Not My Fault အချစ်မဝင် အပြစ်တင်

Terco-D ဆေးအောက်မှာ ကွန်မင့်တခုလာတယ်။ တာဝန်ရှိသူတွေက ဂရုမစိုက်ရင် ဆရာရေးတဲ့ပိုစ်က ဆေးသမားတွေအတွက်ဖြစ်သွားမယ်တဲ့။

အဲလိုလာမှာမျိုးကို ကြိုသိထားတယ်။ အရင်ကလည်း ခံခဲ့ရပြီးပြီ။ မူးယစ်ဆေးအကြောင်းရေးတိုင်း ဆုံးမခံရတယ်။ ဒီကွန်မင့်က တော်သေးတယ်။ လိင်ဆွဲဆောင်ဆေးတို့ ညစ်ညမ်းကော်ဖီတို့ စတာတွေသတိထားဖို့ရေးရင်လည်း အပြစ်တော်တင်ခံရတယ်။ တချို့က ရစရာမရှိအောင် ပြောကြတယ်။

အနုမြူလက်နက်ရှိပြီးနိုင်ငံ ယူအက်စ်အေ၊ ရုရှား၊ ယူကေ၊ ပြင်သစ်နဲ့ တရုပ်တို့ကို တရားဝင်စာရင်းလို့ ရေတွက်တယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အစ္စရေးလ်တို့ကလည်းပိုင်ထားပြီ။ နောက်ဆုံးက မြောက်ကိုရီးယား။ အီရန်ကတော့ ကြိုးစားနေတုန်း။ အနုမြူအကြောင်း ကျောင်းစာထဲမှာပါတယ်။

မူးယစ်ဆေးဆိုတာ ထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ သုံးစွဲသူတွေပြီးမှသာ ဥပဒေနဲ့ဆိုင်သူတွေနဲ့ ကျန်းမာရေး ဆိုင်ရာတွေက နောက်ကနေလိုက်ကြရတာ။ ဆရာဝန်တွေကနေ လူနာကိုပေးတဲ့ဆေးတွေကို အကြံအဖန် လုပ်ကြ၊ ရောင်းကြ၊ ဖြန့်ကြ၊ သုံးစွဲကြတာလဲ သူတို့ပဲ။ ဥပမာ အဖက်ဒရင်းခေါ်တဲ့ ပန်းတာ၊ အလာဂျီနဲ့ ရှော့ခ်ကိုကုသတဲ့ဆေးကို တနည်းတဖုံလုပ်တော့ စိတ်ကြွဆေးဖြစ်လာရော။ အရင်က ဘီပီအိုင်ထုတ် ကော်မက်သာဇင်းလည်း ရပ်လိုက်ရတယ်။

သင်္ကြန်တွင်းကျ လူလုံးမလှ ယူကြုံးမရမဖြစ်ရအောင်စာကို သောင်းဂဏန်းကဖတ်ကြတယ်။ သင်္ကြန်တခါမှာ မိန်းကလေး တယောက်ကို ဒုက္ခမရောက်အောင် ကူညီရာကျတယ်ဆိုရင် ဆရာလုပ်သူတွေ ဆုံးမသူတွေပြောတာ ခံရကျိုးနပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး