
ပွါးများဖြစ်စဉ်ဝင်လာတယ်။ အဖုံးလွှာဖြစ်စဉ် ဝင်တာတယ်။ ၃-၅ ရက်မှာ အသားနုတက်လာမယ်။ ၂ ပတ်လောက်ထိ ကြာတယ်။ ကိုလာဂျင်နဲ့ ပရိုတင်းတွေအရေးပါတယ်။ ကျဉ်းသေးဖြစ်စဉ်ပါတယ်။ ၅-၁၅ ရက်မှာ ဖြစ်တယ်။ အရင်ထက် သေးမယ်။ ဥပမာ ခွဲစိတ်ဓါးရာကို ၂ စင်တီမီတာရှိတာက ၁့၈ စင်တီမီတာသာရှိတော့မယ်။ ရင့်ကျက်ဖြစ်စဉ်တွေ ဖြစ်လာတယ်။ ကိုလာဂျင်ပါတယ်။ ပုံစံအသွင်ယူတယ်။ ဒဏ်ရာရပြီး ၂၁ ရက်မှာပြီးတယ်။
ပုံမှန်မဟုတ်တဲ့ အနာကျက်ဖြစ်စဉ်ရှိနိုင်တယ်။ ပိုးဝင်လို့နဲ့ အနာကို ထပ်ထိခိုက်လို့ဖြစ်တယ်။ နောက်တခုက ကီးလွိုက်ခေါ် အမာရွတ်အသီးဖြစ်တယ်။ အဲတာကတော့ မပျောက်နိုင်ပါ။
ရောဂါဗေဒထဲမှာ ညှော်လည်းမပါ။ မန်းဆေးလည်းမပါ။ တခြားဆေးတွေလည်းမပါ။ အနာသက်သာဆေးလိုနိုင်တယ်။ ငြိမ်နေအောင်ထားရတာလိုတယ်။ အနာဆေးထည့်တာလိုတယ်။ အနာမှာ သေသွားတဲ့ တစ်ရှူးတွေကို ဖယ်ရှားပေးရမယ်။ ပိုးဝင်ရင်တော့ ပိုးသေဆေးလိုတယ်။ မေးခိုင်ကာကွယ်ဆေးလိုနိုင်တယ်။
ဒဏ်ရာ ဧရိယာကျယ်တာ၊ အောက်ထိနက်တာ၊ ပိုးဝင်မဝင်၊ အနာဆေးကုသနည်းတွေအရ အမာရွတ် ကောင်းမယ်။ ဆိုးမယ်ဖြစ်တယ်။ တချို့က ကီးလွိုက် ခေါ် ဆိုးတဲ့အမာရွတ်ဖြစ်တယ်။
1. Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducation.blogspot.com/…/04/blog-post.html
2. After Surgery ခွဲစိတ်ထားပြီးသူ https://doctortintswe.blogspot.com/2016/11/after-surgery.html3. Boils မွေးကျွတ်နာ http://doctortintswe.blogspot.com/2014/12/boils.html
4. Bone fracture အရိုးကျိုးခြင်း https://doctortintswe.blogspot.com/2016/03/bone-fracture.html
5. Erysipelas အနာ https://doctortintswe.blogspot.com/2015/10/erysipelas.html?q=ulcer
6. Incisional Hernia ခွဲစိတ်နာ ဟာနီယာ https://doctortintswe.blogspot.com/2017/02/incisional-hernia.html
7. Infections ရောဂါပိုးဝင်ခြင်းများ http://doctortintswe.blogspot.com/2016/02/infections.html
8. Injury First Aid ထိခိုက်ဒဏ်ရာပြုစုနည်း http://doctortintswe.blogspot.com/…/04/injury-first-aid.html
9. Skin infections (Ulcer) အနာ https://doctortintswe.blogspot.com/2016/11/skin-infections-ulcer.html
10. Skin Pressure Sore ဖိအားသက်အနာ https://doctortintswe.blogspot.com/2017/09/skin-pressure-sore.html
11. Sterilization ပိုးသန့်ခြင်း http://doctortintswe.blogspot.com/2014/11/sterilization.html
12. Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် https://doctortintswe.blogspot.com/2014/11/surgical-adhesion.html
13. Surgical wound care ခွဲစိတ်နာ https://doctortintswe.blogspot.com/2014/12/surgical-wound-care.html
14. Surgical wound ခွဲစိတ်ဒဏ်ရာ https://doctortintswe.blogspot.com/2014/12/surgical-wound.html
15. Ulcer အနာ https://doctortintswe.blogspot.com/2017/10/ulcer.html
ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၈

Comments
Post a Comment