Tuesday, January 30, 2018

Remark by Saya Tin Moe ဆရာတင်မိုး မှတ်ချက်

ကျွန်တော် မြန်မာစာသတ်ပုံအကြောင်းရေးပေမဲ့ ဆယ်တန်းနဲ့ ဆေးကျောင်းဒုတိယနှစ်အထိသာ မြန်မာစာသင်ခဲ့ရတယ်။ ဆေးကျောင်းအတန်းကြီးကစပြီး အပြင်စာအဖတ် နည်းခဲ့ရတယ်။ အလုပ်ထဲရောက်တော့လည်း နည်းတာပဲ။ နိုင်ငံရေးထဲ ရောက်တော့ ခဏနဲ့ပြည်ပထွက်ရတယ်။ အပြင်မှာ မြန်မာစာအုပ်ကရှား၊ သူများတွေကို ပြန်ပြောနိုင်အောင် အင်္ဂလိပ်လိုတွေသာဖတ်၊ အင်္ဂလိပ်လိုသာရေးရတော့တာမို့ မြန်မာစာနဲ့ အလှမ်းပိုဝေးလာခဲ့တယ်။

ပြည်ပမှာ မြန်မာလို စာအုပ်တွေထုတ်ကြပါတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့တောင် တင်စားခံရသေးတယ်။

စစ်အစိုးရတက်လာတော့ မူရင်း မြန်မာသတ်ပုံတွေကို ပြောင်းစေလိုက်တယ်။ ကျွန်တော့်စာတွေကို စာအုပ် ထုတ်ပေးချင်တဲ့ ထုတ်ဝေသူတယောက်နဲ့ စကားပြောဘူးတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပါ။ အေးဗျာ ကျွန်တော့် နာမည်ရင်းနဲ့ဆို ပုံနှိပ်ခွင့်ရမှာမဟုတ်ဘူး။ ကျွန်တော်က စာရေးဆရာမဟုတ်တော့ ကလောင်နာမည်လည်းမရှိပါ။ ဒါနဲ့ နာမည်ဝှက်တခု ရွေးပေးတယ်။ သတ်ပုံတွေကိုလည်း အစိုးရခွင့်ပြုတာနဲ့သာ ရိုက်မှာလည်းသိပါတယ်။ လုပ်ပေါ့ဗျာ။ ထွက်လာရင် အောင့်သက်သက်နဲ့ဖတ်ရမှာပေါ့လို့ ပြောလိုက်ပါတယ်။ စာအုပ်မထုတ်ဖြစ်လိုက်ပါ။

ဒေလီကို ဆရာတင်မိုးလာစဉ်က လူငယ်တယောက်ကနေ မေးတယ်။ ဆရာ့ အပြင်မှာ ထုတ်ဝေနေတဲ့ စာအုပ်တွေကို ဘယ်လိုသဘောရပါသလဲဆရာ။ ဆရာတင်မိုးက ပြန်ဖြေတယ်။ ကောင်းပါတယ်။ စာရွက်သား၊ မင်ကျမင်န၊ စာပုံနှိပ်တာတွေတဲ့။ သတ်ပုံကို ဆရာကထည့်မပြောပါ။ မပြောတာက ပိုပြီးကြီးလေးတယ်။

ပုံထဲမှာ ၂ဝဝဝ ပြည့်နှစ်က နယူးဒေလီကို ဆရာတင်မိုးလာစဉ်က အမှတ်တရ။ ကျွန်တော်နဲ့ နာဂအမျိုးသား ဦးစောစ။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၅
၁-၂-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

သစ္စာဆောင်

တမြန်နှစ်က ဒီလိုနေ့မှာ လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်ပါတယ်။ လုံခြုံရေးအတွက် မီးရှို့ ဖျက်ဆီးတာမခံရပဲ ချန်ထားတာလေးေ...